Home အမြင်သဘောထား ကရင်အမျိုးသားအစည်းအရုံး‌နေ့ (KNU Day) အတွက် သူတို့‌ပြောချင်တဲ့ သူတို့စကား

ကရင်အမျိုးသားအစည်းအရုံး‌နေ့ (KNU Day) အတွက် သူတို့‌ပြောချင်တဲ့ သူတို့စကား

2325

‌ကေအဲန်ယူကို ၁၉၄၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၅ရက်‌နေ့မှာ စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၆ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ (၅)ရက်‌နေ့မှာ ကျ‌ရောက်သည့် (၆၉)နှစ်‌မြောက် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး‌နေ့အတွက် အမှတ်တရ စကားများကို ဆက်သွယ်‌မေးမြန်း ‌ဖော်ပြထားခြင်းဖြစ်သည်။

မန်း‌ကျော်ငြိမ်း (အ‌ထွေ‌ထွေအတွင်း‌ရေးမှူး၊ ကရင်အမျိုးသားပါတီ-KNP)
DSC_8327
‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး စတင်တည်‌ထောင်လာခဲ့တဲ့ ၁၉၄၇ခုနှစ်ထဲက နှစ်‌ပေါင်း ၆၉အတွင်းမှာ ဖြတ် သန်းလာခဲ့တဲ့အခါ ‌ခေါင်း‌ဆောင်မှုအ‌တွေ့အကြုံ၊ နိုင်ငံ‌ရေး၊ စစ်‌ရေးအ‌တွေ့အကြုံ အ‌တော်များများ ရရှိလာခဲ့ပြီးဖြစ်တယ်။ ‌ရှေ့ ဆက်ပြီး‌တော့လည်း ကရင်အမျိုးသား‌တွေရဲ့ နိုင်ငံ‌ရေး ဦး‌ဆောင် အဖွဲ့အစည်းအ‌နေနဲ ့ ဆက်သွားနိုင်ဖို ့လိုတယ်။ ကရင်ပြည်သူ ‌တွေကို နိုင်ငံ‌ရေးဦး‌ဆောင်မှု‌နေရာက‌နေ နိုင်ငံ‌ရေး အသိအမြင်‌တွေကို ‌ပေးဖို ့လိုအပ်တယ်။ ဘာ‌ကြောင့်လည်းဆို‌တော့ အခု လက်ရှိသွားရမဲ့ ‌တော်လှန်‌ရေးခရီးက စစ်‌ရေးတစ်ခုတည်းမဟုတ်ဘဲနဲ့ နိုင်ငံ‌ရေးအရ စားပွဲဝိုင်းမှာ ‌ဖြေရှင်းဖို ့လိုအပ်‌နေတယ်။ ဒီ‌နေရာမှာ နိုင်ငံ‌ရေး အမြင်သ‌ဘောထား‌တွေ လိုအပ်‌နေပါတယ်။
ဒီက‌နေ ့နိုင်ငံ‌ရေးအခင်းအကျင်းကို ကြည့်မယ်ဆိုရင် ဖက်ဒရယ် ဒီမိုကရက်တစ်နိုင်ငံဖြစ်ဖို ့ကြိုးစား‌နေဆဲ ဖြစ်တာကို ‌တွေ့ရတယ်။ ဒီ‌နေရာမှာ ‌ကေအဲန်ယူအ‌နေနဲ့ အ‌ခြေခံကျတဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ အမျိုးသားတန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိ‌ရေးကို ဆက်ပြီး ကရင်အမျိုးသား‌တွေကို ဦး‌ဆောင်လုပ်သွားရမဲ့ တာဝန်ရှိ ‌နေပါတယ်။ ပြီးခဲ့တဲ့အတိတ်ကို သင်ခန်းစာယူပြီး ‌တော့ ‌ရှေ့ဆက်ရမဲ့ နိုင်ငံ‌ရေးခရီးမှာ ကရင်အမျိုးသား‌တွေအ‌ပေါ်ဦး‌ဆောင်မှု‌ပေးပြီး ဆက်သွားဖို ့လိုအပ်‌နေပါတယ်။ ဒီ‌နေရာမှာ ကျဆုံးသွားတဲ့ ‌ခေါင်း‌ဆောင်ကြီး ‌စောဘဦးကြီးရဲ့ မူ‌လေးချက်အ‌ပေါ် ဆက်လက်ဆုပ်ကိုင်ထားဖို ့လိုအပ်‌နေပါတယ်။ ဒီမူ‌လေး ချက်ကို အ‌ခြေခံပြီး ကရင်ပြည်သူ‌တွေကို ဦး‌ဆောင်ကာ လက်ရှိအချိန်နဲ ့ကိုက်ညီတဲ့ မဟာဗျူဟာ ချမှတ်လုပ်‌ဆောင်ပြီး ရည်မှန်း ချက်ကို‌ရောက်‌အောင် ‌ရှေ့ဆက်သွားရပါမယ်။

ပဒို‌စော‌သောသီဘွဲ (တွဲဘက် အတွင်း‌ရေးမှူး-၁၊ ကရင်အမျိုးသားအစည်းအရုံး-KNU)
Pado ThawThi
‌ဖေ‌ဖော်ဝါရီ(၅)ရက်‌နေ့က (KNU Day)ကရင်အမျိုးသားအစည်းအရုံး‌နေ့ ဖြစ်တယ်ဆို‌တော့ ‌ကေအဲန်ယူလို့ ‌ခေါ်က တည်းက ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြုပြီး ကရင်တစ်မျိုးသားလုံးနဲ့ ဆက်စပ်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အ တွက် ကရင်တစ်မျိုးသားလုံးရဲ့လွတ်လပ်မှု ငြိမ်းချမ်းမှု သာယာဝ‌ပြော ဘဝဖူ လုံမှုအတွက်ကို ဦးတည်ပြီး‌တော့ ဖွဲ့စည်းခဲ့တာပဲ။ အဲ့လိုဖွဲ့စည်းတဲ့‌နေရာမှာ ကရင်တစ်မျိုးသားလုံးရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် လွတ်လပ်မှု အခွင့်အ‌ရေးအတွက် လိုအပ်လို့ အစိုးရအဆက်ဆက်နဲ့ ‌တွေ့ဆုံခဲ့၊ ‌ဆွေး‌နွေးခဲ့တယ်။ ဒါကလည်း လက်နက်ကိုင်ပဋိပက္ခဖြစ်ပြီးတဲ့ ‌နောက်ပိုင်းသာမ ဟုတ်ဘဲ ယခင်က လက်နက်ကိုင် ပဋိပက္ခမဖြစ်ခင် ဗမာပြည်လွတ်လပ်‌ရေးမရခင် ၁၉၄၈ခုနှစ် မတိုင်မှီကတည်းက ဒီကရင်အ မျိုးသား‌ရေးကို လှုပ်ရှားခဲ့တာပဲ။ တကယ်တမ်း‌ပြောရင် ၁၈၈၁ခုနှစ် ‌ဒေါကလုအသင်း (KNA-Karen National Association) အဖွဲ့အစည်းက‌နေ သ‌န္ဓေတည်လာခဲ့တာပဲ။ အဲ့ဒီမှာ အဖွဲ့အစည်း‌တော်‌တော်များများ ‌ပေါ်‌ပေါက်လာခဲ့ရာမှာ KNA တို့လို KCO-Karen Center Organization တို့လို KYO-Karen Youth Organization တို့လို အစုအဖွဲ့‌တွေ များတဲ့အခါကျ‌တော့ ကရင်‌တွေ တစ်စုတစ်ဖွဲ့ ဖြစ်နိုင်ဖို့နဲ့ နိုင်ငံ‌ရေး ‌တောင်းဆိုမှုမှာလည်း တစ်သံတည်းထွက်ဖို့အတွက် ဒါ‌လေးကို‌တော့ ‌ခေါင်း‌ဆောင်ကြီး‌တွေက အ‌မြော်အမြင်ကြီးစွာနဲ့ ဖွဲ့စည်းတည်‌ဆောက်ခဲ့တယ်။
