Home တွေ့ဆုံမေးမြန်းခန်း ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲနှင့် ‌ကေအိုင်စီ-ကရင်သတင်းဋ္ဌာန ‌တွေ့ဆုံ‌မေးမြန်းခြင်း

ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲနှင့် ‌ကေအိုင်စီ-ကရင်သတင်းဋ္ဌာန ‌တွေ့ဆုံ‌မေးမြန်းခြင်း

2313

“‌တော်လှန်‌ရေးရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုရမယ်ဆိုရင် တရားမျှတမှုမရှိတာကို ‌တော်လှန်ဆန့်ကျင်ပြီး တရားမျှတမှုနဲ့ အစားပြန်ထိုးလိုက်ခြင်းဖြစ်ပါတယ်”

– ပထမဆုံးအ‌နေနဲ့ ဗိုလ်ချုပ်ရဲ့အ‌ကြောင်း အကျဉ်းချုပ်‌လေး ‌ပြောပြ‌ပေးပါလား။ နာမည်။ အသက်နဲ့ ‌မွေးရပ်ဇာတိ‌တွေ‌ပေါ့။
ကျ‌နော် အခု တပ်မဟာ (၅)လို့‌ခေါ်တဲ့ သဒါးဒဲ‌ကျေးရွာ၊ ထီးမုဒဲ‌ကျေးနယ်(‌ကျေးရွာအုပ်စု) ၊ လူ‌သောမြို့နယ် ၊ မူတ‌ရော် (ဖာပွန်)ခရိုင်မှာ ‌မွေးဖွားခဲ့တယ်။ ကျ‌နော့်နာမည်က ‌စော‌ဘော‌ကျော်ဟဲ။ အခု အသက် (၅၃)နှစ်ပြည့်ခါနီးပြီ ။ အ‌မေက ‌နော်ရှဲ‌ဝေ့၊ အ‌ဖေက ‌စောရှု‌ဂေ။ ‌မောင်နှမ‌တွေက မိန်းက‌လေး (၄)‌ယောက်၊ ‌ယောက်ျား (၅)‌ယောက်မှာ ကျ‌နော်က‌တော့ ခုနှစ်‌ယောက် ‌မြောက်‌ပေါ့။ ၁၉၈၂ခုနှစ်မှာ ကျ‌နော် စစ်ထဲဝင်ခဲ့တယ်။ ဒါ‌ကြောင့် ကျ‌နော်ရဲ့စစ်လုပ်သက်က အနှစ် (၃၀)‌ကျော်ရှိပြီ။

– နှစ် (၃၀)‌ကျော် သက်တမ်း စစ်လုပ်ခဲ့တဲ့ အ‌တွေ့အကြုံ‌လေးကို ‌ပြောပြပါလား။
ကျ‌နော်က ‌တောရွာမှာပဲ ‌မွေးဖွားခဲ့ပြီး ‌တောရွာမှာပဲ ‌ကျောင်း‌နေခဲ့တယ်။ ကျ‌နော် အ‌ခြေခံ မူလတန်း‌ကျောင်းပြီးချိန်မှာ ဖြတ်‌လေးဖြတ် စ‌တော့ ထွက်‌ပြေးတိမ်း‌ရှောင်ရင်း ‌ကျောင်းကို ‌ပြေးတက်ခဲ့ရတယ်။ ‌နောက်ဆုံးမှာ‌တော့ အလယ်တန်း၊ အထက် တန်းအဆင့်‌တွေကို ထူးလူ၊ ‌ဖွေး‌ဘောလူမှာပဲ သင်ကြား‌အောင်မြင်ခဲ့တယ်။ ‌ကျောင်းပြီးတာနဲ့ တစ်ခါတည်း စစ်တပ်ထဲဝင်ခဲ့ တယ်။ ကျ‌နော် စစ်တပ်ထဲဝင်တုန်းက ဥက္ကဋ္ဌ ဘိုမြရဲ့အိမ်မှာ‌နေပြီး ဥက္ကဋ္ဌဘိုမြရဲ့ရုံးမှာ သင်ယူခဲ့တယ်။ တစ်နှစ် မပြည့်တပြည့် အချိန်မှာ ကျ‌နော် ‌ရှေ့တန်းသွားရတယ်။ အဲဒီမှာ ဥက္ကဋ္ဌ ဘိုမြက ကျ‌နော့်ကို သဝခ(စစ်ဋ္ဌာနချုပ်) တပ်ရင်း(၂) ပို့လိုက်တယ်။ အဲဒီမှာ ပဲခူးရိုးမကို ပြန်ဆင်းဖို့အတွက် တပ်ရင်း(၁)နဲ့ တပ်ရင်း(၂)ကို တိုးချဲ့ခဲ့တယ်။ တပ်ရင်း(၁)က အရင် ပြန်ဆင်းတယ်။ တပ် ရင်း(၂)ကျ‌တော့ တပ်မဟာ(၃)မှာ ‌ခြေကုပ်ယူထားတယ်။ ‌နောက်‌တော့ အစီအစဉ်‌တွေ ပျက်သွားခဲ့‌တော့ ကျ‌နော် (သဝခကို) ပြန်တက်လာတယ်။
၁၉၈၅ခုနှစ်မှာ အထူးစစ်သင်တန်းကို မာနယ်ပ‌လော စစ်ဋ္ဌာနချုပ်မှာ ကျ‌နော် တက်ခဲ့တယ်။ ပြီး‌တော့ အဆင့်ဆင့် တာ ဝန်ယူခဲ့တာ ဒီ‌ကေဘီ‌အေ ဖြစ်‌ပေါ်လာပြီး မာနယ်ပ‌လောကို လက်လွှတ်လိုက်တဲ့အချိန်ထိပဲ။ အဲဒီ‌နောက် ဥက္ကဋ္ဌဘိုမြက ကျ‌နော့် ကို မူတ‌ရော်ခရိုင်က ခရိုင်နဲ့ စစ်သည်ရဲ‌ဘော်‌တွေကို ပြန်ပြီးထိန်းပြီး တာဝန်ယူဖို့ ပြန်‌စေလွှတ်ခဲ့တယ်။ အဲဒီနှစ်ထဲမှာပဲ တပ်မဟာ (၅)ကို စဖွင့်ခဲ့တယ်။ တပ်မဟာ(၅)မှာ ကျ‌နော်က တပ်မဟာ(၅)ရဲ့ ဗျူဟာမှူးတာဝန်နဲ့ အထူးစစ်သင်တန်းရဲ့ တပ်ရင်းမှူး တာဝန် ကို ယူခဲ့တယ်။ ပြီး‌တော့ တပ်မဟာ(၁)၊ (၂)၊ (၃)ရဲ့ စစ်‌ရေးစစ်ရာ‌တွေကိုလည်း နား‌ထောင်‌ပေးခဲ့ရတယ်။ ကျ‌နော်ပြန်ပြီး တပ်မ ဟာ(၁)၊ (၂)၊ (၃) ‌ခေါင်း‌ဆောင်‌တွေနဲ့ ပြန်ပူး‌ပေါင်း လုပ်‌ဆောင်ခဲ့တယ်။ တစ်နှစ်ပြီးတစ်နှစ် ကျ‌နော်တို့ စည်း‌ဝေးတိုင်ပင်ပြီး လုပ် ‌ဆောင်ခဲ့တယ်။ စစ်သားတစ်‌ယောက်ဆိုတဲ့အတိုင်း ကျရာတာဝန်‌တွေကို ကျ‌နော် အဆင့်ဆင့် ထမ်း‌ဆောင်ခဲ့ပြီး တာဝန်အ‌တွေ့ အကြုံ‌တွေထဲမှာပဲ သင်ယူ‌လေ့လာခဲ့တယ်။

