(မန်းမင်းရဲထွေး)
ဒုက္ခသည်ဆိုသည်မှာ
ဒုက္ခ၏ အနက်အဓိပ္ပ္ပယ်မှာ ဆင်းရဲခြင်းဖြစ်သည်။ ဒုက္ခသည်ဆိုသည်မှာ ဆင်းရဲသူ၊ ဆင်းရဲသားများဖြစ်သည်။ ဆင်းရဲခြင်းများတွင် ဥစ္စာ။ ပညာမရှိ၍ ဆင်းရဲခြင်း၊ နေစရာအိုးအိမ်မရှိ၍ ဆင်းရဲခြင်း စားစရာမရှိ၍ ဆင်းရဲခြင်း၊ ဝတ်စရာခြုံစရာမရှိ၍ ဆင်းရခြင်း၊ သဘာဝဘေးအန္တရာယ်ကြောင့် စားစရာ၊ ဝတ်စရာ၊ နေစရာမရှိ၍ ဆင်းရဲခြင်း၊ အစာရှားသော မင်း(အစိုးရ)မှုထမ်းတို့၏ မတရား နှိပ်စက်ကလူ ပြုမူမှုကြောင့် ဆင်းရဲခြင်း၊ နယ်မြေဒေသ အေးချမ်းလုံခြုံမှုမရှိဘဲ သူခိုးဓါးပြရန်တို့ကြောင့် ဆင်းရဲရောက်ခြင်း၊ စစ် ဘေးစစ်ရွာကြောင့် မိမိနယ်မြေကို စွန့်ခွါကာ ထွက်ပြေးတိမ်းရှောင်းရ၍ ဆင်းရဲခြင်းတို့ရှိပေရာ ဆင်းရဲခြင်း အကြောင်းတရားများ ကို စိစစ်ဝေဖန်လိုက်ပါလျှင် မိမိကိုယ်တိုင် လုံ့လဝီရိယနည်းပါး၍ ဆင်းရဲရခြင်းထက် တခြားပယောဂကြောင့် ဆင်းရဲခြင်းက ပို၍ များသည်ကို တွေ့ရှိရပေသည်။
ဆင်းရဲဒုက္ခရောက်သူ ဒုက္ခသည်(Refugee) ၏ အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်မှာလည်း
A person who has been forced to leave their country in order to escape war, persecution or natural disaster
စစ်ဘေးစစ်ဒဏ်
မတရားသော မင်းမှုထမ်းနှင့် သူခိုးဓါးပြတို့၏ ဖိစီးနှိပ်စက်မှုဒဏ်နှင့် သဘာဝဘေးအန္တရာယ်တို့မှ ကင်းလွတ်ရန် အလို့ငှါ ၎င်းတို့၏ စားဝတ်နေရေးအတွက် တိုင်းပြည်မှ ထွက်ပြေးတိမ်းရှောင်သူများကို ဒုက္ခသည်များဟု သတ်မှတ်သည်။
ထို့ကြောင့် ဒုက္ခသည် (၃)မျိုးတွင်
(၁) စစ်ဘေးဒဏ်မှ လွတ်မြောက်ရန် မိမိနေရပ်မှ တိမ်းရှောင်သူ
(၂) မတရားသော မင်းမှုထမ်းနှင့် သူခိုးဓါးပြတို့၏ ဖိစီးနှိပ်စက်မှုဒဏ်မှ ကင်းလွတ်ရန် မိမိနေရပ်မှ တိမ်းရှောင်သူ
(၃) မီးဘေးရေဘေး ငလျင်ဘေး မုန်တိုင်းဘေးမှ ကင်းလွတ်ရန် မိမိနေရပ်မှ တိမ်းရှောင်သူ ဟူ၍ တွေ့ရပေသည်။
သဘာဝဘေး အန္တရာယ်ဖြစ်သော နံပါတ်(၃) ဘေးအန္တရာယ်သည် လူပုဂ္ဂ္ဂိုလ်အဖွဲ့အစည်းကို ပုံချ၍ မရသော်လည်း နံပါတ်(၁)နှင့် (၂)ဖြစ်သော ဘေးအန္တရာယ်ကို လူပုဂ္ဂိုလ်အဖွဲ့အစည်းကိုပင် လက်ညှိုထိုး၍ ပုံချရမည်ဖြစ်ပေသည်။ သဘာဝဘေးအန္တရာယ်ဖြစ် ၍ ဆင်းရဲဒုက္ခရောက်နေသော ဒုက္ခသည်များကို အချိန်မီ မကူညီ၊ မစောင့်ရှောက်ခဲ့လျှင်လည်း လူပုဂ္ဂိုလ်အဖွဲ့အစည်းကို လက် ညှိုးထိုး ပုံချရပေလိမ့်မည်။
မြန်မာနိုင်ငံနှင့် ဒုက္ခသည်များ
