ဆိုင်းမိုင်(မြစ်ကြီးနားဂျာနယ်၊ အယ်ဒီတာချုပ်)
မြန်မာပြည်မှာ မီဒီယာအမျိုးသမီးအခန်းက တော်တော်လေးကို အရေးပါနေပြီ၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ မီဒီယာဖွံ့ဖြိုးလာပြီး ဒီအလုပ်ယောက်ျားလေးတွေပဲ လုပ်ရတဲ့အလုပ်မဟုတ်ဘူး ။ မိန်းကလေးတွေလေးပါ တတတ်တအား ပါဝင်သင့်တယ်။ အမျိုးသမီးတွေပါဝင်လို့ ဘာတွေကောင်းလဲဆိုရင် ဋ္ဌာနဆိုင်ရာနဲ့ချဉ်းကပ်တဲ့အခါမှာကောင်းတယ်။ ပြီးရင်သူတို့ရဲ့ အိုင်ဒီယာတွေကယောက်ျားတွေနဲ့မတူဘူး ဂျာနယ်မှာတော်တော်များကြည့်လိုက် နိုင်ငံရေး၊ ဘောလုံး၊ စစ်ရေးအဲဒါတွေဘဲလူတွေက အရမ်းကို ဝမ်းနည်းစရာကောင်းတဲ့ သတင်းတွေဘဲအများဆုံးဖော်ပြကြတယ်ပေါ့။ အဲဒီလိုဆိုရင်လူတွေက ဖျော်ဖြေမှုတွေလိုတယ်။ အဲဒီဖျော်ဖြေမှုတွေက ဘယ်သူတွေပဲလုပ်လဲဆိုရင် အမျိုးသမီးတွေဘဲ ရေးတာများ တယ်။ အမျိုးသမီးအိုင်ဒီယာတွေကနူးညံ့တယ်။ အိမ်ရှင်မတွေရဲ့အကြိုက်ကိုသူတို့သိတယ်။ အမျိုးသမီး တွေရဲ့အခန်းကဏ္ဍဟာ အမျိုးသမီးစာဖတ်ပရိဿတ်တွေ ဘယ်လိုပုံစံကိုကြိုက်လဲဆိုတာ သူတို့ ကောင်းကောင်းနားလည်တယ်ပေါ့။ အမျိုးသမီးတွေအတွက် မှန်ကန်တဲ့နေရာမှာ ရပ်တည်သင့်တယ်။ ပြီးတော့အမျိုးသမီးတွေက သတင်းထောက်လုပ်ဖို့ ဘယ်လိုတွန်းအားတွေ လိုအပ်လဲဆိုရင် သူတို့ကို သူတို့ယုံကြည်ချက်ရှိဖို့နဲ့ မျှော်လင့်ချက်ရှိဖို့ ဝါသနာပါတဲ့အရာမှာ စွဲကိုင်ပြီးလုပ်ဖို့သင့်တယ်။
အမျိုးသမီးသတင်းထောက်တွေအပေါ်မှာ လုံခြုံမှုပေးဖို့ ပြီးရင် အမျိုးသမီးအတွက် လုံခြုံမှုပေးနိုင်တဲ့ ဥပဒေ မီဒီယာမှာ ထည့်သွင်းရေးဆွဲပေးဖို့ အမျိုးသမီးအတွက်လည်ကြည့်ပေးဖို့လိုပါတယ်။ လောလောဆယ်က အမျိုး သမီးတွက် ကာကွယ်မပေးတာထက် မြန်မာပြည်မှာရှိတဲ့ အမျိုးသမီးရော ယောက်ျားလေးရော ဘယ်ဟာကိုမှ မကာကွယ်ပေးနိုင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကယ်ပြုလုပ်တဲ့သူက ဒီဥပဒေကိုမသိဘူး။ ပြုလုပ်တဲ့ လူတွေက မီဒီယာLaw ကိုမသိဘဲ ခံရတဲ့လူတွေကဘဲ ဒီမီဒီယာLawကိုသိလို့မရဘူး။ ကိုယ့်ရဲ့အရင်းအမြစ် အစိုးရရော သေချာကိုင်တွယ်ပြီးလား အစိုးရရဲ့အောက်ခြေ ဝန်ထမ်းတွေ ဌာနဆိုင်ရာအားလုံး မီဒီယာ Law ကိုချပြပေးပြီလား သိသင့်တယ်ဆိုတာပြောပြီးလား ဆိုတာလိုပါတယ်။
———————
ဦးမြင့်ကျော် (မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်)