– အ‌တွေ့အကြုံထဲက အခက်အခဲ‌တွေကို နည်းနည်း‌လောက် ‌ပြောပြ‌ပေးပါလား။
ကျ‌နော်က အခက်အခဲလို့ သုံးသပ်‌ဝေဖန်ပြီး မသင့်‌တော်ဘူးလို့ မြင်တယ်ဆိုရင် ကျ‌နော်ပြန်ပြီးပြင်လို့ တစ်ခါမှ မရခဲ့ ဘူး။ အများအားဖြင့် ကျ‌နော် ပြင်လို့မရတာ များတယ်။ နည်းနည်းပါးပါးပဲ ပြင်လို့ရတယ်။ ပြီး‌တော့ ကျ‌နော်ရင်ဆိုင်ရတဲ့ အခက် အခဲကို ကိုယ့်ရဲ့အရည်အချင်းနဲ့ စိတ်ဓာတ်(ခံယူချက်)ကို မြှင့်တင်ပြင်ဆင်ဖို့ အခွင့်အ‌ရေးတစ်ခုအဖြစ် သ‌ဘောထားတယ်။ ဒါ ‌ကြောင့်မို့ ကျ‌နော်ရင်ဆိုင်ရတဲ့ အခက်အခဲက ကျ‌နော်ဖြစ်‌စေချင်တဲ့အတိုင်း မဖြစ်တာများတယ်။

– ဒီနှစ် ဇန်နဝါရီလ (၃၁)ရက်‌နေ့ဟာ ကရင်‌တွေ အမျိုးသား‌ရေးအတွက် လှုပ်ရှား‌ဆောင်ရွက်ခဲ့တဲ့ ‌တော်လှန်‌ရေးသက်တမ်း (၆၇)နှစ် ပြည့်‌မြောက်ခဲ့ပြီ။ ဒါ‌ကြောင့်မို့ ‌တော်လှန်‌ရေးဆိုတာကို ဗိုလ်ချုပ်အ‌နေနဲ့ ဘယ်လိုနားလည်လဲ။
ကျ‌နော်နားလည်တာက မမှန်မကန် ၊ တရားမျှတမှု မရှိတာကို ‌တော်လှန်ခြင်းဟာ ‌တော်လှန်‌ရေးပါပဲ။ အစီအစဉ်တကျ နဲ့ နည်းမှန်လမ်းမှန်ဖြစ်မယ်ဆိုရင် ‌တော်လှန်စရာ မလိုဘူး။ ဒါ‌ကြောင့်မို့ ‌တော်လှန်‌ရေးရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုရမယ်ဆိုရင် တရား မျှတမှုမရှိတာကို ‌တော်လှန်ဆန့်ကျင်ပြီး တရားမျှတမှုနဲ့ အစားပြန်ထိုးလိုက်ခြင်းဖြစ်ပါတယ်။ နည်းလမ်း မမှန်မကန် ဦးစီးအုပ်ချုပ် တဲ့အစိုးရကို ဖြုတ်ချနိုင်‌အောင် တိုက်ထုတ်ပြီး အစိုးရအသစ်ကို ပြန်လည်ဖွဲ့စည်းရမယ်။ ဒီ‌နေရာမှာ တုံ့ပြန်တိုက်ခိုက်ပြီး မှန်ကန် တာကို ပြန်တည်‌ဆောက်နိုင်ရမယ်။ ဒါ‌ကြောင့်မို့ ဒီ‌တော်လှန်‌ရေးဟာ မှန်ကန်လား။ မှားလားဆိုတာ ကျ‌နော်တို့ ‌သေချာကြည့် မယ်ဆိုရင် ‌တော်လှန်‌ရေးလို့‌ခေါ်ကတည်းက မှန်တာပဲ။
ကျ‌နော်တို့ လူမျိုး(အမျိုးသား)အတွက် တရားမျှတမှု မရှိတာပဲဖြစ်‌စေ၊ ကျ‌နော်တို့ရဲ့ အခွင့်အ‌ရေးအတွက်ဖြစ်‌စေ ကျ‌နော်တို့ မဖြစ်မ‌နေ ပြန်လည်တိုက်ယူရမယ်။ နည်းလမ်းမကျ၊ မမှန်ကန်တာကို ကျ‌နော်တို့ တကယ် ‌တော်လှန်ရမယ်။ လွန်ခဲ့ တဲ့အချိန်တုန်းက ကျ‌နော်တို့ ‌တော်လှန်ခဲ့တဲ့အတိုင်း အရင်တုန်းက ဘယ်‌လောက်အထိ ရုန်းကန်ဖြည့်ဆည်းခဲ့ရလဲ။ ဘယ်‌လောက် အတိုင်းအတာအထိ ပြည့်ဝခဲ့လဲ။ ကျ‌နော်တို့ (၆၇)နှစ်အ‌တောတွင်းမှာ ကြည့်မယ်ဆိုရင် ကျ‌နော်တို့လူမျိုးအ တွက် တန်ဖိုးအများကြီး ရှိပါတယ်။ တစ်မျိုးသားလုံးအတွက် ပင်ပမ်းနွမ်းနယ်ခဲ့ရတယ်။ ဘယ်‌လောက်ပဲ ပင်ပမ်းနွမ်းနယ်ခဲ့ရ‌ပေ မယ့် ကျ‌နော်တို့‌ပေးဆပ်ခဲ့ရတဲ့ တန်ဖိုး‌တွေကို တန်ဖိုးထားသင့်ရုံမက ဒီ‌တော်လှန်‌ရေးကြီး မကြန့်ကြာ‌အေင် ဒီထက် နည်းမှန် လမ်းမှန်ကျ‌အောင် ပိုပြီးလုပ်‌ဆောင်ရမယ်။ ပန်းတိုင်ကို‌ရောက်ဖို့အတွက် ကျ‌နော်တို့လုပ်ရမယ့်တာဝန် အတိအကျ ရှိတယ်။ ‌တော်လှန်‌ရေးဆိုတာ ကျ‌နော်တို့ မျက်စိ‌ရှေ့မှာတင် တရားမျှတမှန်ကန်ပြီး ပြင်ဆင်လိုက်ရင် ထင်းထင်းကြီး