မြန်မာနိုင်ငံသည် ၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဝါဒစနစ်ရေးရာနှင့် တိုင်းရင်းသားလူမျိုးစုတို့၏ ရပိုင်ခွင့်များ ဆုံးရှုံးခဲ့ရခြင်း ကြောင့် ပြည်တွင်းစစ် ပဋိပက္ခများ တောက်လောင်ခဲ့သည်မှာ ယနေ့ထိဖြစ်ပေသည်။ ထို့ကြောင့် စစ်ဘေးရှောင်ဒုက္ခသည်များ မြန်မာပြည်တဝှမ်းတွင် ရှိ၍နေသည်။ စစ်ဘေးဒဏ်ကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရသော ဒုက္ခသည် အရေအတွက် မှာ မနည်းလှပေ။ ကုလသမဂ္ဂ UNHCR စာရင်းအရ မြန်မာနိုင်ငံတွက် ၅၀၃,၀၀ဝခန့် ရွှေ့ပြောင်းနေထိုင်ရလျက်ရှိသည်ဟု ဆို၏။ ယနေ့မျက်မှောက်တွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ် တနသင်္ာရီတိုင်းနှင့် ရခိုင် ပြည်နယ်တို့ရှိ တိုင်းရင်းသား စစ်ပြေးဒုက္ခသည်တို့၏ အရေအတွက်မှာ မြင့်သထက်မြင့်လျက်သာရှိသည်။ NCA လက်မှတ်ထိုး သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနယ်မြေထဲသို့ စစ်ပြေးရှောင် ဒုက္ခသည်များအတွက် ပြန်လည်ဝင်ရောက်လာရေး ကို ငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်သည်။
ဒုတိယ ဒုက္ခသည်မျိုးဖြစ်သော (persecutions) ဖိစီးနှိပ်စက်ခံရမှုကြောင့် ထွက်ပြေးတိမ်းရှောင်ကြရသော ဒုက္ခသည်များ၏ အရေအတွက်ကို ဖော်ပြ၍မရသော်လည်း ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်း စစ်အာဏာရှင်စနစ်ကြောင့် ထွက်ပြေး တိမ်းရှောင်သူများမှာ တတိယနိုင်ငံတွင် ခိုလှုံခွင့်ရပြီး နိုင်ငံသားခံယူခွင့်ရ၏ မြန်မာနိုင်ငံသားများ မဟုတ်တော့ပြီး ဖြစ်သဖြင့် အမိနိုင်ငံသို့ နိုင်ငံသားဖြစ်ခွင့်ကို စွန့်လွှတ်ကြရတော့သည်။ တစ်ချို့လည်း ဒုက္ခသည်စခန်းများတွင် ရှိမြဲရှိနေကြသည်။
မတရားသော ဥပဒေများဖြင့် ညှင်းပမ်းနှိပ်စက်အုပ်စိုးမှုကြောင့် တိုင်းပြည်၏ စီးပွားရေးချွတ်ချုံကျခြင်း အခြေခံလူတန်းစားများ ပညာရေး၊ စီးပွားရေး၊ လူမှုရေး နိမ့်ကျခြင်း၊ အစိုးရမင်းများနှင့် ခရိုနီများ၏ မြေသိမ်းယာသိမ်းမှုကြောင့် လယ်ယာလုပ်သားများ လယ်မဲ့ယာမဲ့ဖြစ်ခြင်း၊ တရားဥပဒေစိုးမိုးမှုမရှိ၍ အကျင့်ပျက်ချစားမှုနှင့်အတူ လောင်းကစားမှုများ ထူပြောလာပြီး ပြည်သူအများ အကျင့်စရိတ္တ ပျက်ယွင်းခြင်း၊ အမျိုးသားပညာရေးစနစ် မှားယွင်းမှုကြောင့် တတ်သိပညာရှင်များ မပေါ်ထွန်းခြင်း၊ အာဏာရှင် စစ်အစိုးရ အသိုင်းအဝိုင်းက လက်ဝါးကြီးအုပ် ကြီးစိုးချုပ်ကိုင်မှုကြောင့် ၈၀% သော