Home သတင်း KNU ဒူးပလာယာခရိုင်၏ မြို့နယ်အဆင့် ညီလာခံကို စတင်ကျင်းပ

KNU ဒူးပလာယာခရိုင်၏ မြို့နယ်အဆင့် ညီလာခံကို စတင်ကျင်းပ

1811

ဇန်နဝါရီ ၂ဝရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒူးပလာယာခရိုင်၏ (၁၄)ကြိမ်‌မြောက် ခရိုင်ညီလာခံအပြီး ပထမဦးဆုံး မြို့နယ်အဆင့် ‌နောင်တ‌ကော(နို့တ‌ကော)မြို့နယ် ညီလာခံကို တ‌ဂေး‌ကျေးရွာ ဘုရား‌ကျောင်းဝင်း၌ ဇန်နဝါရီလ ၁၉ရက်‌နေ့မှစတင်ကာ ကျင်းပ လျှက်ရှိသည်။

ဒူးပလာယာခရိုင် အတွင်း‌ရေးမှူး ‌စောမိုးအဲ့ဒို့က “ကျ‌နော်တို့ ညီလာခံလုပ်ရတဲ့ ရည်ရွယ်ချက်က KNU မှာ သက်ဆိုင်ရာ ဌာနအ လိုက် ဖွဲ့စည်းပုံဥပ‌ဒေ ပြဌာန်းချက်အရ လုပ်ရတာ‌ပေါ့။ (၂)နှစ်တာကာလအတွင်း သက်ဆိုင်ရာ KNU ဌာန‌တွေရဲ့ လုပ်ငန်း ‌ဆောင်ရွက်ချက်‌တွေကို ဒီညီလာခံမှာ အစီရင်ခံတင်ပြရတာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ညီလာခံတက်‌ရောက်လာသည့် ကိုယ်စားလှယ်များအ‌နေဖြင့် ၎င်းတို့ ‌ဆွေး‌နွေးတင်ပြချက်များကို လိုအပ်သလို ပြင်ဆင်ဖြည့်စွက် ကာ ‌ရှေ့ဆက်သွားရမည့် မူဝါဒ‌ရေးရာများကိုလည်း ‌ဆွေး‌နွေးညှိနှိုင်းကြမည်ဟု ခရိုင်အတွင်း‌ရေးမှူးက ဆက်လက်‌ပြောဆိုသည်။

အဆိုပါ ‌နောင်တ‌ကောမြို့နယ် ညီလာခံတွင် ဒူးပလာယာခရိုင်ဥက္ကဌ ပဒို‌စော‌ရွှေ‌မောင်း၊ ဗဟို‌ကော်မတီအဖွဲ့ဝင် ပဒို‌စောလစ္စတန်၊ ‌နောင်တ‌ကောမြို့နယ် ဥက္ကဌ ပဒို‌စော‌ဖော‌ဒေး‌အောင်မြတ်၊ ဝင်း‌ရေး၊ ကျုံဒိုး၊ ‌ကောကရိတ် မြို့နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူများ အပါအဝင် ‌နောင်တ‌ကောမြို့နယ်အတွင်းရှိ ‌ကျေးရွာအုပ်စု (၂၁)စုရှိ ‌ကျေးရွာ‌ပေါင်း (၁၀၀)‌ကျော်မှ ‌ဒေသခံကိုယ်စားလှယ်များ စုစု‌ပေါင်း လူဦး‌ရေ ၄၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ညီလာခံတက်‌ရောက်သူ ဆင်‌ကောင်းအုပ်စု အတွင်း‌ရေးမှူး ‌စောမျိုးမြင့်က “ဒီညီလာခံကို လာတက်ရတဲ့ အ‌ကြောင်းရင်းက အရင်က စပ်‌ကျေးရွာမှာ ညီလာခံလုပ်တုန်းက ကိုယ်စားလှယ်‌ရွေးချယ်သလိုမျိုး ကိုယ်ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်‌တွေကို မဲထည့်ပြီး လာ‌ရောက်ပူး‌ပေါင်း လုပ်‌ဆောင်တာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ညီလာခံတွင် ပြည်တွင်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို ပြည်သူထံ အဓိက ချပြ‌ပေးခြင်း၊ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ အမျိုးသမီးအခွင့်အ‌ရေး စသည့်ကဏ္ဍများကို သက်ဆိုင်ရာဌာန(၁၄)ခုအလိုက် တင်ပြကြမည်ဖြစ်ပြီး လစ်လပ်သည့်‌နေရာများ တွင် ‌ခေါင်း‌ဆောင်သစ်များကို ညီလာခံက ‌ရွေး‌ကောက်တင်‌မြှောက်သွားမည်ဖြစ်သည်ဟု သိရသည်။

KNU အတွင်း မြို့နယ်အဆင့်ညီလာခံကို (၂)နှစ်တစ်ကြိမ် ကျင်းပလျှက်ရှိပြီး ဗဟိုအဆင့် ညီလာခံကို (၄)နှစ်တစ်ကြိမ် ကျင်းပခဲ့ ကြသည်။ ထို့အပြင် ဒူးပလာယာခရိုင်၌ ဝင်း‌ရေးမြို့နယ်၊ ‌နောင်တ‌ကောမြို့နယ်၊ ကျုံဒိုးမြို့နယ်၊ ‌ကော့ကရိတ်မြို့နယ်များ ပါဝင် သည်။