မြင်ရတဲ့အရာပါ။ ကျ‌နော်တို့ ကရင်တစ်ဖွဲ့တည်း ‌တော်လှန်တာ မဟုတ်ဘူး။ တခြားတိုင်းရင်းသား‌တွေလည်း မြင်ရ၊ ‌တွေ့ရကြုံရတယ်။ မမှန်ကန် တာ‌တွေ ရှိ‌နေတဲ့အတွက် ကရင်‌တွေရဲ့‌နောက်ကလိုက်ပြီး စု‌ပေါင်း‌တော်လှန်ကြတယ်။ ဒီ့ထက် ဗမာအချင်းချင်း သူတို့ရဲ့ လူမျိုး ကြီးဝါဒကို ပြန်ပြီး ဆန့်ကျင်တဲ့အဆင့်အထိပါပဲ။ ပန်းတိုင်ကို‌ရောက်ဖို့အတွက် ‌အောင်နိုင်တဲ့ ‌တော်လှန်‌ရေး‌တွေ ရှိသလို ရှုံးနိမ့် (မ‌အောင်နိုင်)တဲ့ ‌တော်လှန်‌ရေးရှိတဲ့အတွက် ဒီ‌တော်လှန်‌ရေးဟာ ရှုံးတဲ့‌တော်လှန်‌ရေးမဖြစ်‌အောင် တခြား‌တော်လှန်‌ရေး‌တွေဆီ က‌နေ သင်ခန်းစာ ကျယ်ကျယ်ပြန့်ပြန့်ယူပြီး နည်းမှန်လမ်းမှန်ဖြစ်‌အောင် သင်ယူရမယ်။ မှန်ကန်‌ကောင်းမွန်တဲ့လမ်းကို ပြင်ဆင် ယူပြီး ပန်းတိုင်ကိုသွားရမယ်။ ကျ‌နော် အဲဒီလိုပဲ မြင်တယ်။

– ကရင့်‌တော်လှန်‌ရေးရဲ့ ‌မျှော်မှန်းချက်က ဘာ‌တွေဖြစ်မလဲ။
‌တော်လှန်‌ရေးအစက တိုင်းပြည်လိုချင်တာကို ‌မျှော်လင့်ခဲ့တယ်။ တိုင်းပြည်လိုချင်ရင် တိုက်ယူပါ။ အဲဒီလို‌ပြောတယ်။ ကျ‌နော့်သ‌ဘောထားက ‌တော်လှန်‌ရေးဆိုတာ ကျ‌နော်တို့လူမျိုးအခွင့်အ‌ရေးကို ပြန်ပြီး တိုက်ယူခြင်း ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ အုပ်ချုပ်‌ရေးပိုင်းဆိုင်ရာ‌တွေ ပြန်တည်‌ဆောက်ဖွဲ့စည်းဖို့ဖြစ်တယ်။ တိုင်းပြည်ကြီးသည်ဖြစ်‌စေ၊ ငယ်သည်ဖြစ်‌စေ၊ ပြည်နယ်ပဲဖြစ် ဖြစ်၊ ပြည်မပဲဖြစ်ဖြစ် ကျ‌နော်တို့အခွင့်အ‌ရေး‌တွေ ပြန်ရဖို့အတွက်ဖြစ်တယ်။ ‌ပြောရမယ်ဆိုရင် ကျ‌နော်တို့ အခွင့်အ‌ရေး မရှိတဲ့အ တွက် အခွင့်အ‌ရေး‌တွေကို ပြန်တိုက်ယူခြင်းပါပဲ။ လူ့အခွင့်အ‌ရေး၊ ကျ‌နော်တို့အခွင့်အ‌ရေး၊ ကျ‌နော်တို့ဘဝ‌တွေကို ပြန်တည် ‌ဆောက်ဖို့အတွက်ဆိုလည်း ‌ပြောနိုင်ပါတယ်။ အခွင့်အ‌ရေး‌တွေကို တည်‌ဆောက်တယ်ဆိုတာ လူတစ်‌ယောက်က အိုးအိမ်တည် ‌ထောင်ခွင့်၊ ‌မြေယာပိုင်ဆိုင်ခွင့်၊ ခြံ‌လေးနဲ့ရှိမယ်။ ချက်ပြုတ်စား‌သောက်ဖို့ အားလုံး ရှိပါတယ်။ ဒါ‌ကြောင့်မို့ ကျ‌နော်တို့ရဲ့ ‌ပျောက် ဆုံး‌နေတဲ့အခွင့်အ‌ရေးကို ပြန်တိုက်ယူခြင်းပါပဲ။
တခြားလူမျိုး‌တွေ အခွင့်အ‌ရေးရှိသလို ကျ‌နော်တို့ကလည်း အခွင့်အ‌ရေးတန်းတူ အပြည့်အဝ ရှိရမယ်။ ကျ‌နော်တို့ အခွင့်အ‌ရေး‌တွေ ပြန်တိုက်တာဖြစ်တဲ့အတွက် ကျ‌နော်တို့ ပိုင်ဆိုင်ခွင့်ရှိတဲ့အတိုင်း အိမ်ရာတည်‌ဆောက်ခွင့်၊ တိုင်းပြည်အုပ်ချုပ် ‌ရေးကဏ္ဍ၊ ကိုယ့်ကိုယ်ကို ဘယ်လို စီမံအုပ်ချုပ်မလဲ။ ဘယ်လို ရှင်သန်‌နေထိုင်ကြမလဲ။ ကျ‌နော်တို့လူမျိုးအတွက် ဘယ်လို ‌ဆောင်ရွက်‌ပေးမလဲဆိုတာ တစ်ဆင့်ပြီးတစ်ဆင့် လာပါလိမ့်မယ်။ ဒါ‌ကြောင့်မို့ တိုင်းပြည်ကို တိုက်ယူခြင်း၊ ‌မြေယာ‌ဒေသကို တိုက်ယူခြင်း၊ အခွင့်အ‌ရေးကို တိုက်ယူခြင်း ဖြစ်တယ်။ ကျ‌နော်‌ပြောချင်တာက ကရင်‌တွေအတွက် ရသင့်ရထိုက်တဲ့ လူ့အခွင့်အ ‌ရေး တိုက်ယူ‌ပေးခြင်းဖြစ်ပါတယ်။ တိုက်ယူလို့‌အောင်မြင်ပြီးဆိုရင် ဘယ်လိုတည်‌ဆောက်ဖွဲ့စည်းမလဲဆိုတာ ကျ‌နော်တို့လူမျိုးရဲ့ ရည်မှန်းချက်အ‌ပေါ်မှာပဲ မူတည်တယ်။

– အခုလက်ရှိ ကရင်‌တွေ ရုန်းကန်လှုပ်ရှား‌နေတဲ့ ‌တော်လှန်‌ရေးကို ကြည့်မယ်ဆိုရင် ငြိမ်းချမ်း‌ရေးတည်‌ဆောက်တဲ့အ‌ပေါ်မှာ ဗိုလ်ချုပ်တစ်‌ယောက်အ‌နေနဲ့ ဘယ်လိုမြင်ပါသလဲ။