ပြည်သူများ ဆင်းရဲတွင်းနက်ရခြင်း၊ မိမိနေ ထိုင်ရာ နယ်မြေဒေသတွင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ အလုပ်အကိုင်ရသော်လည်း၊ ရသည့်ဝင်ငွေနှင့် ဘဝရပ် တည်ရန် ခက်ခဲခြင်း၊ လယ်ယာလုပ်ကိုင်စားသောက်သူများ အရင်းအနှီးမရှိ၍ ချေးငှားပေါင်နှံရာမှ လယ်မဲ့ယာမဲ့ဖြစ်ရခြင်း၊ ထိုထို သော မည်းညစ်သည့်အကြောင်းများကြောင့် နေရာစွန့်ခွါ၍ တိုင်းတစ်ပါးသို့ ထွက်ခွါအလုပ်လုပ်ကြရသော ဒုက္ခသည်များမှာ သန်းချီစွာရှိသည်။ သူတစ်ပါးနိုင်ငံတွင် အကာအကွယ်မဲ့စွာဖြင့် မတရားသော လုပ်ခလစာနှင့် မတရားသော အလုပ်သမား စည်း မျဉ်းဥပဒေ၊ မတရားသော ဖိနှိပ်ချုပ်ချယ်မှုတို့နှင့် ကျန်ရစ်သော မိဘညီအစ်ကိုမောင်နှမတို့အတွက် အနစ်နာခံပေးဆပ်၍ ဘဝရှင် သန်ရပ်တည်မှုအတွက် ရုန်းကန်လှုပ်ရှားနေကြရသည်။
မင်းဆိုးမင်းညစ်တို့၏ ဖိနှိပ်အုပ်ချုပ်မှုကို တော်လှန်သော သူရဲကောင်းပြည်သူများတစ်ချို့ သေပျောက်ပျက်စီးကြရပြီး တချို့နှစ် ရှည်လများ ထောင်သွင်း အကျဉ်းကျခံရသည်။ ကျန်ရစ်သူ မိသားစုအသိုင်းအဝိုင်းတို့ကိုလည်း လုပ်စားကိုင်စား၍ မရအောင် နည်းအမျိုးမျိုးဖြင့် လိုက်လံနှောက်ယှက် တားဆီးပိတ်ဆို့သည်။ အစိုးရဝန်ထမ်းဖြစ်ခဲ့လျှင် အလုပ်ဖြုတ်ခံကြရသည်။ တချို့လည်း နယ်စပ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ပြီး ဒုက္ခသည်စခန်းတွင် အခြေချ နေထိုင်ကြရသည်။ ၎င်းတို့သည် မင်းဆိုးမင်းညစ်တို့၏ စနစ်ဆိုးကြောင့် ထွက်ပြေးတိမ်းရှောင်ကြရသော ဒုက္ခသည်များ ဖြစ်ကြသည်။
ထိုင်းနိုင်ငံရှိ မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်းတွင် ပထမနှင့် ဒုတိယ အမျိုးအစား ဒုက္ခသည်များ သိန်းချီ၍ ရှိနေသည်။
သဘာဝဘေးအန္တရာယ်
မြန်မာနိုင်ငံတွင် ထူးခြားလတ်ဆတ်သော သဘာဝဘေးအန္တရာယ်ကြီး ကျရောက်ခဲ့ဘူးသည်။ ၂၀၀၈ နာဂစ်မုန်တိုင်းနှင့် ၂၀၁၅ ရေဘေးအန္တရာယ်တို့သည်။ ယနေ့ မြန်မာပြည်သူအဖို့ မစိမ်းလှသော သဘာဝဘေးအန္တရာယ်များ ဖြစ်သည်။
၂၀၀၈ မေလ(၂)ရက်တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းရှိကြောင်း ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ ပြည်သူများ အလူးအလဲ ခံစားခဲ့ရသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံးလည်း ဖွတ်ဖွတ်ညက်ညက် ချေဖျက်ခြင်း ခံလိုက်ရသည်။ အနည်းဆုံး လူပေါင်း ၁၃၀,၀၀ဝခန့်သေဆုံးပြီး ၂.၄သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ၂၀၀၄ ဒီဇင်ဘာတွင် ဖြစ်ပွားခဲ့သည့် ဆူနာမီငလျင် ဘေးပြီးလျှင် အာရှတွင် အဆိုးရွားဆုံး သဘာဝကပ်ဘေးဆိုးကြီး တစ်ခုဖြစ်ခဲ့ရသည်။ နာဂစ်ကြောင့် သေဆုံးသူများထဲတွင် ၄၀%ခန့်မှာ ကလေးလူငယ်များဖြစ်ကြသည်။