ကျနော်မြင်တာပေါ့လေ။ တိုင်းရင်းအမျိုးသမီးသတင်းထောက်တွေ နည်းတဲ့ အကျိုးသက်ရောက်မှုကတော့ အမျိုးသမီးတွေရဲ့ ကလေးတွေ၊ မိသားစုကိစ္စတွေ သူတို့တွေရဲ့ လုံခြုံရေးတွေ နောက်အမျိုးသားတွေနဲ့မတူတဲ့ သူတို့ရဲ့ ထိခိုက်နစ်နာတဲ့ဟာမျိုးတွေ မီဒီယာမှာ သိပ်ပြီးဖော်ပြတာ အားနည်းသွားတာမျိုးရှိတယ်။ ဒါဟာ ထိခိုက်မှုလို့ ကျနော်ထင်တယ်။ ဘာကြောင့်နည်းသလဲ ပြောရရင် ကျနော့်အမြင်မှာတော့ ပဋိပက္ခတွေရယ်၊ လုံခြုံမှု မရှိတဲ့ဟာတွေကြောင့် အမျိုးသမီးတွေ သတင်းထောက်လုပ်ဖို့ဝန်လေးကြတယ်။ ကိုယ့်ရဲ့ မိသားစုအသိုင်းအဝိုင်းက အားမပေးကြဘူး။ ဒါဟာ အန္တရာယ်များတဲ့အလုပ်၊ အမျိုးသားတွေတောင်မှ စစ်အစိုးရ လက်ထက်မှာ အန္တရာယ်များတဲ့အလုပ်။ အခုတော့ နည်းနည်းသက်သာလာပြီ။ သို့ပေမယ့်လည်း သွားရေးလာရေးခက်ခဲတယ်။ နောက်ပြီး လူမှုရေး ပဋိပက္ခလို၊ လက်နက်ကိုင်ပဋိပက္ခလိုမျိုး ကိစ္စတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးအန္တရာယ် ကျရောက်နိုင်ခြေများတဲ့အတွက် သူတို့ကို ပတ်ဝန်းကျင်ကရော၊ တစ်ဦးချင်းကရော၊ ဒီဟာလုပ်ဖို့ အားမပေးကြတော့ဘူး။
အမျိုးသမီးသတင်းထောက်တွေ များလာဖို့ဆိုတာက ပြည်ထောင်စု တစ်ခုလုံးအနေနဲ့ကော၊ တစ်နိုင်ငံလုံးအနေနဲ့ကော အမျိုးသမီးသတင်းစာဆရာအဖွဲ့အစည်းတို့လို အဲဒါမျိုးတွေ ပေါ်လာပြီးတော့ အမျိုးသမီးသတင်းထောက် ပိုပြီးတော့ များလာအောင် အားပေးရမယ်။ အမျိုးသားတွေလည်း အားပေးဖို့ လိုတာပေါ့နော်။ သတင်းစာဆရာ အမျိုးသမီးအဖွဲ့မျိုးပေါ်လာရင်တော့ စွမ်းဆောင်ရည်ပိုင်းတွေ၊ လေ့ကျင့်ရေး ပိုင်းတွေ၊ နောက် သူတို့တွေရဲ့ ပြဿနာ၊ လုံခြုံရေးတွေကို ဘယ်လိုဖြေရှင်းမလဲ၊ ဘယ်လိုရင်ဆိုင်မလဲ အဲလိုမျိုး ပြောပေးနိုင်၊ အားပေးနိုင်ရင် ဆိုရင်တော့ ပိုပြီးများလာနိုင်စရာရှိတယ်ပေါ့နော်။ ပြီးတော့ မီဒီယာဥပဒေတွေကို ရေးဆွဲတဲ့အခါမှာလည်း ပြဋ္ဌာန်းတဲ့အခါမျိုးမှာပေါ့နော်။ အမျိုးသမီးတွေပါဝင်လာနိုင်ရင် သူတို့နဲ့ဆိုင်တဲ့ အခန်းကဏ္ဍတွေကို ထည့်သွင်းနိုင်ရင် ပိုကောင်းတာပေါ့နော်။ အခုချိန်ထိ လုပ်တာမရှိသေးဘူး။ အဲဒါတွေလည်း လုပ်ဖို့ လိုအပ်တယ်လို့ ကျနော်ထင်တယ်။
———————
မြတ်နိုးသာ (ရခိုင့်အသံ အယ်ဒီတာချုပ်)
လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ဖို့က အမျိုးသားတွေဘဲ လုပ်လို့မရဘူး အမျိုးသမီးနဲ့အမျိုးသား တန်းတူယှဉ်တွဲပြီးအလုပ်လုပ်မှ ဖွံ့ဖြိုးတိုးတက်မယ်။ အဲဒါကြောင့်မို့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးသော်လည်းကောင်း၊ တိုင်းရင်းဒေသဖွံ့ဖြိုးတိုးတက်ရေးသော်လည်းကောင်း မီဒီယာက အခြေခံပါတယ်။ အဲဒီတွက်ကြောင့်သက်ဝင်လှုပ်ရှားတဲ့နေရာမှာ အမျိုးသမီးတွေက မီဒီယာအခန်းကဏ္ဍထဲမှာမပါဘူး ဆိုလို့ရှိရင် ကျမတို့လူ့အဖွဲ့အစည်း ဖွံဖြိုးတိုးတက်ဖို့က အတိုင်းအတာ တစ်ခုအထိမရောက်နိုင်ပါဘူး။ အမျိုးသားနဲ့အမျိုးသမီးတန်းတူယှဉ်တွဲပြီးတော့ လုပ်ဖို့လိုအပ်ပါတယ် ။ ကျမတို့မြန်မာနိုင်ငံရဲ့ ဓလေ့ထုံးတမ်းအရလို့ပြောလို့ရတဲ့ အမျိုးသမီးသတင်းထောက်တွေလုပ်ရင် ပတ်ဝန်းကျင်က မိဘဘိုးဘွားတွေက သတင်းထောက်အလုပ်ဟာ အမျိုးသမီးအလုပ်မဟုတ်ဘူး ။ အမျိုးသားအလုပ်တွေသာရှိတဲ့အတွေးအခေါ်က ရှိနေသေးတယ်။ နောက်တစ်ချက်က ကျမတို့အမျိုးသမီးတွေတွေဟာ အမျိုးသားတွေနဲ့အတူတူသွားလာတဲ့အခါမှာ မိဘမောင်နှမတွေက စိတ်မချတဲ့အပိုင်းမှာရှိတယ်။ တချို့ဆို အမျိုးသားတွေသွားလို့ရတဲ့နေရာမှာ အမျိုးသမီးတွေသွားလာလို့မရဘူး ။ လိင်အရခွဲခြားဆက်ဆံမှုရှိနေတဲ့အခါမှာ အတူတွဲပြီးသွားလို့မရတဲ့အခါရှိတယ်ဆိုတဲ့စိန်ခေါ်မှုတွေရှိတယ် ။ နောက်တစ်ချက်က လုပ်ခလစာ အမျိုးသမီးတွေက အမျိုးသားတွေထက်လုပ်ခလစာနည်းတယ်။ သတင်းတိုက်တွေမှာဆိုရင် အမျိုးသားတွေကပိုပြီးလစာများတယ်။ ဘာဖြစ်လို့လဲဆိုရင် သတင်းဂျာနယ်တိုက်တွေက အဓိကအခန်းကဏ္ဍရာထူးကြီးကြီးတွေယူလိုက်ရင်အမျိုးသားတွေဘဲ ဂျာနယ်တိုက်ပိုင်ရှင်တွေကလည်းအမျိုးသမီးတွေရာထူးကြီးကြီးမခန့်ဘူး။ အမျိုးသားတွေဘဲခန့်တဲ့ဟာရှိနေတယ်။ ကျမတို့ ရခိုင်မှာဆိုရင် ပါတီတွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေသော်လည်းကောင်း၊ တစ်ခြားမီဒီယာတွေအချင်းချင်းက ကျမတို့ဦးဆောင်နေတဲ့ ဂျာနယ်တိုက်ကို မလိုချင်ကြဘူး။ အပြတ်ချေမှုန်းချင်တာရှိတယ်။ ကျမတို့မှာ လိင်အရ ခွဲခြားဆက်ဆံနေတဲ့ ယဉ်ကျေးမှုဓလေ့က မပျောက်သေးဘူး။ အဲဒီအတွက် မီဒီယာတွေကိုကာကွယ်ဖို့ ဥပဒေကတော့ အမျိုးသမီးမှာရှိဖို့လိုအပ်သလိုအမျိုးသားမှာလည်းရှိဖို့လိုပါတယ်။
မိယဉ်စနိုင်း (မွန်ပြည်နယ်အခြေစိုက် အလွတ်သတင်းထောက်)
