Home ထိပ်တန်းသတင်း ကွန်ရက်အခိုင်အမာ တည်‌ဆောက်သွားရန် KSCN ဆုံးဖြတ်

ကွန်ရက်အခိုင်အမာ တည်‌ဆောက်သွားရန် KSCN ဆုံးဖြတ်

1488

‌ဖေ‌ဖော်ဝါရီ ၂ဝရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အတွင်းရှိ လူထုအ‌ခြေပြုအဖွဲ့အစည်း(CBO)များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်း(CSO)များ အတူတကွ လုပ်ငန်းပူး ‌ပေါင်း‌ဆောင်ရွက်နိုင်‌ရေးအတွက် ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ရက်(KSCN)ကို အခိုင်အမာ တည် ‌ဆောက်သွားရန် ‌ဖေ‌ဖော်ဝါရီ ၁၉ရက်‌နေ့က ဖားအံမြို့၊ အမှတ်(၅)ရပ်ကွက်၌ ပြုလုပ်သည့် KSCN ၏ လုပ်ငန်းစဉ်များ ညှှိနှိုင်း‌ရေး အစည်းအ‌ဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

ကရင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းများ ပါဝင်‌သော KSCN ကွန်ရက်သည် ကရင်ပြည်နယ် မြို့နယ် ၇ခုအတွင်း စွမ်းရည်မြှင့်တင် ‌ရေးဆိုင်ရာကိစ္စများ ‌ဆောင်ရွက်သွား‌ရေးနှင့် ကွန်ရက် အခိုင်အမာ တည်‌ဆောက်သွား‌ရေးတို့ကို အစည်းအ‌ဝေး တက်‌ရောက် သည့် ကိုယ်စားလှယ်များက ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ကွန်ရက် ဦး‌ဆောင်သူတစ်ဦးဖြစ်သည့် ‌စော‌ကျော်စွာက ‌ကေအိုင်စီ သို့ ‌ပြောသည်။

၎င်းက “KSCN ရဲ့ ရည်ရွယ်ချက်က ကရင်ပြည်နယ်မှာရှိတဲ့ CBO, CSO အဖွဲ့အားလုံး ခိုင်မာ‌သော ကွန်ရက်တစ်ခု တည်‌ဆောက် ဖို့ပါ။ ခိုင်မာကွန်ရက်ဖြစ်ဖို့က မြို့နယ်အသီးသီးရှိတဲ့ လူမှုအဖွဲ့‌တွေကို Capacity Building (စွမ်းရည်မြှင့်တင်‌ရေး)လုပ်‌ပေးမယ်။ ‌နောက်ပြီး အမျိုးသမီးမြှင့်တင်‌ရေးကဏ္ဍတစ်ခုလည်း လုပ်သွားဖို့ ရှိတယ်”ဟု ‌ပြောသည်။

ထိုသို့ ကွန်ရက်ခိုင်မာ‌အောင် ‌ဆောင်ရွက်သွားမည်နှင့်အမျှ KSCN အ‌နေဖြင့် မတ်လ သို့မဟုတ် ဧပြီလမှစ၍ ကရင်ပြည်နယ်ရှိ မြို့နယ် ၇ခုတွင် လူထုအကျိုးပြု စွမ်းရည်မြှင့်တင်‌ရေးကိစ္စများကို စတင် အ‌ကောင်အထည်‌ဖော်‌တော့မည်ဖြစ်ပြီး အမြင်ဖွင့်သင် တန်း၊ ဘဏ္ဍာ‌ရေးဆိုင်ရာသင်တန်း၊ ‌ခေါင်း‌ဆောင်မှုသင်တန်း၊ လုပ်ငန်းစဉ် မူဝါဒသင်တန်း၊ လုပ်ငန်းစီမံကိန်းဆိုင်ရာ အချက်အ လက်များ ‌ရေးဆွဲ‌ရေးသင်တန်း၊ လူငယ်နှင့် ငြိမ်းချမ်း‌ရေးဆိုင်ရာ အသိပွင့် အမြင်ဖွင့်သင်တန်းနှင့် အမျိုးသမီးကဏ္ဍ စသည်တို့ကို KSCN က လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း သိရသည်။

KSCN သည် ယင်းသို့ လုပ်ငန်းအ‌ကောင်အထည်‌ဖော်သွားနိုင်ရန် ပြီးခဲ့သည့် ၂၀၁၅ နိုဝင်ဘာလတွင် ODJ project (one step for Democratic and just-change) အဆိုပြုလွှာတစ်ခုအား ကုလသမဂ္ဂဖွံ့ဖြိုး‌ရေး အစီအစဉ် UNDP နှင့် သ‌ဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး တရားဝင် အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ရှိထားသည့် ငြိမ်း‌ဖောင်‌ဒေးရှင်းက KSCN အတွက် ‌ထောက်ခံအား‌ပေးမှု ပြု ထား‌ကြောင်း သိရသည်။

ငြိမ်း‌ဖောင်‌ဒေးရှင်း ‌ဒေသတာဝန်ခံ ‌စောစိန်‌ထွေးက “ဒီကွန်ရက် စီမံကိန်းအတွက် လိုအပ်‌သော ဝန်ထမ်း‌တွေကိုလည်း ဇန်နဝါရီ လအတွင်းက ‌ခေါ်ယူခန့်အပ်ထားခဲ့ပြီးပါပြီ။ အခုဆိုရင် ကျ‌နော်တို့ ရုံးလုပ်ငန်းစဉ်‌တွေ စတင်လည်ပတ်‌နေပြီဖြစ်ပါတယ်”ဟု ‌ပြော သည်။

ယမန်‌နေ့က ပြုလုပ်သည့် ယင်းလုပ်ငန်းစဉ်များ ညှှိနှိုင်း‌ရေးအစည်းအ‌ဝေးသို့ ကရင်ပြည်နယ်အတွင်းရှိ ဖားအံ၊ လှိုင်းဘွဲ၊ ကြာ အင်းဆိပ်ကြီး၊ သံ‌တောင်၊ ‌ကော့ကရိတ်၊ မြဝတီနှင့် ဖာပွန် စသည့်မြို့နယ် ၇ခုမှ KSCN ‌ဒေသခံ တာဝန်ခံများ၊ KSCN ရုံးအဖွဲ့မှ တာဝန်ခံများ၊ ဦး‌ဆောင်‌ကော်မတီ လူကြီးများ စုစု‌ပေါင်းဦး‌ရေ ၂ဝခန့် တက်‌ရောက်ခဲ့ကြသည်။

ကရင်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ လူမှုအဖွဲ့အစည်းများ ကွန်ရက်ကြီးထွားလာ‌စေရန် ‌ဆောင်ရွက်လျှက်ရှိသည့် KSCN တွင် လက်ရှိ အဖွဲ့ဝင် ၂၃ဖွဲ့ရှိပြီး ပြည်နယ်အတွင်း ဖြစ်‌ပေါ်‌နေသည့် ပညာ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး၊ နိုင်ငံ‌ရေး၊ ကျန်းမာ‌ရေး၊ ငြိမ်းချမ်း ‌ရေး၊ လူ့အခွင့်အ‌ရေးဆိုင်ရာ အခက်အခဲများကို စု‌ပေါင်း‌ဆောင်ရွက်ကြရန် ရည်ရွယ်၍ ၂၀၁၅ခုနှစ်၊ ‌မေလတွင် ဖွဲ့စည်းခဲ့သည်။