အခု ငြိမ်းချမ်း‌ရေးတည်‌ဆောက်တယ်ဆိုတာကို‌တော့ လုပ်ငန်းအစီအစဉ်လို့ပဲ မြင်တယ်။ ဒါ‌ပေမယ့် ကျ‌နော်တို့ ကြိုတင် ပြင်ဆင်မှု အပြည့်အဝ မရှိ‌သေးဘဲနဲ့ သွား‌နေတဲ့အတွက် အ‌နောက်က‌နေ အမြဲတမ်း အနည်းငယ် ‌နောက်ကျ‌နေတယ်။ ဆိုလိုချင် တာက အပစ်ခတ်ရပ်စဲ‌ရေးလုပ်မယ်။ နိုင်ငံ‌ရေး‌ဆွေး‌နွေးမယ်။ ‌ကျေ‌ကျေလည်လည် ‌ဆွေး‌နွေးမယ်ဆိုတာ လုပ်သင့်တဲ့အချိန်နဲ့ ကြိုတင်ပြင်ဆင်မှုရှိရမယ်။ ကျ‌နော်တို့ သွား‌တော့မယ်လို့ တိုင်းတာလိုက်တာနဲ့ ‌ခြေလှမ်း‌တော့မယ်လို့ ပြင်ဆင်လိုက်တာနဲ့ သွားရ မယ်။ တစ်ချို့က‌တော့ မ‌စောဘူး၊ မ‌နောက်ကျဘူးလို့လည်း မြင်တယ်။ အ‌တော်ပဲ။ တချို့ကျပြန်‌တော့လည်း အခုဟာ ‌နောက်ကျ ‌နေပြီ။ လုပ်သင့်တာကြာပြီ။ ကျ‌နော်က‌တော့ အဲဒီလိုမမြင်ဘူး။ ကျ‌နော်တို့ အ‌ခြေအ‌နေကို ကြည့်မယ်ဆိုရင် မြန်မာအစိုးရက အပစ်ခတ်ရပ်စဲ‌ရေးအတွက် အစီအစဉ် အတိအကျ၊ လမ်း‌ကြောင်း ‌သေ‌သေချာချာ ချထားခဲ့ပြီ။ လွန်ခဲ့တဲ့ကာလတုန်းကဆိုရင် ပစ်ခတ်ရပ်စဲချင်ရင် လက်နက်စွန့်လွှတ်‌ရေးကိုပဲ ‌ပြောရတယ်။ တစ်ဖက်က စဉ်းစားမယ်ဆိုရင် ‌ကြောက်စရာ‌ကောင်းစွာ သွားရ မယ့်လမ်းဖြစ်ပါတယ်။
သူတို့ အပစ်ခတ်ရပ်စဲချင်တယ်။ ပြီးရင် ဖွံ့ဖြိုး‌ရေး၊ ပြီးမှ နိုင်ငံ‌ရေးကို ‌နောက်မှ‌ပြောမယ်။ ဒီအစီအစဉ်က ပစ်ခတ်ရပ်စဲ‌ရေး လုပ်မယ်။ ပြီးရင် ကျ‌နော်တို့ရဲ့ အရည်အ‌သွေး၊ ခံယူချက်၊ အကျင့်စာရိတ္တ‌တွေကို ဖျက်ဆီးမယ်။ တခါတ‌လေ သူတို့ ‌ပြောထုတ် လိုက်‌သေးတယ်။ ဒါကိုကြည့်ပြီး ကျ‌နော်တို့ စိုးရိမ်တယ်။ ‌ပြောချင်တာက ကျ‌နော်တို့ သာမန်အခွင့်အ‌ရေး‌လေးမှာ မ‌မျှောပါဖို့အ တွက် ဖြစ်ပါတယ်။ အကျိုးမရှိတဲ့ စည်းရုံး‌ရေး‌တွေမှာ မ‌မျှောပါဖို့အတွက် ကျ‌နော်တို့ ‌သေ‌သေချာချာ ကြိုတင်ပြင်ဆင်ပြီးမှ ဖြည်း ဖြည်းချင်း သွားရမယ်။ ဒါ‌ကြောင့်မို့ အခုက အနည်းငယ် မှီ‌သေးတယ်။ ဘာဖြစ်လို့လဲဆိုရင် တည့်တည့်‌ပြောရရင် ဒီ ၂နှစ်၊ သုံးနှစ် အတွင်းမှာ အခွင့်အ‌ရေးအ‌ပေါ် မူတည်ပြီး ‌ပြောင်းလဲမှု‌တွေ တဖြည်းဖြည်း ရှိလာတယ်။ ကျ‌နော်တို့ပြည်သူ‌တွေကို မျှားတာပဲဖြစ် ဖြစ်၊ တာဝန်ရှိသူ‌တွေကို မျှားတာပဲဖြစ်ဖြစ် အ‌ခြေအ‌နေ‌တွေက စိုးရိမ်စရာ ဖြစ်တယ်။ ကျ‌နော်တို့ ‌ခြေကုပ်ထားပြီး ကြိုတင်ပြင် ဆင်မှု‌တွေ တိတိကျကျ မရှိ‌သေးတဲ့‌နေရာ‌တွေမှာ သူတို့ရဲ့အုပ်ချုပ်‌ရေး‌တွေကို လာချထားတာ တချို့ရှိတယ်။ ကျ‌နော်တို့ အသင့် အတင့် ကြိုတင်ပြင်ဆင်ပြီးရင်‌တော့ သွားချင်သလိုသွား စိုးရိမ်စရာ မရှိဘူး။ ကျ‌နော် ဒီလိုမြင်တယ်။

– ဒီဇန်နဝါရီလ (၃၁) ရက်‌နေ့မှာ ကျ‌ရောက်တဲ့ ကရင့်‌တော်လှန်‌ရေး‌နေ့မှာ ပြည်သူ‌တွေကို ဘာ‌ပြောချင်ပါသလဲ။
ဒီက‌နေ့က ‌တော်လှန်‌ရေး‌နေ့ ပြန်ကျ‌ရောက်တဲ့ သာမန်‌နေ့‌လေးပါပဲ။ ကျ‌နော် ဒီလိုတစ်ခါမှ မလုပ်ဖူးဘူး။ ကျ‌နော်မြင်ရ တာက နယ်ခြား‌စောင့်တပ်‌တွေလည်း တချို့လာကြတယ်။ ကျ‌နော်တို့ညီအစ်ကိုချင်း ‌နောက်လိုက်အတူတကွ သွားကြတယ်။ ကျ‌နော်တို့ ရာခိုင်နှုန်းပြည့် အာမခံပြီး ပြန်လည်‌ပေါင်းစည်းလို့ မရ‌သေးတဲ့အတွက် ဒီပွဲမှာလာပြီး တိုင်ပင်‌ဆွေး‌နွေး‌ပြောဆိုကြ တယ်။ ဒါ‌ကြောင့်မို့ ကျ‌နော်‌ပြောချင်တာက အခု