သဘာဝဘေးဆိုးကြီးအတွက် နိုင်ငံတကာက အထောက်အပံ့ပေးရန် ကမ်းလှမ်းသော်လည်း စစ်အစိုးရက ကမ်းလှမ်းလာသမျှကို ရက်စက်စွာ ပယ်ချခဲ့သည်။ US စစ်ဆင်ရေးသဘေင်္ာ USS Essex က အကူအညီပေးရန် မြန်မာနိုင်ငံတောင်ဘက် ကမ်းရိုးတန်း အနီးတွင် ဆိုက်ကပ်ထားသည်။ ပြင်သစ်ရေတပ်သဘေင်္ာ le Mistral လည်း အသင့်စောင့်ဆိုင်းနေခဲ့သည်။ ရေဂါလံပေါင်း သောင်းချီသည့် ရေသန့်များ လူနာတင်ယာဉ်များ အရပ်ကားများ၊ ဆေးတပ်ဖွဲ့များသည်း USS Essex သဘေင်္ာကြီးပေါ်တွင် ပါလာပြီး ပြင်သစ်သဘေင်္ာကြီး Le Mistral ကလည်း လူသောင်းချီပြီး နှစ်ပတ်ခန့်ကျွေးနိုင်သည့် အစားအစာများ တန်ထောင်ချီ ပါလာသည်။ ထို့အပြင် အိုးမဲ့အိမ်မဲ့များ နားခိုရန် ရွက်ဖျင်တဲများလည်း အသင့်ပါလာခဲ့သည်။ မြန်မာစစ်အစိုးရထံမှ မည်သည့် အကြောင်းပြန်ကြားချက် မရရှိသဖြင့် သဘေင်္ာကြီးများ ပြန်လည်ထွက်ခွါသွားခဲ့ကြသည်။ မြန်မာနိုင်ငံမှ လူသားချင်းစာနာပြီး ကူညီထောက်ပံ့မှုပြုသူများလည်း အချို့မှာ အဖမ်းခံကြရပြန်သည်။
မုန်တိုင်းကြောင့် သေဆုံးသူဦးရေမျှမကတော့ဘဲ မုန်တိုင်း၏ နောက်ဆက်တွဲ ကူးစက်ရောဂါကြောင့် သေဆုံးခြင်း၊ အစာရေစာ ပြတ်လပ်၍ သေဆုံးခြင်းတို့ကြောင့် သေဆုံးသူဦးရေ များပြားခဲ့ရခြင်းဖြစ်သည်။ မြန်မာ့အလင်းသတင်းစာက မုန်တိုင်းကြောင့် စိုး ရိမ်စရာမလိုကြောင်း၊ ငတ်မှာလည်း မပူရကြောင်း၊ လယ်သမားများ သောက်သုံးရန် ရေအလုံအလောက်ရှိပြီး ညအချိန်တွင် ဖား ရိုက်ကာ စားနိုင်ကြကြောင်း တုံ့ပြန်ရေးသားခဲ့ကြသည်။
စစ်အစိုးရက နိုင်ငံတကာ အကူအညီကို ထိတ်လန့်သံသယရှိပြီး နိုင်ငံခြားကူညီသူများဝင်လာလျှင် ပြည်တွင်းတက်ကြွလှုပ်ရှား သူများက စစ်အစိုးရကို တော်လှန်ပုန်ကန်မှာကို ကြောက်ရွံ့သဖြင့် နိုင်ငံတကာအကူအညီကို လက်မခံခဲ့ခြင်း ဖြစ်သည်။ ထို့ ကြောင့် နာဂစ်မုန်တိုင်းဒဏ်ခံ ဧရာဝတီမြစ်ဝကျွန်းပေါ်သားများသည် လူသိန်းချီ သေပျောက်သည်ပင်မကဘဲ ဆားငံရေဝင် လယ်ယာများကို စိုက်ပျိုးလုပ်ကိုင်၍ မရခြင်းကြောင့် စီးပွားရေးချွတ်ခြုံကျကာ မြို့ကြီးများသို့ ရွှေ့ပြောင်းနေထိုင်လာကြရင်း ကြုံရာ၊ ကျရာ မြေနေရာများတွင် တဲထိုးနေထိုင်ကာ မိသားစုအရေးကို ကျဘမ်းအလုပ်များဖြင့် ဖြေရှင်းလုပ်ကိုင်ကြရသည်။ ယခု ကျူးကျော်နေထိုင်သူများကို ရှင်းလင်းဖယ်ရှားလျက်ရှိရာ အများစုမှာ မြစ်ဝကျွန်းပေါ်မှ နာဂစ်မုန်တိုင်းဒုက္ခသည်များ ဖြစ်ကြပေ သည်။