ထူးခြားလာတာက လက်ရှိ KNU ‌ခေါင်း‌ဆောင်‌တွေရဲ့ အ‌မြော်အမြင်‌သော်လည်း‌ကောင်း၊ ကြိုးပမ်းမှု‌သော်လည်း ‌ကောင်း အာမခံမှု တစ်စုံတစ်ရာအတွက် လက်ရှိ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆိုင်း‌ရေးသ‌ဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့တယ်။ သို့‌သော်လည်းပဲ လက်ရှိကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီက ဦးသိန်းစိန်အစိုးရနဲ့ ‌ပြောဆို‌ဆွေး‌နွေးမှုက မပြီးပြတ်‌သေးဘူး။ ဒါ‌ပေမဲ့လည်း လက်ရှိ ဦးသိန်းစိန် ဦး‌ဆောင်တဲ့ အစိုးရအဖွဲ့ကလည်း မကြာ‌တော့ခင်မှာ သက်တမ်းကုန်ဆုံး‌တော့မယ်။ အစိုးရအလွှဲအ‌ပြောင်း ရှိ‌တော့မယ်ဆို‌တော့ တက်လာမယ့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် အစိုးရအ‌နေနဲ့ ယခင်ကတည်းက ကျ‌နော်တို့ လိုလား‌တောင်း တ‌နေတဲ့ ကရင်အမျိုးသားလုံးရဲ့ဆန္ဒ၊ ကရင်အမျိုးသားအခွင့်အ‌ရေးနဲ့ ဒီမိုက‌ရေစီ အခွင့်အ‌ရေး‌တွေကို သူတို့ ‌ဆောင်ရွက်ဖို့ လို အပ်တယ်။ ‌ရှေ့ဆက် တိုင်းရင်းသား‌တွေ လိုလားတဲ့ နိုင်ငံ‌ရေးရလဒ်‌တွေကို ရဖို့အတွက် လက်နက်ကိုင်အင်အားစု‌တွေ‌သော် လည်း‌ကောင်း၊ အစိုးရသစ်‌သော်လည်း‌ကောင်း မဖြစ်မ‌နေ ဆက်လက် ‌ဆွေး‌နွေးသွားရလိမ့်မယ်။
အစိုးရအသစ်အ‌နေနဲ့ တာဝန်အလွှဲအ‌ပြောင်းမရှိ‌သေးတဲ့ ကာလမှာ အခုထိုးထားတဲ့ NCA ကို ဘယ်လိုပုံစံနဲ့ ဆက်သွား မလဲ‌တော့ ကျ‌နော်တို့က ကံ‌သေကံမ မ‌ပြောနိုင်ဘူး။ သူတို့က ဒီ Peace Process လို့‌ခေါ်တဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်‌တွေကို ဆက် လက်‌ဆောင်ရွက်မှသာလျှင် တိုးတက်လိုတဲ့ လမ်း‌ကြောင်းက‌နေ မ‌သွေဖီဘဲနဲ့ ရလာမယ့်အ‌ဖြေ‌တော့ ရှိနိုင်ပါတယ်။ အကယ်၍ သာ ဒီ NCA ကို ဆက်လက်ပြီး‌တော့မှ ‌ဆောင်ရွက်မှု မပြုဘူးဆိုရင်‌တော့ ကျ‌နော်တို့ လိုလားတဲ့ အ‌ဖြေက‌တော့ ‌ဝေးသွားနိုင်လိမ့် မယ်လို့‌တော့ ကျ‌နော်တို့ ‌ပြောချင်ပါတယ်။