ပစ်ခတ်ရပ်စဲလို့ ‌ပြောတယ်။ ကျ‌နော်တို့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို သွားမှာဖြစ်တဲ့အ တွက် ကွဲပြဲ‌နေတဲ့ လက်နက်ကိုင်အဖွဲ့‌တွေကိုဖြစ်‌စေ၊ ပြည်သူ‌တွေကိုဖြစ်‌စေ ခုအချိန်က အရင်ထက် ကျ‌နော်တို့ စုစည်းနို်င်တယ်။ ‌ပြောချင်တာက ခုချိန်က ‌သေနတ်နဲ့စစ်တိုက်တဲ့ အချိန်မဟုတ်ဘူး။ ‌သေနတ်သံမမြည်ဘူး။ ဒါ‌ပေမယ့် စိတ်နှုံး‌ခွေတယ်။ စိတ်ပျက် တယ်။ ‌မျှော်လင့်ချက်‌တွေ ‌ပျောက်ဆုံးတယ်။ အမြင်မရှင်းလင်းဘူး။ ဒီလို တိုက်ခိုက်တဲ့ နည်းလမ်းကို ခင်းထားတယ်ဆိုတာ အကြိမ်ကြိမ် ရှိခဲ့တဲ့အတွက် ကျ‌နော်‌ပြောချင်တာက သတိထားပါ။
စည်းကမ်းနဲ့မညီတဲ့ အခွင့်အ‌ရေးပဲဖြစ်‌စေ၊ မူးယစ်‌ဆေးဝါးပဲဖြစ်ဖြစ် ဒါ‌တွေက ကျ‌နော်တို့ထဲမှာ၊ ကျ‌နော်တို့ရဲ့‌အောက် ‌ခြေအတွင်း၊ လူငယ်လူရွယ်‌တွေအတွင်းမှာ အခွင့်အ‌ရေး‌တွေများပြီး ပျက်စီးဖို့ များများ ဝင်‌ရောက်ဖြစ်‌ပေါ်‌စေတဲ့အတွက် အလွန် စိုးရိမ်စရာဖြစ်ပါတယ်။ ‌သေနတ်သံ‌တွေ မမြည်‌တော့တဲ့အတွက် တိုက်ပွဲ‌တွေ မရှိ‌တော့ဘူး။ ဒါ‌ပေမယ့် စစ်‌အေးတိုက်ပွဲဟာ ကိုယ့် ရဲ့ရည်မှန်းချက်၊ စိတ်ဓာတ်၊ အ‌တွေးအ‌ခေါ်‌တွေ ‌ပျောက်ဆုံးကုန်မှာဖြစ်တဲ့အတွက် ပိုပြီး ‌ကြောက်စရာ‌ကောင်းတယ်။ ‌လေ‌တွေ၊ မိုး‌တွေနဲ့ အ‌ငွေ့‌တွေက ကျ‌နော်တို့ကို ဘယ်လိုလာထိပါးမလဲ။ အသံမမြည်တာ ‌သေနတ်သံမြည်တာထက် ပိုပြီး သတိထားရ မယ်။ ကျ‌နော် ပြည်သူ‌တွေကို အဲဒီလိုပဲ ‌ပြောချင်တယ်။ ကြိုတင်ထားမယ်ဆိုရင် ကျ‌နော်တို့ ကျရှုံးမှာ မဟုတ်ဘူး။ သူတို့ ကျ‌နော် တို့ကို ‌ချောက်ထဲပဲတွန်းတွန်း၊ ‌မြောင်းထဲပဲချချ ကျ‌နော်တို့‌ရောက်မှာမဟုတ်ဘူး။ အဲဒီလို သ‌ဘောမထားဘူးဆိုရင် တစ်‌နေ့မှာ ကျ‌နော်တို့‌ခေါင်း‌တွေ အမှိုက်ပုံးထဲ‌ရောက်ပြီး တန်ဖိုးမရှိတဲ့သူဖြစ်သွားလိမ့်မယ်။ သူတို့(ဗမာအစိုးရ)‌တွေရဲ့ အစီအစဉ်‌တွေ အထ ‌မြောက်ပြီး ကျ‌နော်တို့ ရှုံးလိမ့်မယ်။

– အခုလက်ရှိ ကရင်‌တွေရဲ့လှုပ်ရှား‌ဆောင်ရွက်မှု‌တွေက အဖွဲ့‌တွေများပြီး လက်နက်ကိုင်လည်းများတဲ့အတွက် အဲဒါ‌တွေ တစုတ စည်းတည်း တစ်ဖွဲ့တည်းဖြစ်ဖို့အတွက် သူတို့ကို ဘယ်လိုဝိုင်းကူထိန်း‌ပေးဖို့ ရှိလဲ။
ကျ‌နော်အမြဲတမ်း‌ပြော‌လေ့ရှိတယ်။ ကျ‌နော်တို့ နားလည်မှုလွဲလို့ ကွဲတယ်။ တခါတ‌လေကျ‌တော့ ဘာအ‌ကြောင်းမ မဟုတ်ဘဲ ကြားရတာနဲ့ ထင်တာ‌လေးနဲ့ပဲ ရန်ဖြစ်ကြတယ်။ ရန်ဖြစ်လို့ကွဲတာပဲဖြစ်ဖြစ်၊ အကွဲအပြဲ‌တွေ ဖြစ်တာပဲ။ တခါတ‌လေ ပြန်စဉ်းစားရင် လူနှစ်‌ယောက် ရန်ဖြစ်ကြတယ်။ စိတ်ဆိုးကြ‌ပေမယ့် ပြန်ဆုံကြပြီး အခက်အခဲ‌တွေ၊ ခံစားချက်‌တွေကို နှစ်ဦးနှစ် ဖက် ပြန်‌ပြော‌ဆွေး‌နွေးကြတဲ့အခါကျ‌တော့ နားလည်သွားကြတယ်။ ‌ဪ… ငါ အဲဒီလိုမသိလို့ နင့်ကိုအထင်လွဲတယ်။ နင် ငါ့ကို အထင်လွဲတယ်။ တခါတ‌လေ‌တော့ ရှိလိမ့်မယ်။ ဒါ‌ကြောင့်မို့ အဲဒါ‌တွေကို ပြန်တည်‌ဆောက်ဖို့အတွက် ကျ‌နော်ရဲ့စကား(‌မောထို့) က “‌တွေ့ဆုံ‌ဆွေး‌နွေးခြင်းက နားလည်မှုကို ဖြစ်‌ပေါ်‌စေတယ်။ နားလည်မှုက စည်းလုံး‌ရေးကို ဖြစ်‌ပေါ်‌စေတယ်။ စည်းလုံး‌ရေးက အင်အားကို ဖြစ်‌ပေါ်‌စေတယ်။ အင်အားက ပန်းတိုင်ကို ပို့‌ဆောင်မှာဖြစ်ပါတယ်” ဆိုတာပါပဲ။