လက်ရှိ တိုင်းရင်းအမျိုးသမီးသတင်းထောက်တွေဟာ တကယ်လက်တွေ့သတင်းလိုက်တဲ့အချိန်မှာ အမျိုးသမီးတွေက မလုံခြုံမှုအပြင် ယောက်ျားလေးတွေနဲ့သွားပြီးယှဉ်လိုက်ရင် အခက်အခဲတော့ရှိတာပေါ့နော်။ တချို့ဆိုရင်ကိုယ်ဘဲသွားလို့မရဘူး။ တကယ်လို့ အုပ်စုနဲ့သွားရင်အမျိုးသားတွေနဲ့က သူတို့တွေအနေနဲ့ ပေးမသွားချင်ကြဘူး။ ဘာလို့လဲဆိုတော့အမျိုးသမီးတွေဆိုရင် ဥပမာတစ်ခုခု တစ်နေရာရာသွားမယ်ဆိုရင် နှောင့်နှေးတာတို့ သူတို့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုလို သူတို့မှာရှိတာပေါ့နော်။ အမျိုးသမီးသတင်းထောက် ရှိလို့သာ အမျိုးသမီးအကြောင်းအရာတွေကိုဖော်ထုတ်ရတာ လွတ်လပ်တယ်။ အမျိုးသားတွေဆိုရင် အမျိုးသမီးနဲ့ ပတ်သက်တာတွေကို ကောင်းကောင်းမွန်မွန် ဖော်ထုတ်နိုင်မှာမဟုတ်ဘူး။ ဌာနမှာ အမျိုးသမီး သတင်းထောက်ရှိမှ အမျိုးသမီးသတင်းတွေကို ဖော်ထုတ်နိုင်တာပေါ့ ။ တချို့သတင်းတွေကလည်း အမျိုးသားတွေလာရင်မပြောချင်ကြဘူး။ အမျိုးသမီးနဲ့မှ ပြောလို့ရနိုင်ပြောချင်စိတ်ရှိတဲ့အပိုင်းတွေ၊ တချို့မှာဆိုရင်အမျိုးသမီးတစ်ယောက်ထဲသွားတာထက် များများပါရင်ပိုပြီးတော့ ပြောချင်တာတွေ၊ အမှန်ကတော့ အမျိုးသမီးတွေ များများရှိဖို့လိုတာပေါ့။
အဲဒါကြောင့်မို့အမျိုးသမီးအခန်းကဏ္ဍကရှိဖို့သင့်တာပေါ့နော်။ နောက်တစ်ခုက အမျိုးသမီများလာဖို့အတွက်က ဘာတွေလိုအပ်လဲဆိုတော့ အခုနောက်ပိုင်းတိုင်းရင်းသူ အမျိုးသမီးငယ်လေးတွေက တချို့ကဘွဲ့ရပြီး ကျောင်းပြီးတာ ရှိတယ်။ နောက်ပြီးအဝေးသင်တွေတက်တာရှိတယ်။ နောက်ပြီး သူတို့ကသတင်းထောက်လုပ်ဖို့ စိတ်ဝင်စားလာတာတွေ့ရတယ်။ နောက်တစ်ခုက လစာပေါ့နော်။ သူတို့ကို ထောက်ပံ့ပေးနိုင်တဲ့ ထောက်ပံ့ကြေး ပေါ်မှာလည်း မူတည်တယ်။ ဥပမာသူတို့ရပ်တည်နိုင်တဲ့အဆင့်လောက်ဆိုရင်သူတို့ဝင်လုပ်မှာဘဲလေ။ ထောက် ပံ့ကြေးပေးနိုင်ရင်တော့ ကျမအနေနဲ့ အမျိုးသမီးသတင်းထောက်လုပ်မယ်။ လူပိုပြီးများလာမယ့်အနေထားတော့ရှိတာပေါ့နော်။
နောက်ဆုံးတစ်ခုက မီဒီယာ ဥပဒေထုတ်ပေးပြီးထားပါတော့ အမျိုးသမီးအတွက်ဘဲဖြစ်ဖြစ် အမျိုးသားအတွက် ဘဲဖြစ်ဖြစ် ဥပဒေပြင်ပြီး တကယ်လက်တွေ့ အသက်မဝင်ဘူးဆိုလည်း ဥပဒေကပြဋ္ဌာန်းထားတာ အလကားဘဲ ဖြစ်လာမှာပေါ့နော်။ တကယ်ထိထိရောက်ရောက်ကာကွယ်ဖို့ပြဋ္ဌာန်းပြီးတော့တကယ်ဘဲလက်တွေ့မှာ အသုံးချ နိုင်တဲ့ ဥပဒေမျိုးဖြစ်ရင်တော့ ကောင်းတာပေါ့နော်။ အခု အနေအထားတော့ သတင်းထောက်တွေကို ကာကွယ် ပေးတဲ့ဥပဒေရေရေရာရာ မရှိသေးပါဘူး။ ဒီဟာက အရမ်းလည်းအရေးကြီးပါတယ်။