Home သတင်း ကျိုက်မ‌ရော လမုခို‌ကျေးရွာအုပ်စုအတွင်း ကျားကိုက်ခံရသည့်ဟု ယူဆရသည့် နွား‌သေ ‌ပျောက်ဆုံးမှုရှိ‌နေ

ကျိုက်မ‌ရော လမုခို‌ကျေးရွာအုပ်စုအတွင်း ကျားကိုက်ခံရသည့်ဟု ယူဆရသည့် နွား‌သေ ‌ပျောက်ဆုံးမှုရှိ‌နေ

2253

‌ဖေ‌ဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောမြတ်ဦးသာ

မွန်ပြည်နယ်၊ ကျိုက်မ‌ရောမြို့နယ်၊ လမုခို‌ကျေးရွာအုပ်စုအတွင်းရှိ ‌ကျေးရွာများတွင် ‌ဖေ‌ဖော်ဝါရီလ ၂ရက် ‌နေ့မှစတင်ကာ ဖား‌ပေါင်‌တောင်‌ခြေရင်း ‌တောင်ဝိုင်းကွင်းတွင် ကျားကိုက်ခံထားရသည်ဟု ယူဆရ‌သော နွား‌သေ‌တွေ့ရှိပြီး နွား‌ပျောက်ဆုံးမှုများလည်း ရှိ‌နေသည့်အတွက် ‌ဒေသခံများ စိုးရိမ်မှု ဖြစ်‌ပေါ်‌နေသည်ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီလ ၇ ရက်‌နေ့တွင် မရင်းကုန်းရွာ အ‌နောက်ဘက် ၂ မိုင်ခန့်အကွာ ဖာ‌ပေါင်‌တောင်‌ခြေရင်း ‌တောင်ဝိုင်းကွင်း၊ ငါးခုံးမ‌ချောင်း‌ဘေးတွင် ရွာသားများ ငါးရှာစားရင်း ၆ လက်မရှိသည့် ကျား‌ခြေရာ‌တွေ့ရှိပြီး ‌နောက် ‌ဒေသခံရွာသားများအကြား ယခုလိုစိုးရိမ်မှုများဖြစ်‌ပေါ်လာခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မရင်းကုန်း‌ကျေးရွာ၊ အုပ်ချုပ်‌ရေးမှုး ‌စော‌အောင်လှသိန်းက “ ပြန်‌တွေ့ရတဲ့ နွား‌တွေက ဇက်ရိုးမှာကိုက်ထားတဲ့ ဒဏ်ရာ‌တွေ ‌တွေ့တယ်။ ‌သွေး‌တွေလည်း မရှိ‌တော့ဘူး။ ပြီး‌တော့ နွားအမြီးလည်း ကိုက်စားသွားတယ်။ ‌ပေါင်မှာလည်း သုံးပိဿာ‌လောက် ကိုက်စားသွားတယ်။ ဒီ‌နေ့အထိ‌တော့ ကျားကိုမြင်တဲ့လူမ‌တွေ့မိဘူး။ မကြား‌သေးဘူး” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

‌ဖေ‌ဖော်ဝါရီလ ၂ ရက်‌နေ့နှင့် ၆ ရက်‌နေ့များတွင် ‌ဒေသခံ များဖြစ်သည့် လမုခို ‌ကျေးရွာမှ ဦးထိန်နာ နွား ၂ ‌ကောင်၊ ကျိုက်‌ထော‌ကျေးရွာမှ ဦးညွန့်ညွန့် နွား ၁ ‌ကောင်၊ ဝါပျံကုန်း‌ကျေးရွာမှ ‌ဒေသခံနွား ၁ ‌ကောင် ‌ပျောက်ဆုံးခဲ့ပြီး ကျားကိုက်ခံရသည့်ဒဏ်ရာဟု ယူဆရသည့်နွား‌သေ ၂ ‌ကောင်သာ ‌ဒေသခံများက ပြန်လည် ‌တွေ့ရှိရသလို ကျန်နွားများ ‌ပျောက်ဆုံး‌နေဆဲဟု ‌ဒေသခံများက ဆိုသည်။

“‌တောင်ဝိုင်းကွင်း ကျ‌နော် တဲအနားမှာ နွာအုပ်‌တွေကို သစ်ပင်‌တွေနဲ့ချီထားပြီး ရွာမှာပြန်လာအိပ်တယ်။ မနက်မိုးလင်းပြန်သွား‌တော့ နွားနှစ်‌ကောင်‌သေ‌နေတယ်။ ပထမ‌တော့ တစ်‌ယောက်‌ယောက်က ‌သေနတ်နဲ့လာပစ်သတ်သွားတယ်လို့ ထင်တယ်၊ ‌နောက်မှ အနီးအနားရွာက ‌ဒေသခံနွား‌တွေလည်း ကျားကိုက်ခံရတယ်ဆိုပြီးပြန်ကြားရတယ်” ဟု လမိုခိုရွာသား ဦးထိန်နာက ‌ပြောသည်။

ထိုသို့ နွား‌ပျောက်ဆုံးမှုများ ရှိ‌နေသည့်အတွက် ‌ဒေသခံများအ‌နေဖြင့် ၎င်းတို့နွားများကို ‌တောထဲတွင် တစ်‌နေကုန်လွှတ်‌ကျောင်းမှုများ မပြုလုပ်ရဲ‌တော့သည့်အပြင် အဆိုပါ သတင်း များနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ‌ကြောင့် ‌တောင်‌ခြေရင်းသွားသည့် ‌ကော့ဝက်လမ်းတွင်လည်း သွားလာမှုနည်းပါးသွား‌ကြောင်း ‌ဒေသခံ ရွာသားများက ‌ပြောဆိုသည်။

ယင်းဖြစ်စဉ်များဖြစ်ပွားပြီး‌နောက် အနီးအနားတွင် ‌နေထိုင်သည့် ‌ဒေသခံများကို သတိနဲ့‌နေထိုင်သွား လာရန်သက်ဆိုင်ရာ နယ်‌မြေခံအာဏာပိုင်များထံသို ့အ‌ကြောင်းကြားထား သည်ဟု မရင်းကုန်း‌ကျေးရွာ အုပ်ချုပ်‌ရေးမှုး ‌စော‌အောင်လှသိန်းက ‌ကေအိုင်စီသို ့ဆက်‌ပြောသည်။

ဖာ‌ပေါင်‌တောင်‌ခြေ ‌တောင်ဝိုင်းကွင်းတွင်း လယ်ဧက ၅၀‌ကျော်ရှိပြီး ဆယ်စုနှစ်အတွင်း ‌ဒေသခံများ လယ်လုပ်ငန်းမလုပ်‌တော့သဖြင့် ‌တောများထူထပ်လာသလို အနီးအနားရွာများဖြစ်သည့် ဝါပျံကုန်း၊ ကျိုက်‌ထော၊ မရင်းကုန်း၊ ‌အောင်ဗလ၊ ‌ညောင်ကုန်း‌ကျေးရွာမှ နွားများ လာ‌ရောက်‌ကျောင်း ထား‌လေ့ ရှိ‌သော်လည်း ယခုကဲ့သို့ဖြစ်ပွားခြင်း မရှိခဲ့ဘူး‌ကြောင်း ယင်း‌ဒေသခံများထံမှ သိရသည်။