Home သတင်း နယ်ခြား‌စောင့်တပ် အရာရှိစီးလာသည့်ကား ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံရ

နယ်ခြား‌စောင့်တပ် အရာရှိစီးလာသည့်ကား ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံရ

1705

‌ဖေ‌ဖော်ဝါရီ ၄ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

‌ကော့ကရိတ်မြို့နယ် မြဝတီ-‌ကော့ကရိတ် ကားလမ်း‌ဟောင်း‌ပေါ်ရှိ ‌ရွှေ‌ညောင်ပင်‌နေရာတွင် ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၂ရက်‌နေ့ ည‌နေ ၄နာရီအချိန်ခန့်က ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် အမှတ်(၁၀၁၆)တပ်ရင်းမှူးနှင့်အဖွဲ့ စီးနင်းလာ‌သောကားကို ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်ဟု အမည်မ‌ဖော်လိုသူ BGF အရာရှိတစ်ဦးက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

နယ်ခြား‌စောင့်တပ် BGF အမှတ်(၁၀၁၆)တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူးစိုးစိုး အပါအဝင် တပ်သား ၁ဝဦး စီးနင်းလိုက်ပါလာ‌သော ကားကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်ဦးတစ်‌ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်းမရှိ‌ကြောင်း

“‌တောင်သုံးလုံးက‌နေ ‌ကြောင်လျှာကုန်းအပြန် တံတားညီ‌နောင်မ‌ရောက်ခင် အ‌ကွေ့တစ်ခုမှာ တိုက်ခိုက်ခံရတာပါ။ ပထမမိုင်းက မကွဲ‌တော့ ကား‌ကျော်သွားပြီးမှ ဒုတိယမိုင်းကွဲတယ်။ ပြီးရင် လက်နက်ငယ်နဲ့ပစ်ပြီး ‌ပြေးတယ်။ ကားက လက်နက်ငယ် နှစ်ချက် ထိတယ်။ လူ‌တွေ‌တော့ ဘာမှမဖြစ်ဘူး״ဟု ၎င်းအရာရှိက ‌ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ရက်‌နေ့ကလည်း BGF တပ်ရင်း(၁၀၁၇)နှင့် အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် DKBA တို့ ‌ကောင်းမှု ‌ကျေးရွာအနီး ပစ်ခတ်မှုဖြစ်ပွားခဲ့‌သော်လည်း ယခု BGF အရာရှိကား ဆွဲမိုင်းဖြင့်တိုက်ခိုက်မှုမှာ ၎င်းတို့နှင့် မသက်ဆိုင်‌ကြောင်း တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA က ‌ဖေ‌ဖော်ဝါရီ ၃ရက်‌နေ့စွဲဖြင့် သတင်းထုတ်ပြန်ကာ ငြင်းဆို ထားသည်။

DKBA မှ ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က “အခုဖြစ်တဲ့ ‌နေရာအနီးတဝိုက်‌တွေမှာ BGF နဲ့ အစိုးရတပ် ခပ်စိပ်စိပ်ရှိတဲ့‌နေရာ‌တွေ ဖြစ်တယ်။ BGF စစ်‌ကြောင်း ၅‌ကြောင်းနဲ့အထက်က ကျ‌နော်တို့ကို ပိုက်စိပ်တိုက်ရှာ‌နေတဲ့အချိန်လည်း ဖြစ်တယ်။ ကျ‌နော်တို့နဲ့ ပစ်ခတ်မှုဖြစ်တာ မကြာ‌သေးလို့ စစ်‌ရေး သတိရှိတဲ့အချိန်မှာ ကျ‌နော်တို့ ဘယ်လိုမှဝင်တိုးလို့ မရနိုင်ဘူး။ ဝင်ရင်လည်း ပြန်ထွက် ဖို့ မလွယ်ဘူး။ ဒီလိုဖြစ်တာ အမျိုးသားအချင်းချင်း နာကျည်းမှုဖြစ်‌အောင် ဖန်တီး‌နေတယ်လို့ ယူဆတယ်״ဟု ‌ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် အနီးတဝိုက်တွင် မြန်မာအစိုးရတပ် စကခ(၁၂) လက်‌အောက်ခံတပ်နှင့် နယ်ခြား‌စောင့်တပ်-BGF တပ်ရင်း(၁၀၁၆)၊ (၁၀၁၇)တို့ ပူး‌ပေါင်းလှုပ်ရှားရာ‌နေရာဖြစ်ပြီး အခြား‌သော ကရင်လက်နက်ကိုင်‌ပေါင်းစုံ လှုပ်ရှားသည့်‌နေရာ လည်း ဖြစ်သည်။ ထိုသို့ မကြာခဏဖြစ်ပွားသည့် ပစ်ခတ်မှုများ‌ကြောင့် ‌ဒေသခံများအ‌နေဖြင့် စစ်‌ဘေးဒဏ်ခံ‌နေရဆဲဖြစ်သလို ပစ်ခတ်မှုဖြစ်ပွားရခြင်းနှင့်ပတ်သက်ပြီး လက်နက်ကိုင်များ အချင်းချင်း အပြန်အလှန် ပြစ်တင်‌ပြောဆိုမှုများ ရှိ‌နေဆဲဖြစ်သည်။

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့အ‌ရှေ့ဘက်ခြမ်း ‌ကော့ကရိတ်-မြဝတီ အာရှလမ်းသစ် ကရင်တိုင်းရင်းသား လက်နက်ကိုင်များ ၏ စု‌ပေါင်းဂိတ်တွင် မြန်မာအစိုးရစစ်တပ်နှင့် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)တို့ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂ရက်‌နေ့ တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့်ချိန်မှစ၍ ယင်း‌ဒေသအနီးတဝိုက်တွင် မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွား‌လေ့ရှိသည်။