လက်ရှိ စာရင်းဇယားအရ ရန်ကုန်မြို့ပေါ်တွင် ကျူးကျော်အိမ်ပေါင်း လေးသောင်းကျော်ရှိပြီး လူဦးရေအရ ငါးသိန်းကျော်ရှိသည် ဟု သိရသည်။ ထိုကျူးကျော်ဒုက္ခသည်များသည် ယခင်စစ်အစိုးရ၏ ဆိုးမွေကို ခံစားရသူများ ဖြစ်ပေသည်။
နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းရှိ ပြည်သူများ ယနေ့တိုင် ဒုက္ခအတော မသတ်နိုင်သေးသော်လည်း နာဂစ် ကြောင့် ကြီးပွားချမ်းသာသူများလည်း ရှိသည်။ နောက်ကျမှ ရောက်လာသော နိုင်ငံတကာ အကူအညီမှ ကောင်းပေ့၊ညွှန့်ပေ့ ပစ္စည်းများကို စစ်အစိုးရအရာရှိများထံ ဆက်သပြီးမှ ဒုက္ခသည်များဆီ ရောက်ကြရသည်။ ၂၀၀၈ နာဂစ်မုန်တိုင်းအပြီး မေလတွင် ရန်ကုန်၌ ကျင်းပသည့် အလှူရှင်များ ညီလာခံတစ်ခုတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်အား ပြန်လည်ထူထောင်နိုင်ရေးအတွက် နိုင်ငံ တကာမှ ဒေါ်လာ ၁၁.၇ ဘီလီယံခန့် အထောက်အပံ့ပေးရန် တောင်းခံခဲ့သည်။
ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အပ်နှင်းခြင်းခံရသည့် ကုမ္ပဏီများမှာ စစ်အစိုးရနှင့် အလွမ်းသင့်သည့် ထူးထရေးဒင်းနှင့် အေးရှားဝေါလ်တို့ဖြစ်သည်မှာ အံ့ဩစရာ မဟုတ်ပေ။ တေဇ၏ ထူးထရေးဒင်းကုမ္ပဏီသည် စစ်အစိုးရလက် ထက် စွမ်းအင်ဝန်ကြီး ဗိုလ်ချုပ်လွန်းသီ၏ ညွှန်ကြားအုပ်ချုပ်မှုအောက်တွင် ကွမ်းခြံကုန်းမြို့နယ်၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ရရှိလိုက်သည်။ အေးရှားဝေါလ်ကုမ္ပဏီသည်လည်း ဘိုကလေးမြို့နယ်တွင်းရှိ ပျက်စီးသွားသောအိမ်များ၊ အစိုးရ အဆောက်အဦးများ၊ ကျောင်းများနှင့် အခြားလုပ်ငန်းပေါင်းများစွာကို ရရှိခဲ့သည်။ အေးရှားဝေါလ်ကုမ္ပဏီပိုင်ရှင် လော်စစ်ဟန်မိ သားစု၏ လုပ်ဆောင်မှုများသည် သစ်တောဝန်ကြီး ဗိုလ်ချုပ်သိန်းအောင် (ယခု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်)၏ စီမံခန့်ခွဲ မှုအောက်တွင် လုပ်ဆောင်ခဲ့ရသည်ဟု ဆိုသည်။
တကယ်တော့ နိုင်ငံတကာမှ နာဂစ် ကူညီထောက်ပံ့ရေးကို အသုံးချပြီး မူးယစ်ရာဇာနှင့် အခွင့်ထူးခံ ခရိုနီများကို ကယ်တင်ရှင်အ ဖြစ် ရှုမြင်စေရန် တစ်ချက်ခုတ် နှစ်ချက်ပြတ် ပုံဖေါ်ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။