ဒါ‌ပေမယ့် ‌နောက်ပိုင်း နှစ်‌တွေကြာလာ‌တော့ မပြည့်စုံ‌တော့ဘူး။ ‌တွေ့ဆုံ‌ဆွေး‌နွေးတာနဲ့ တင် နားလည်မှုကို မဖြစ်‌ပေါ် ‌စေနိုင်‌တော့ဘူး။ နားလည်မှုကလည်း စည်းလုံး‌ရေး မ‌ဖေါ်‌ဆောင်နိုင်ဘူး။ စည်းလုံး‌ရေးကလည်း အင်အားကို မဖြစ်‌စေနိုင်‌သေး ဘူး။ ကျ‌နော် ထပ်ဖြည့်စွက်ချင်တာက “ပွင့်ပွင့်လင်းလင်း ၊ မှန်ကန်တဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေးခြင်းက နားလည်မှုကို ဖြစ်‌ပေါ်‌စေမယ်။ ရှင်းရှင်းလင်းလင်း၊ နည်းမှန်လမ်းမှန်တဲ့ နားလည်မှုကလည်း စည်းလုံး‌ရေးကို ဖြစ်‌ပေါ်‌စေတယ်။ နည်းလမ်းကျတဲ့ စည်းလုံး‌ရေးက လည်း အင်အားကို ဖြစ်‌ပေါ်‌စေပြီး ‌အောင်ပွဲဆီကို ပို့‌ဆောင်မှာ ဖြစ်ပါတယ်”။ ဘာ‌ကြောင့် ကျ‌နော် အဲဒီလို‌ပြောတာလဲဆို‌တော့ မ‌ကောင်းတဲ့၊ မမှန်တဲ့ဘက်ကို စည်းလုံးတဲ့ စည်းလုံး‌ရေး၊ ‌တွေ့ဆုံ‌ဆွေး‌နွေးခြင်းကလည်း အ‌ပေါ်ယံ‌ဆွေး‌နွေးခြင်း၊ ‌တွေ့ဆုံတုန်း လည်း မှန်မှန်ကန်ကန်၊ ပွင့်ပွင့်လင်းလင်း မ‌ပြောဆိုကြတဲ့အတွက် ‌တွေ့ဆုံ‌ဆွေး‌နွေးကြ‌ပေမယ့် တည်‌ဆောက်ကြလို့ မရဘူး။ ဒါ‌ကြောင့်မို့ ‌တွေ့ဆုံ‌ဆွေး‌နွေးခြင်းက နားလည်မှုကို မတည်‌ဆောက်နိုင်သလို၊ နားလည်မှုကလည်း စည်းလုံး‌ရေးကို မဖြစ်‌ပေါ် ‌စေဘဲ အင်အားကလည်း မလုံ‌လောက်‌တော့ဘူး။

– ကရင်‌တွေရဲ့ အမျိုးသာ‌ရေး ရုန်းကန်လုပ်‌ဆောင်မှု‌တွေက မပြီးဆုံး‌သေးဘူး။ ဒါ‌ကြောင့် မပြီးဆုံး‌သေးတဲ့ တာဝန်‌တွေကို လူငယ် ‌တွေ ဆက်လက်ထမ်း‌ဆောင်နိုင်‌အောင် သူတို့ကို ဘာ‌တွေ ‌ပြောချင်ပါသလဲ။
ခု‌ခေတ်အချိန်အခါက နုနယ်သည်၊ အိုမင်းသည်ဖြစ်‌စေ၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်ပဲဖြစ်ဖြစ် ကျ‌နော် ‌ပြော ချင်တာက ငယ်ရွယ်က‌လေးဘဝတုန်းက က‌လေးအ‌တွေး၊ ‌ကျောင်း‌နေအရွယ်မှာ ‌ကျောင်းသူ‌ကျောင်းသားအ‌တွေး၊ ငယ်ရွယ်ချိန် မှာ လူငယ်အ‌တွေး၊ လူကြီးဖြစ်ပြန်‌တော့ လူကြီးအ‌တွေး‌တွေကို ‌တွေးပါ။ အားငယ်စရာ၊ စိတ်ဆင်းရဲစရာ မလိုဘူး။ အ‌တွေ့အကြုံ ထဲက ‌လေ့လာသင်ယူပြီး ဘဝကို တန်ဖိုးထားပါ။ ဆင်းရဲပင်ပမ်းတာပဲဖြစ်ဖြစ်၊ ‌တော‌နေ၊ မြို့‌နေသည်ဖြစ်‌စေ ဝမ်းသာလွန်း၊ ဝမ်း နည်းလွန်းဖို့လည်း မလိုဘူး။ အချိန်ကို တန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။ လူမှုပတ်ဝန်းကျင်အတွက် တန်ဖိုးရှိ‌အောင် ဘယ်လိုရှင်သန်‌နေထိုင်မလဲ။ လူမျိုး(အမျိုးသား)‌ရေးအတွက် တန်ဖိုးရှိ‌အောင်၊ မိဘအတွက်၊ အဖွဲ့အစည်းအတွက် အကျိုးရှိ ‌အောင် ဘယ်လိုရှင်သန်‌နေထိုင်မလဲ။ ကိုယ့်ရဲ့အနာဂတ်ကို ဘယ်လိုတည်‌ဆောက်မလဲ။ ကိုယ့်လူမျိုးရဲ့ ဘဝကို ဘယ်လိုမြင်ချင် လဲ။ သူ့ကဏ္ဍနဲ့သူ တစ်ဆင့်ချင်း ဖြစ်လာမှာပဲ။
လူငယ်‌တွေကို ‌ပြောချင်တာ လူကြီး‌တွေ လုပ်‌ဆောင်ခဲ့ပြီးပြီ။ သူတို့‌နောက်ကို လိုက်မမှီဘူး။ အဆက်ပြတ်ပြီ။ အားမ ငယ်ပါနဲ့ ။ ကိုယ်ရဲ့လက်ရှိအချိန်ကို တန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ။ သိမ်ဖျင်းတဲ့သူ၊ အသုံးမကျ၊ တန်ဖိုးမရှိတဲ့သူ မဖြစ်‌စေနဲ့။ ကိုယ့်ကိုယ်ကိုနဲ့ အချိန်ကို တန်ဖိုးထားပါ။ အ‌တွေ့အကြုံထဲက တဖြည်းဖြည်းချင်း သင်ယူပါ။ ကိုယ့်အမျိုးသားရဲ့ လို အပ်ချက်‌တွေ တကယ်ပြည့်စုံ‌တော့မှာပါ။ ကျ‌နော် အဲဒီလိုပဲ ယုံကြည်တယ်။
IMG_5061
