Home သတင်း သတ်မှတ်စည်းကမ်း‌ကျော်၍ အစိုးရတပ်ရိက္ခာယာဉ်တန်းကို ပစ်ခတ်ဟု ‌ကေအဲန်ယူ တပ်မဟာ(၅)‌ပြော

သတ်မှတ်စည်းကမ်း‌ကျော်၍ အစိုးရတပ်ရိက္ခာယာဉ်တန်းကို ပစ်ခတ်ဟု ‌ကေအဲန်ယူ တပ်မဟာ(၅)‌ပြော

1792

‌ဖေ‌ဖော်ဝါရီ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ ဖာပွန်ခရိုင်၊ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်- KNLA တပ်မဟာ ၅နယ် ‌မြေအတွင်း ရိက္ခာပို့‌ဆောင်လာ‌သော အစိုးရယာဉ်တန်းကို KNLA တပ်မဟာ(၅) လက်‌အောက်ခံ တပ်ဖွဲ့ဝင်အချို့က ‌ဖေ‌ဖော်ဝါရီ လ ၂၄ရက်‌နေ့က ပစ်ခတ်ခဲ့‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

KNU ဖာပွန်ခရိုင် လူ‌သောမြို့နယ် ဝါးက‌လေ့တုနှင့် ဖွာ့‌ဝေါ်‌နေရာအကြား နံနက် ၈နာရီခွဲအချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုပစ်ခတ်မှုဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ KNLA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်‌စောမူဟဲက ‌ကေအိုင်စီသို့ ယခုလို အတည်ပြု ‌ပြောဆိုသည်။

၎င်းက “အစိုးရတပ်အ‌နေနဲ့ သတ်မှတ်ထားတဲ့ နယ်‌မြေအတွင်း လာပြီး ရိက္ခာပို့တာ‌တွေ၊ ဘာ‌တွေလုပ်ရင် လူနဲ့မြင်းနဲ့ပဲ ပို့ရမယ် လို့ စည်းကမ်းသတ်မှတ်ထားပြီးသားဖြစ်တယ်။ အခုက လမ်း‌ဖောက်တဲ့ကား‌တွေ၊ ဆီ‌ပေပါတင် ထားတဲ့ကားကြီး‌တွေ၊ လူအင် အား‌တွေနဲ့ဆို‌တော့ အခုလို ဖြစ်သွားတာပါ။ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း အပြန်အလှန် ‌လေးစားမှုရှိရင် ဒီလိုမဖြစ်ပါဘူး״ ဟု ‌ပြောသည်။

ထိုသို့ နှစ်ဖက်တပ်များ ပစ်ခတ်မှုမဖြစ်‌စေရန် အပစ်ရပ်နယ်‌မြေအတွင်း ‌လေးစားလိုက်နာရမည့် စစ်ဖက်ဆိုင်ရာကျင့်ဝတ်များ၊ အရပ်သားနှင့်ပတ်သက်ပြီး လိုက်နာရမည့် စည်းကမ်းများ၊ တပ်‌နေရာချထားခြင်း၊ တပ်ဖွဲ့ဝင်များ လွတ်လပ်စွာ သွားလာခွင့် စသည်များကို ‌ကေအဲန်ယူနှင့် အစိုးရတို့က ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်‌နေ့ ‌နေပြည်‌တော်တွင် သ‌ဘောတူ လက်မှတ်‌ရေး ထိုးထားပြီးဖြစ်သည်။

၎င်းပစ်ခတ်မှုတွင် အစိုးရ တပ်ရင်းအမှတ်၊ တပ်ဖွဲ့အင်အားနှင့် ထိခိုက်ဒဏ်ရာရမှု အ‌ခြေအ‌နေကို အတိအကျ အတည်မပြုနိုင် ‌သေး‌ကြောင်း ဗိုလ်မှူးချုပ်‌စောမူဟဲက ‌ပြောဆိုခဲ့‌သော်လည်း ယင်းဖြစ်ပွားမှုနဲ့ပတ်သက်၍ နယ်‌မြေခံ အစိုးရတပ်မ‌တော်ဘက်သို့ ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်း၍ မရရှိခဲ့‌ပေ။

KNU ဖာပွန်ခရိုင်၊ KNLA တပ်မဟာ ၅နယ်‌မြေအတွင်း အစိုးရတပ်ရင်း (၂၄)ရင်းရှိပြီး လတ်တ‌လောတွင် အစိုးရတပ်အ‌နေဖြင့် ပုံမှန် ရိက္ခာပို့ခြင်းမှလွဲ၍ ထူးခြားသည့် စစ်‌ရေးလှုပ်ရှားမှုများ လုပ်‌ဆောင်ခြင်း မရှိ‌ကြောင်း KNLA တပ်မဟာ(၅)ဘက်က ‌ပြော သည်။ ‌ကေအဲန်ယူနှင့် အစိုးရတို့အကြား ၂၀၁၂ခုနှစ်က ပဏာမ အပစ်အခတ် ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးပြီး‌နောက်ပိုင်း KNLA တပ်မဟာ(၅) လက်‌အောက်ခံ တပ်ဖွဲ့ဝင်များနှင့် အစိုးရတပ်တို့ကြား ပစ်ခတ်မှု အနည်းဆုံးအကြိမ် (၃၀)ခန့် ဖြစ်ပွားမှုရှိခဲ့သည်ဟု ၎င်းတို့၏ မှတ်တမ်းများအရ သိရသည်။