၂၀၁၅ တွင် ဖြစ်ပေါ်ခဲ့သော ရေကြီးမြေပြိုမှုကြောင့် ဆင်းရဲဒုက္ခရောက်သူတို့၏ လက်သည်တရားခံမှာ ယခင် စစ်အစိုးရနှင့် ခရိုနီ တို့၏ အဆင်အခြင်မဲ့၊ တရားဥပဒေမဲ့ သစ်ခုတ်ခြင်း၊ သတ္တုတူးဖေါ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း အများပြည်သူတို့ သိရှိကြပြီးဖြစ် ပေမည်။
ဒုက္ခသည်များအပေါ် စာနာထောက်ထားခြင်း
ယခုတင်ပြသော ဒုက္ခသည်သုံးမျိုးမှာ အမှန်တကယ် ဆင်းရဲကာ အတိဒုက္ခရောက်သူများဟု သတ်မှတ်ယူရပေမည်။ ဒုက္ခသည် သုံးမျိုးစလုံးကို နိုင်ငံတော်က ကြီးမှူး၍ အများပြည်သူပါမကျန် ဝိုင်းဝန်း၍ မေးမကူညီရမည်မှာ နိုင်ငံသားတိုင်း၏ တာဝန်ပင် ဖြစ် သည်။ ဒုက္ခသည်မှန်သမျှ သူ့ဒုက္ခနှင့်သူ ရှိနေကြသည်ပင်။ သူတို့၏ဘဝ နလံပြန်ထူရေးကို အစိုးရက ဦးစားပေးတာဝန်အဖြစ် ဖြေရှင်းလုပ်ဆောင်ပေးခြင်းဖြင့် တိုင်းပြည်၏ ဂုဏ်ကိုမြှင့်တင်ပေးသင့်ပေသည်။
ဒုက္ခသည်စခန်းတွင် ရောက်နေသူများကို ပြည်တွင်းရော နိုင်ငံတကာကပါ ကူညီကြသဖြင့် နလံထ ရပ်တည်လာနိုင်ကြသော် လည်း ဒုက္ခသည်စခန်းတွင် မဟုတ်ဘဲ မြို့ကြီးများတွင် ကျူးကျော်တဲတို့၏ ဘဝဒုက္ခကို ဖြေရှင်းနေရသည့် ဒုက္ခသည်များအ တွက် လူသားချင်းစာနာဘို့ရန် စဉ်းစားဆောင်ရွက်သင့်လှပေသည်။ ထိုဒုက္ခသည် ကျူးကျော်များကို ဂရုဏာမထား အကာအ ကွယ်မပေးခဲ့လျှင် ထိုဒုက္ခသည်မှ မွေးဖွားလာသော ကလေးသူငယ်များမှာ ပညာမဲ့ဘဝနှင့်သာမက စာရိတ္တကောင်း ကင်းမဲ့သည့် ဆိုးသွမ်းလူငယ်များ လူမှုဝန်းကျင်တွင် များပြားလာမည်။ သို့ဆိုလျှင် ကိုယ်နေထိုင်သည့် ဝန်းကျင်သည် ငြိမ်းချမ်းနိုင်ပါ့မလား။ ဂျာနယ်များတွင် ဆိုးသွမ်းလုယက်၊ တိုက်ခိုက်မှုနှင့် ဒုစရိုက်များကို မကြာခဏ ဖတ်ရမည်။ တဘက်က ငြိမ်းချမ်းရေး ညီလာခံ ကျင်းပပြီး တစ်နို်င်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) ကို လက်မှတ်ရေးထိုးပြီး SSR.DDR လုပ်ငန်းများ ဆွေးနွေးနေကြ စဉ်မှာပင် တိုက်ပွဲများက ဆက်၍ဖြစ်နေသေးသဖြင့် (၈)ဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်။ ကျန်သည့်အဖွဲ့ နှင့် ဆက်၍ တိုက်နေခြင်းသည် မည်သို့သော ငြိမ်းချမ်းရေးကို ဆိုလိုပါသနည်း။
