Home သတင်း တိုက်မိုင်း‌ကြောင့် BGF တပ်ကြပ်တစ်ဦး ပြင်းထန်စွာဒဏ်ရာရ

တိုက်မိုင်း‌ကြောင့် BGF တပ်ကြပ်တစ်ဦး ပြင်းထန်စွာဒဏ်ရာရ

1727

‌ဖေ‌ဖော်ဝါရီ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

နယ်ခြား‌စောင့်တပ် BGF ၁၀၁၉ တပ်ရင်းမှ တပ်ကြပ်တစ်ဦးသည် ‌ကော့ကရိတ်မြို့နယ် ပျားပင်ရွာအနီးတွင် လုံခြုံ‌ရေးယူ‌နေစဉ် ‌ဖေ‌ဖော်ဝါရီလ ၂ဝရက်‌နေ့ နံနက် ၁၁နာရီ‌ကျော်အချိန်ခန့် က မိုင်းတစ်လုံး နင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့‌ကြောင်း တပ်ရင်းမှူး က ‌ကေအိုင်စီသို့ အတည်ပြု‌ပြောဆိုသည်။

နယ်ခြား‌စောင့်တပ် BGF ၁၀၁၉မှ တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူး‌စောလိုက်သိမ့်က “တစ်ဖက်ကလူ‌တွေက နင်းမိုင်း‌တွေ၊ တိုက်မိုင်း ‌တွေ လိုက်‌ထောင်‌နေတယ် သိရတယ်။ ကျ‌နော်တို့တပ်က ရဲ‌ဘော်လည်း လုံခြုံ‌ရေးယူရင်း တိုက်မိုင်းထိသွားတာဖြစ်ပါတယ်”ဟု ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ‌ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသွားသူမှာ ပျားပင်ရွာအနီး ‌ရော်ဘာခြံအတွင်း လုံခြုံ‌ရေးယူ‌နေ‌သော နယ်ခြား‌စောင့်တပ် (၁၀၁၉)တပ်ရင်းမှ အသက် ၄ဝအရွယ် တပ်ကြပ်‌စောဖား‌လော်ဖြစ်ပြီး ‌ခြေတစ်ဖက်၊ လက်တစ်ဖက် ဒဏ်ရာရရှိသွားကာ မဲ‌ဆောက်‌ဆေးရုံတွင် ကုသမှုခံယူ လျှက်ရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရ‌ကြောင်း သိရသည်။

အလားတူ ‌ဖေ‌ဖော်ဝါရီလ ၁၉ရက်‌နေ့ကလည်း ပျားပင် ဆင်ကုန်းထိပ်တွင် ဗုံးသီးတစ်လုံး‌ပေါက်ကွဲမှုဖြစ်ခဲ့‌ကြောင်း ‌ဒေသခံရွာ သားတစ်ဦးက “ခ‌လေး‌တွေ မ‌ပေါက်‌သေးတဲ့ 40 ဗုံးသီးတစ်လုံး ပစ်‌ပေါက်‌ဆော့ရာက‌နေ ‌ပေါက်တယ်။ ထိခိုက်တာ‌တော့ မရှိ ဘူး။”ဟု ဆိုသည်။

‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ‌ကောင်းမှုရွာ၊ ယခုဖြစ်စဉ်ဖြစ်ပွားသည့် ပျားပင်ရွာနှင့် အနီးတစ်ဝိုက်တို့တွင် အသစ်ပြန်လည်ဖွဲ့ စည်းလိုက်သည့် တိုးတက်‌သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော်-DKBA နှင့် BGF တို့ အပြန်အလှန်ပစ်ခတ်မှုများ ‌ကြောင့် ရွာသားတစ်ချို့မှာ ယ‌နေ့အထိ ‌နေရပ်ပြန်လည်‌နေထိုင်နိုင်ခြင်း မရှိ‌သေး‌ပေ။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ ဇူလိုင်လဆန်းတွင် DKBA နှင့် အစိုးရတပ်မ‌တော်၊ BGF ပူး‌ပေါင်းတပ်တို့ အာရှလမ်းမကြီး‌ပေါ်၌ တိုက်ပွဲ များ ဖြစ်ပွားပြီး‌နောက်ပိုင်း ပစ်ခတ်မှုနှင့် မိုင်းထိမှန်မှု မကြာခဏဖြစ်ပွား‌လေ့ရှိပြီး ယခုအကြိမ်မှာ ၂၀၁၆ခုနှစ်အတွင်း ပထမဆုံး ဖြစ်ပွားခြင်း ဖြစ်သည်။