– အခု မြန်မာပြည်မှာ အစိုးရအသစ်တဖွဲ့ တက်လာ‌တော့မှာ ဖြစ်ပါတယ်။ အခု အစိုးရသစ် တက်လာမယ့်အ‌ပေါ်မှာ ဘယ်လိုမြင် ပါသလဲ။
အသစ်တက်လာမယ့်အစိုးရနဲ့ ပတ်သက်ပြီး ၁၉၉ဝတုန်းက စစ်အစိုးရကို အများက မနှစ်သက်တဲ့အတွက် အ‌ပြောင်းအ လဲတစ်ခုဖြစ်ဖို့အတွက် မဲ‌တွေ ‌ပေးခဲ့ကြတယ်။ ဒါ‌ပေမယ့် မဟာဗမာလူမျိုးကြီးဝါဒ၊ စစ်အစိုးရက သူ့ကို အခွင့်အ‌ရေးမ‌ပေးခဲ့ဘူး။ ‌နောက်ပြီး ‌ရှေ့ဆက်မသွားနိုင်‌အောင် စစ်အစိုးရက အစီအစဉ်‌တွေ တစ်ဆင့်ချင်း ချထားခဲ့တယ်။ ‌ဒေါ်‌အောင်ဆန်းစုကြည်ကို နှစ်‌ပေါင်း (၂၀)‌ကျော်‌လောက် ထိန်းထားခဲ့တယ်။ ‌ထောင်ချခဲ့တယ်။ မှန်တာမမှန်တာ ၊ ဟုတ်တာမဟုတ်တာ သူ့လက်ထဲမှာပဲ ရှိ တယ်။ ဘာမှမလုပ်နိုင်ခဲ့ဘူး။ နှစ်‌တွေကြာလာပြီး ခုချိန်ထိတိုင်‌အောင် အများပြည်သူက အ‌ပြောင်းအလဲ၊ တိုင်းပြည်ငြိမ်းချမ်းတာ၊ တခြားနိုင်ငံနည်းတူ ဖွံ့ဖြိုးတိုးတက်တာကို လိုချင်တယ်။ ကရင်ပြည်သူပဲဖြစ်ဖြစ်၊ ဗမာပြည်သူဖြစ်ဖြစ်၊ ပြည်သူအများက အဲဒီလိုမြင်ကြတယ်။ အ‌ပြောင်းအလဲဖြစ်‌အောင် ဒီတစ်‌ယောက်တည်းကိုပဲ မြင်တဲ့အတွက် အရင်ကအတိုင်း မဲပြန်‌ပေးကြတယ်။ အ‌ပြောင်းအလဲအတွက် ‌ရှေ့ဆက်သွားနိုင်ဖို့ဖြစ်‌စေ၊ အစိုးရသစ်တက်ပြီး တိုင်းသူပြည်သား‌တွေနဲ့ အဆင်‌ပြေဖို့ဖြစ်‌စေ၊ လူမျိုး တိုင်းအတွက် အဲဒီလို စဉ်းစားမှု‌တွေ‌ကြောင့် သူ့ကို‌ပေးတာဖြစ်တယ်။ အစိုးရသစ်အတွက် လွယ်ကူတဲ့ အလုပ် မဟုတ်ဘူး။
အစိုးရ‌ဟောင်းက နှစ်‌ပေါင်း (၂၀)‌ကျော်အတွင်း သူ့ရဲ့စစ်အုပ်ချုပ်‌ရေး‌တွေကို ထိပ်ဆုံးက‌နေပြီး ‌အောက်ကိုတစ်ဆင့် ချင်း ‌ကျေးလက်ပြည်သူ‌တွေအတွင်းမှာ သူတို့ရဲ့စစ်သား‌ဟောင်း (တစ်‌သွေး၊တစ်သံ၊ တစ်မိန့်)‌တွေက ချထား‌ပေးခဲ့ပြီ။ အ‌ခြေခံ ဥပ‌ဒေကိုပြင်ချင်‌ပေမယ့် ပြင်လို့မရဘူး။ ဘယ်လိုပဲလုပ်ချင်ချင် အခက်အခဲက ‌တော်‌တော်ကြီးတယ်။ သူ့ကို ‌မျှော်လင့်ဖို့အတွက် ‌မျှော်လင့်ချက် အနည်းငယ်ပဲ ရှိတယ်။ ပြည်သူ‌တွေက ‌ထောက်ခံတဲ့အတွက် ပြည်သူ့ဆန္ဒကို လိုက်‌လျောရမှာဖြစ်သလို ကျ‌နော် တို့ဆန္ဒနဲ့ ပြည်သူ့ဆန္ဒ တစ်ထပ်တည်းဖြစ်တဲ့အတွက် အခွင့်အ‌ရေး‌တွေ နည်းနည်းပိုရလာလိမ့်မယ်။ အဲဒီမှာ ကျ‌နော်မြင်တာ စစ် အစိုးရက လုပ်ပိုင်ခွင့်ရှိတဲ့အဆင့်အထိ ‌ပေးမှာ မဟုတ်ဘူး။ အဓိကအခွင့်အ‌ရေးကြီးကို‌တော့ သူက ဆုပ်ကိုင်ထားမှာပဲ။ ‌ဒေါ်‌အောင်ဆန်းစုကြည်ရဲ့ ကြိုးစား‌ဆောင်ရွက်မှုနဲ့ ပြည်သူ‌တွေရဲ့ ကြိုးစား‌ဆောင်ရွက်မှု‌ကြောင့် တဖြည်းဖြည်း ဖြစ်လာမယ်။ ကျ‌နော်တို့ကလည်း အစိုးရသစ်ဆီက အခွင့်အ‌ရေးရရှိမယ်ဆိုတဲ့ ‌မျှော်လင့်ချက် အသင့်အတင့်ပဲ ထားမယ်။
ကျ‌နော်‌ပြောချင်တာက အစိုးရ‌ဟောင်းကလည်း အရင်လို လိမ်လည်ဖို့ မရ‌တော့ဘူး။ အသစ်တစ်ခါ ထပ်‌ပေါက်ကွဲမယ် ဆိုရင် (၈၈)တုန်းကထက် ပိုဆိုးလိမ့်မယ်။ ဒီအတွက် သူကိုယ်သူ‌လျှော့ချပြီး တဖြည်းဖြည်းနဲ့ အဲဒီလိုလုပ်မှာပဲ။ သူ့ကိုယ်သူလည်း ကာကွယ်ဖို့ ကြိုးစားလိမ့်မယ်။ ‌ဒေါ်‌အောင်ဆန်းစုကြည်ကလည်း လုံးဝအခွင့်အ‌ရေး မရှိတာ မဟုတ်ဘူး။ နည်းနည်းပါးပါး ရှိ တယ်။ ကျ‌နော်တို့ကလည်း ပန်းတိုင်‌ပျောက်မလားဆို‌တော့ မ‌ပျောက်ပါဘူး။ မှန်ကန်တဲ့ လှုပ်ရှား‌ဆောင်ရွက်မှုဆိုရင် သုံးပွင့်ဆိုင် ဆက်‌တွေ့ဆုံ‌ဆွေး‌နွေးပြီး ကိုယ့်ကဏ္ဍနဲ့ကိုယ် ပြန်လည်တိုက်ယူ(ရယူ)ရမှာဖြစ်ပါတယ်။ အသုံးမကျလို့ လွဲ‌ချော်မယ်ဆိုရင် လွဲ ‌ချော်တဲ့သူက ခံရမှာပဲ။