၂၀၁၆ ဇန်နဝါရီ (၁၂)ရက်၌ နေပြည်တော်တွင် ကျင်းပသော ညီလာခံတွင် တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့မှ တင်သွင်း သည့် စာတမ်းတွင် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်သူများ(IDPs) ဆိုင်ရာ အကျုံးဝင်သူများကို ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာ နယ်မြေအသီးသီးတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများအနေဖြင့် ၎င်းတို့၏ အသက်အန္တရာယ်ရှင်သန်ရပ်တည် ရေးအတွက် နေရာဒေသအား စွန့်ခွာ၍ လုံခြုံမှုရှိသော နယ်မြေအသီးသီးသို့ တိမ်းရှောင်ခိုလှုံလျှက်ရှိသူများအားလုံး အကျုံးဝင်ပါ သည်ဟု ဆိုထားသည်။
တပ်မတော်သားကိုယ်စားလှယ်မှ တင်သွင်းသော စာတမ်းဖြစ်၍ စစ်ရေးပဋိပက္ခနှင့်ဆိုင်သော ဒုက္ခသည်များကိုသာ ရည်ညွန်း ခြင်း ဖြစ်သည်။ ထိုဒုက္ခသည်များကိုသာ အကူအညီပေးမည်။ ကျန်ဒုက္ခသည် (၂)မျိုးကို အကူအညီမပေးနိုင်ဟု ဆိုထားသည်။ ကျန်ဒုက္ခသည်များကို ဟန်ပြဒုက္ခသည်များဟု ညွှန်းဆိုထားသည်။
တစ်ချို့ လုပ်စားဒုက္ခသည်များလည်း ရှိပါသည်။ မငြင်းဆိုဝံ့ပါ။ အစိုးရများတွင်လည်း တိုင်းပြည်အကျိုး ပြည်သူ့အကျိုးဆိုပြီး တစာစာ အော်ဟစ်ကာ ပြောဆိုဆောင်ရွက်နေသော်လည်း တိုင်းပြည်နှင့် ပြည်သူများ ဆင်းရဲဒုက္ခရောက်ကြပြီး ၎င်းတို့သာ အနေချောင်၊ အစားချောင် ကြီးပွားချမ်းသာကြသူများလည်း မရှိပါပကော။ တပ်မတော်သားအားလုံး၏ အကျိုးစီးပွားကို စွမ်း ဆောင်နေသော ဦးပိုင်လီမီတက်သည်လည်း ၎င်း၏ ဆိုစကားနှင့် ကိုက်ညီပါ၏လော။
လောကတွင် လူတော်လူကောင်းများရှိသကဲ့သို့ လူဆိုးလူယုတ်မာ လူလည်ပန်ကာများလည်း ရှိပေသည်။ ထိုမသူတော်တို့၏ရန် မှ ကာကွယ်ရေးအတွက် တရားဥပဒေများ ပြဌာန်းခြင်း၊ ပြဌာန်းထားသော တရားဥပဒေကို အသက်ဝင်အောင် ဆောင်ရွက်ရ ခြင်း၊ ဥပဒေဘက်တော်သားများအဖြစ် တရားသူကြီးရှေ့နေ ပြည်သူ့ရဲများကို ထားရှိရခြင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ် ရေးအတွက် စစ်တပ်ကို ထားရှိရခြင်းတို့သည် နိုင်ငံတစ်နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရသော နိုင်ငံရေးရာကိစ္စများ ဖြစ်ပေသည်။
နို်င်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆောင်ရာတွင် ဖော်ပြထားသော ဒုက္ခသည်သုံးမျိုးသုံးစားကို ခွဲခြမ်းစိတ် ဖြာ၍ ထိုဒုက္ခသည်များ၏ အရေးကိစ္စကို ထင်သာမြင်သာရှိအောင် ဦးစားပေးဆောင်ရွက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးတည်ဆောက် နေဆဲကာလတွင် “ဦးနင်းပဲ့ထောင် ပဲ့နင်းဦးထောင်” မဖြစ်ရလေအောင် စေတနာရှေ့ထားကာ ရေးသားတင်ပြလိုက်ရပါသည်။
မန်းမင်းရဲထွေး