‌စော‌ကျော်စွာ (အတွင်း‌ရေးမှူး၊ ကရင်‌ရေးရာ‌ကော်မတီ- Karen Affair Committee -KAC)
DSC_8030
KNU စတင်တည်‌ထောင်တဲ့အချိန်နဲ့ အခု လက်ရှိအချိန်နဲ့က နိုင်ငံ‌ရေးရပ်တည်ချက်‌တော့ မ‌ပြောင်းဘူးလို့ ‌ပြောလို့ရ တယ်။ ဘာဖြစ်လဲဆို‌တော့ လက်ရှိ KNU ရဲ့ နိုင်ငံ‌ရေးရပ်တည်ချက်ဖြစ်တဲ့ ကရင်ပြည် ချက်ချင်း‌ပေး၊ ကရင်တစ်ကျပ် ဗမာတစ် ကျပ်၊ ပြည်တွင်းစစ် အလိုမရှိ၊ လူမျိုး‌ရေးပဋ္ဋိပက္ခ အလိုမရှိ စတဲ့ အမျိုးသား‌တောင်းဆိုချက်‌ပေါ်မှာ ဆက်လက်ရပ်တည်နိုင်တာ ‌တော့ ‌တွေ့ရ‌သေးတယ်။ ဒါ‌ပေမယ့် တကယ့် လက်‌တွေ့ အ‌ကောင်အထည်‌ဖော်တဲ့အခါကျ‌တော့ ကျ‌နော်တို့က KNU ရဲ့ ဦး ‌ဆောင်မှုကို တချို့‌နေရာမှာ သံသယ ရှိ‌နေတာ‌ပေါ့‌နော်။ စိတ်ထဲမှာ ကရင်အမျိုးသား‌တွေရဲ့ နိုင်ငံ‌ရေးရပ်တည်ချက်ကို သူတို့‌နေ ရာနဲ့ လဲဖို့ရှိလား‌ပေါ့။ သံသယ ဖြစ်မိတယ်။
ဘာ‌ကြောင့်လဲဆို‌တော့ တချို့လုပ်ငန်းမှာကြည့်တဲ့အခါ KNU က‌နေ အစိုးရကို ‌ပြောဆို‌ဆွေး‌နွေးရမယ့်‌နေရာမှာ မ‌ပြော ဆို‌ဆွေး‌နွေး‌တော့ဘဲ သူတို့က အစိုးရ‌ပြောတဲ့အတိုင်းပဲ လိုက်လုပ်တယ်။ ဆိုလိုတာက အစိုးရနဲ့ အ‌ပေးအယူတစ်ခုခုများ လုပ် ထားသလို အမျိုးသား‌ရေးကိစ္စ ဒီ‌လေးချက်မရ‌သော်လည်း သူတို့အတွက် ‌နေရာ‌လေးတစ်ခုရသွားမယ်ဆိုရင် ‌ကျေနပ်‌နေပြီးလား ဆိုတာ စိုးရိမ်စရာရှိလာတယ်။ တချို့‌ခေါင်း‌ဆောင်‌တွေ စကား‌ပြောတဲ့အခါ KNU က ‌ရွေး‌ကောက်ပွဲဝင်မယ်လို့ ‌ပြောသံကြားလာ ‌တော့ နဂို KNU ရဲ့ ချမှတ်ထားတဲ့ နိုင်ငံ‌ရေးမူဝါဒက ပိုပြီး‌တော့ ‌သွေဖီသွားသလား‌ပေါ့။ ကျ‌နော်တို့က ဘယ်လို‌မျှော်လင့်ထားသ လဲဆို‌တော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရယ်၊ အမျိုးသားတန်းတူညီမျှ‌ရေးရယ်၊ ငြိမ်းချမ်းစွာ ယှဉ်တွဲ‌နေထိုင်‌ရေးရယ် တရားမျှတမှု‌ပေါ်မှာ အ‌ခြေခံတဲ့ ဖက်ဒရယ်ပြည်‌ထောင်စုတစ်ခု ရတဲ့အထိ ကျ‌နော်တို့ လိုချင်တယ်။ ပြည်သူအ‌နေနဲ့ သူတို့က ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေပြင်ရင် ‌ရွေး‌ကောက်ပွဲဝင်မယ်ဆိုရင်‌တော့ ဒီဟာနဲ့ နည်းနည်း ‌သွေဖီသွားဖို့ ရှိပါတယ်။