– ဗိုလ်ချုပ်ရဲ့ မိခင်အစည်းအရုံးရဲ့ နိုင်ငံ‌ရေးလှုပ်ရှား ‌ဆောင်ရွက်မှုကဏ္ဍကို ပို‌ကောင်း‌အောင် ဘယ်လိုလုပ်သင့်လဲလို့ မြင်ပါသလဲ။
အစိုးရအသစ်ဖြစ်ဖြစ်၊ အစိုးရ‌ဟောင်းပဲဖြစ်ဖြစ် မိခင်အစည်းအရုံးက ယခင်အစိုးရနဲ့ ဘယ်‌လောက် ပူး‌ပေါင်းလုပ်‌ဆောင် ခဲ့လဲ။ ‌ရှေ့အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲ။ အစိုးရသစ်နဲ့ ဘယ်လိုလုပ်‌ဆောင်သင့်လဲ။ အကုန်လုံးနဲ့ ပူး‌ပေါင်းလုပ်‌ဆောင်ရမယ် ကျ‌နော်ထင်တယ်။ လက်မှတ်မထိုးတဲ့ တိုင်းရင်းသားအဖွဲ့‌တွေနဲ့ ဘယ်လိုပူး‌ပေါင်းလုပ်‌ဆောင်မလဲ။ နိုင်ငံ‌ရေး‌ဆွေး‌နွေးဖို့ အင်အား အတွက်ပဲဖြစ်‌စေ၊ ကာကွယ်‌ရေးအင်အားအတွက်ဖြစ်‌စေ နိုင်ငံ‌ရေး‌ဆွေး‌နွေးဖို့အတွက်ဖြစ်‌စေ ကျ‌နော်တို့အင်အား‌တွေ မညှိုးနွမ်းရ ‌အောင် အများတန်ဖိုးထားဖို့အတွက် စစ်‌ရေးစစ်ရာ‌တွေမှာ နားလည်‌အောင် ကျ‌နော်တို့ ထိန်းရမယ်။
နိုင်ငံ‌ရေးစားပွဲ‌ပေါ်မှာ အသံတစ်သံတည်း ထွက်ဖို့ ကျ‌နော်တို့ ညှိနှိုင်းရမယ်။ အခု ကျ‌နော်တို့ လွန်သွားရင် ကျန်ခဲ့သူ ‌တွေကို ပြန်ဆွဲ‌ခေါ်ရမယ်။ ပြီးမှ အတူတူ စည်းစည်းလုံးလုံးသွားကြမယ်။ ‌ခေါင်းအလုံး‌ပေါင်းများ‌တော့ ကြံဆမှု‌တွေရှိပြီး ‌ရှေ့ဆက် သွားလို့ရမှာ ဖြစ်ပါတယ်။ ယခင်အစိုးရ လုပ်ခဲ့တဲ့အတိုင်း ကျ‌နော်တို့ အတင်း‌မျောချပြီး အဲဒီလိုသွားခဲ့တယ်။ အခု အစိုးရသစ် တက်ရင် လူမျိုးတစ်မျိုးစီကို အသိအမှတ်ပြုရမယ်။ လူသစ်၊ လူ‌ဟောင်း ‌ရော‌နေတဲ့အ‌ပေါ်မှာ ကျ‌နော်တို့ ‌သေချာ‌တွေး‌တောပြီး ကြိုတင်ပြင်ဆင်သွားရမယ်။ အားလုံးကို ရင်ဆိုင်နိုင်ဖို့အတွက် တစ်ဆင့်ပြီးတစ်ဆင့် ကြိုတင်ပြင်ဆင်ထားရမယ်။

– ‌နောက်ဆုံးအ‌နေနဲ့ ဘာ‌တွေကို ထပ်ဖြည့်စွက်‌ပြောချင်ပါသလဲ။
ကျ‌နော်တို့‌တော်လှန်ခဲ့တာ နှစ်‌ပေါင်းကြာပြီ။ အနှစ်(၅၀)၊ နှစ် (၆၀)၊ ပြီး‌တော့ (၆၇)နှစ်။ ဆိုလိုချင်တာ တန်ဖိုး‌တွေကို ပြန်တွက်ခြင်း၊ အချိန်‌တွေကို ပြန်‌ရေတွက်ခြင်းပါပဲ။ ‌ရှေ့ဆက်သွားဖို့အတွက် အချိန်‌တွေ ဒီ‌လောက်ကုန်လွန်ခဲ့ပြီဆိုတာ အဲဒါ‌တွေ ကို ပြန်‌ရေတွက်ရမှာဖြစ်တဲ့အတွက် ‌ရှေ့ဆက် ကျ‌နော်တို့ ဘာလုပ်သင့်လဲဆိုတာ ‌သေ‌သေချာချာ ‌တွေး‌တောကြံဆရမယ်။ ပြုပြင်ရမယ့်‌နေရာ‌တွေမှာ ပြုပြင်ရမယ်။ ‌ကောင်း‌အောင်လုပ်ရမယ့်‌နေရာမှာ ‌ကောင်း‌အောင် ‌ရှေ့ဆက်သွားမယ်။ ဒါ‌ကြောင့်မို့ ဒီ‌နေ့ဟာ ‌နေ့ရက်‌တွေကို ပြန်‌ရေတွက်တဲ့‌နေ့ဖြစ်ပြီး အသက်‌တွေကို စ‌တေး(‌ပေးဆပ်)ခဲ့တဲ့သူ‌တွေကို တန်ဖိုးထားတယ်။ ပြီး‌တော့ မျက်လုံး‌တွေ၊ ကိုယ်လက်အဂင်္ါ‌တွေ ‌ပေးဆပ်ခဲ့တဲ့သူ‌တွေကို တန်ဖိုးထားတယ်။ သူတို့အ‌ပေါ် သစ္စာရှိရမယ်။ ကျ‌နော်တို့ အသက် ရှင်‌နေသ‌ရွေ့ ကျ‌နော်တို့လက်ထဲမှာ တာဝန်ရှိပါတယ်။ တာဝန်ပြီးစီးသွားတဲ့ ကရင်အမျိုးသား‌တွေက‌တော့ ပြီးပြည့်စုံသွားပြီ။ သူတို့‌တွေကို တန်ဖိုးထားပြီး ဂုဏ်လည်းယူပါတယ်။ ငါတို့လူမျိုးရဲ့ဆန္ဒကို ပြည့်စုံ‌အောင် ငါတို့ လုပ်‌ဆောင်သွားမယ်။ ကျ‌နော် အဲဒီ လိုပဲ ‌ပြောချင်တယ်။ ကိုယ့်ကဏ္ဍနဲ့ကိုယ် တန်ဖိုးထားကြပြီး ‌ရှေ့ဆက်သွားဖို့အတွက် အင်အား‌တွေဖြစ်‌အောင် ပူး‌ပေါင်းကြပါစို့။