Home သတင်း ကာချုပ်မင်း‌အောင်လှိုင်၏ လက်နက်စွန့်လမ်းစဉ် နိုင်ငံ‌ရေးပြဿနာကို ‌ဖြေရှင်းနိုင်မည်မဟုတ်ဟု တိုင်းရင်းသားအဖွဲ့‌ပြောဆို

ကာချုပ်မင်း‌အောင်လှိုင်၏ လက်နက်စွန့်လမ်းစဉ် နိုင်ငံ‌ရေးပြဿနာကို ‌ဖြေရှင်းနိုင်မည်မဟုတ်ဟု တိုင်းရင်းသားအဖွဲ့‌ပြောဆို

1642

‌ဖေ‌ဖော်ဝါရီ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

တပ်မ‌တော် ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က ဒီမိုက‌ရေစီစနစ်ကို လက်ခံလျှင် လက်နက်စွန့်ရမည်ဟု ‌ပြောကြားမှုအ‌ပေါ် ယင်းမှာ နိုင်ငံ‌ရေးပြဿနာများကို ‌ရှေ့ဆက် ‌ဖြေရှင်းနိုင်မည်မဟုတ်‌ကြောင်း တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို လက်မှတ်‌ရေးထိုးထား‌သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဘက်က ယ‌နေ့ တုံ့ပြန် ‌ပြောဆိုလိုက်သည်။

‌ဖေ‌ဖော်ဝါရီ ၂၂ရက်‌နေ့က က‌လောတပ်နယ်၊ စစ်ဦးစီးတက္ကသိုလ်တွင် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်၏ သင်တန်းသားအရာရှိ များနှင့် ‌တွေ့ဆုံပွဲ၌ လက်နက်စွဲကိုင်ပြီး ဒီမိုက‌ရေစီစနစ်ကို ‌ဖော်‌ဆောင်၍မရနိုင်ခြင်း‌ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအ‌နေဖြင့် ဒီမိုက‌ရေစီစနစ်ကိုလက်ခံပါက လက်နက်စွန့်ပြီး တရားဥပ‌ဒေနှင့်အညီ ‌တောင်းဆိုမှုများ ပြုလုပ်ကြရမည်ဟု ‌ပြော ကြားခဲ့မှုကို တိုင်းရင်းသားဘက်က ယင်းသို့ တုံ့ပြန်‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး-KNU တွဲဘက်အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်းက “အဓိကဖြစ်တဲ့ နိုင်ငံ‌ရေး ပြဿနာ‌တွေကို မ‌ဖြေရှင်းဘဲနဲ့ တိုင်းရင်းသားလက်နက်ကိုင်‌တွေကို လက်နက်ကို စွန့်ရမယ်ဆိုတာ‌တော့ ဘယ်‌တော့မှ မဖြစ်နိုင်ဘူး။ တရားဥပ‌ဒေ ‌ဘောင်ထဲဝင် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်၊ ဒီမူနဲ့ပဲ ဆက်လက်ပြီး ငြိမ်းချမ်း‌ရေးကို အ‌ကောင်အထည်‌ဖော်မယ်ဆိုရင်‌တော့ ဘယ်‌တော့မှ မဖြစ်နိုင်ဘူး״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် နိုင်ငံ‌ရေးပြဿနာကို နိုင်ငံ‌ရေးနည်းဖြင့် မ‌ဖြေရှင်းနိုင်ပါက တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များအ‌နေ ဖြင့် လက်နက်စွန့်မည်မဟုတ်ဘဲ နိုင်ငံ‌ရေးပြဿနာများ ‌ပြေလည်ခဲ့လျှင် တိုင်းရင်းသားများ၏ လက်နက်ကိုင်ထားခြင်း ကိစ္စရပ်မှာ ‌ဖြေရှင်းပြီးသားဖြစ်၍ တိုင်းရင်းသားများ၏ လက်နက်ကိုင်ထားမှုကို စိုးရိမ်စရာ မလိုအပ်‌ကြောင်းလည်း ပဒိုမန်းမန်းမန်းက ဆက် ‌ပြောသည်။

အလားတူ ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ-ALP ဒုဥက္ကဌ ခိုင်စိုးနိုင်‌အောင်ကလည်း ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း ‌အောင်လှိုင်၏ ထိုသို့‌ပြောဆိုမှု‌ကြောင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်များ၌ ယုံကြည်မှုတစုံတရာ ပျက်ပြားသွား‌စေနိုင်‌ကြောင်း ယခုလို ‌ပြော ဆိုလိုက်သည်။

၎င်းက “ကျ‌နော်တို့အ‌နေနဲ့ နိုင်ငံ‌ရေးကို ‌ဆွေး‌နွေးဖို့ NCA ကိုလက်မှတ်ထိုးခဲ့တာပဲ။ လက်နက်ချဖို့ ကျ‌နော်တို့မှာ သ‌ဘောထား မရှိဘူး။ ငြိမ်းချမ်း‌ရေးကို ‌ဆွေး‌နွေးဖို့ ယုံကြည်မှုက ရှိရမယ်‌လေ။ ငြိမ်းချမ်း‌ရေးကို ‌ဆွေး‌နွေးဖို့ ယုံကြည်မှုကို တည်‌ဆောက်တဲ့အ ချိန်မှာ အခုလို ‌ပြောတာ‌တော့ ယုံကြည်မှုကို တစုံတရာ ပျက်ပြား‌စေတယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နိုင်ငံ‌ရေးပြဿနာများ ‌ဖြေရှင်းနိုင်ရန်နှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ ‌ပေါ်‌ပေါက်လာ‌စေရန် ရည်ရွယ်၍ ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်၌ KNU၊ KNU/KNLA -PC၊ DKBA၊ RCSS/SSA၊ PNLO၊ ABSDF နှင့် CNF တို့ ပါဝင်‌သော လက်နက် ကိုင်အဖွဲ့ ၈ဖွဲ့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCA ကို လက်မှတ်‌ရေးထိုးခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအ‌နေဖြင့် ဥပ‌ဒေ‌ဘောင်ထဲသို့ဝင်ပြီး လက်နက်ကိုင်လမ်းစဉ်စွန့်‌ရေးကိစ္စကို ၂၀၁၅ခုနှစ်၊ ဩ ဂုတ်လတုန်းကလည်း ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က အလားတူ ‌ပြောဆိုခဲ့ဘူးသည်။ ‌ခေတ်အဆက်ဆက် အုပ်စိုးသူ မြန်မာအ စိုးရက ငြိမ်းချမ်း‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ၌ လက်နက်ကိုင် စွန့်လွှတ်‌ရေးလမ်းစဉ်ကိုသာ ကျင့်သုံးခဲ့မှု‌ကြောင့် လက်ရှိအချိန်ထိ ပြည်တွင်းငြိမ်းချမ်း‌ရေးကို မ‌ဖော်‌ဆောင်နိုင်ရခြင်းဖြစ်‌ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သုံးသပ်‌ပြောဆို‌နေကြ သည်။