Home သတင်း က‌လေးသူငယ်များနှင့် အမျိုးသမီးများ အကာကွယ်‌ပေး‌ရေးဆိုင်ရာ အသိပညာ‌ပေးမှု KNU ပြုလုပ်

က‌လေးသူငယ်များနှင့် အမျိုးသမီးများ အကာကွယ်‌ပေး‌ရေးဆိုင်ရာ အသိပညာ‌ပေးမှု KNU ပြုလုပ်

1588

‌ဖေ‌ဖော်ဝါရီ ၁၂ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်း‌ရှောင်း

လက်နက်ကိုင် ပဋိက္ခအတွင်း က‌လေးသူငယ်များနှင့် အမျိုးသမီးများ၏ အခွင့်အ‌ရေးနှင့် အကာအကွယ်‌ပေး ‌ရေးဆိုင်ရာ အသိပညာများရရှိ‌စေရန် ရည်ရွယ်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်မဟာ ၇ ဌာနချုပ်ရှိ တပ်ဖက်ဆိုင်ရာ အရာရှိများအား KNU နိုင်ငံခြား‌ရေးဌာနက အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ခု ပြုလုပ်‌ပေးခဲ့သည်။

KNLA တပ်မဟာ ၇ ဌာနချုပ်တွင် ‌ဖေ‌ဖော်ဝါရီ ၁ဝ ရက်မှ ၁၂ ရက်‌နေ့အထိ ပြုလုပ်သည့် အဆိုပါအလုပ်ရုံ ‌ဆွေး‌နွေးပွဲကို KNU နိုင်ငံခြား‌ရေးဌာနနှင့်အတူ ဆွစ်ဇလန်နိုင်ငံ အ‌ခြေစိုက် ကုလသမဂ္ဂမှ ဖွဲ့စည်းထား‌သော Geneva Call အဖွဲ့နှင့် Save the Children တို့က အားဖြည့်ကူညီ‌ပေးခဲ့သည်ဟု KNU နိုင်ငံခြား ‌ရေးဌာနတာဝန်ခံ ပဒို‌စော‌အောင်ဝင်း‌ရွှေက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အဓိက‌တော့ တပ်ဖက်ဆိုင်ရာအရာရှိ‌တွေ က အဲဒီအသိပညာ‌တွေ သိရှိပြီး ‌အောက်‌ခြေ ရဲ‌ဘော်‌တွေကို ပြန်လည်ချပြနိုင်ဖို့ရယ် နိုင်ငံတကာ စံညွန်း‌တွေနဲ့ပြည့်မှီတဲ့ တပ်မ‌တော်ဖြစ်ဖို့ စွမ်းရည်မြှင့်တင်လာလည်း ဖြစ်တယ်”ဟု ‌ပြောသည်။

ယင်းအလုပ်ရုံ‌ဆွေး‌နွေးပွဲကို KNLA တပ်မဟာ ၇ ဌာနချုပ်မှ တပ်ဖက်ဆိုင်ရာအရာရှိ ၄ဝ ခန့် ပါဝင် တက်‌ရောက်ခဲ့ကြပြီး ၎င်းတို့အား Geneva call နှင့် Save the Children မှ တာဝန်ရှိသူ ၄ ဦးတို့မှ က‌လေး သူငယ်များနှင့် အမျိုးသမီးများ အခွင့်အ‌ရေး၊အကာအကွယ်‌ပေးမှုနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း များကို ‌ဆွေး‌နွေးပို့ချမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲ တက်‌ရောက်သည့် KNLA မှဗိုလ်ကြီးတစ်ဦးက “ဒီလိုလုပ်တာက ကျ‌နော်တို့ တပ်အတွက်‌ရော၊ အဖွဲ့အစည်းအတွက်ပါ ပို‌ကောင်းတယ်။ သိသင့်သိထိုက်တာ‌တွေ ပိုသိရတာ‌ပေါ့။ အထူးသဖြင့် ဒီတစ်‌ခေါက် အလုပ်ရုံ‌ဆွေး‌နွေးမှုက အသိပညာအပြင် နည်းစနစ်ပိုင်းကို အ‌သေးစိတ်ပိုပြီး သိလာရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုပြုလုပ်ခဲ့သည့် အသိပညာ‌ပေးဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲမှာ ၈ ကြိမ်‌မြောက်ဖြစ်ပြီး ၂၀၀၇ ခုနှစ်မှ စတင်ကာ KNLA အ‌နေဖြင့် ၆ ကြိမ်၊ KNU အ‌နေဖြင့် ၂ ကြိမ် ပြုလုပ်ခဲ့‌ကြောင်းနှင့် ကျန်ရှိသည့် တပ်မဟာ များတွင် ဆက်လက်ပြုလုပ်သွားရန်ရှိ‌ကြောင်း KNU နိုင်ငံခြား‌ရေးဌာနထံမှ သိရသည်။

KNU အ‌နေဖြင့် ၎င်းတို့၏ ‌ပေါ်လစီထဲတွင် က‌လေးစစ်သားအသုံးပြုမှု မရှိ‌ကြောင်း ၂၀၀၃ခုနှစ်က ထုတ်ပြန်‌ကြေညာထားပြီး‌နောက်ပိုင်း Geneva နှင့် အမျိုးသမီး၊ က‌လေးကာကွယ်‌ရေးဆိုင်ရာဝန်ခံမှုသန္ဓိဌာန် ပြုစာချွန်လွှာနှစ်ခုကို ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၂၁ရက်‌နေ့တွင် ဖားအံမြို့၌ လက်မှတ်‌ရေးထိုးခဲ့ပြီးဖြစ်သည်။