Home အမြင်သဘောထား ‌တော်လှန်‌ရေးအတွက် စကားလက်‌ဆောင်

‌တော်လှန်‌ရေးအတွက် စကားလက်‌ဆောင်

2271

၂၀၁၆ခု၊ ဇန်နဝါရီလ ၂၇ရက်‌နေ့က ‌ကေအဲန်ယူ၊ ဖာပွန်(မူတ‌ရော်)ခရိုင် ဟို‌ကေ့‌နေရာတွင် ကရင်အမျိုးသမီးအစည်းအရုံးထံ လာ‌ရောက်အား‌ပေးခဲ့‌သော အသက် ၈၁နှစ်အရွယ် ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့(KNDO) တပ်ရင်း(၁)မှူး‌ဟောင်း ဒုဗိုလ်မှူးကြီး‌စော‌မောင်ဝါး၏ ကရင့်‌တော်လှန်‌ရေးအတွက် အကြံ‌ပေး အမှာစကားကို ‌ကေအိုင်စီက ‌ဖော်ပြလိုက်ပါတယ်။

ကျ‌နော့်နာမည်က ‌စော‌မောင်ဝါးလို့ ‌ခေါ်ပါတယ်။ အ‌ဖေက ‌စောဖါးအုန်း၊ အ‌မေက ‌နော်မယ်ထူပါ။ လူ‌သောမြို့နယ်၊ မူတ‌ရော် (ဖာပွန်)ခရိုင်မှာ ဖြစ်ပါတယ်။ ကျ‌နော် ‌တော်လှန်‌ရေးထဲကို ၁၉၄၉ခုနှစ်၊ ဖာပွန် KNDO မှာ စတင် ဝင်ခဲ့ပါတယ်။ အဲဒီတုန်းက အမျိုးသမီးအဖွဲ့မှာဆိုရင် ‌ခေါင်း‌ဆောင်ကြီး‌စောဘဦးကြီးရဲ့ဇနီး ‌မောနီးထယ် ဖြစ်ပါတယ်။ ကျ‌နော်ဟာ လှိုင်းဘွဲမှာ စစ်သင်တန်း သွားတက်ခဲ့တယ်။ ပြီး‌တော့ ပီတခါ့‌တောင်ပြုန်းမှာ သွားတက်တယ်။ အဲဒီတုန်းက ဘိုမြက တပ်မဟာမှူးဖြစ်တယ်။ တပ်မဟာ (၁)‌ပေါ့။ ကျ‌နော် ‌တော်လှန်‌ရေးကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်လာခဲ့တယ်။ ‌နောက်ပိုင်း ကျ‌နော်တို့ရဲ့တပ်ရင်းမှူးက ကျ‌နော့်ကို တပ်စုမှူးအဖြစ် တင်တယ်။ တပ်စုမှူးပြီး ဒုတပ်ခွဲမှူး၊ ပြီး‌တော့ တပ်ခွဲမှူးအဖြစ် တင်ခဲ့တယ်။ ၁၉၆၃တုန်းက KNUP နဲ့ KRC ဆိုပြီး စိတ်ဝမ်းကွဲကြတယ်။ ‌နောက်ပိုင်း KNDO တပ်ရင်း(၁)နဲ့ တိုက်ပွဲ‌တွေ ဖြစ်ခဲ့တယ်။ ဒီအကွဲအပြဲ‌ကြောင့် ၁၉၆၄မှာ ကျ‌နော် ဒဏ်ရာ ရခဲ့တယ်။ ကျ‌နော်‌တော်လှန်‌ရေးလုပ်ခဲ့တာ နှစ်(၆၀)ပြည့်‌တော်လှန်‌ရေး ဂုဏ်ပြုခြင်းခံရတယ်။ အဲလိုလုပ်လာခဲ့ရင်း ၂၀၁၃မှာ ကျ‌နော် နားခွင့်‌တောင်းခဲ့တယ်။ ကျ‌နော်တို့လို အသက်ကြီးတဲ့သူ‌တွေက ဘဝရဲ့ ‌နေဝင်ချိန်‌တောင် မက‌တော့ဘူး။ ‌နေ‌စောင်းလို့ ‌တောင်နဲ့ ခံ‌နေပါပြီ။ ‌တောင်‌စောင်းကိုပါ ဝင်သွားပြီဆိုရင် အ‌မှောင်ကို ‌ရောက်ပါပြီ။

လူငယ်လူရွယ်‌တွေက တိုင်းပြည်နဲ့ လူမျိုးအတွက်ကို လုပ်‌ဆောင်ရပါမယ်။ လူကြီး‌တွေ ဆိုရိုးရှိခဲ့တယ်။ (အို့ထဲမု ပအိုတ‌သေး။ အို့ထဲခွါး ပအိုတ‌သေး၊ လူ‌သောအိုကာဒီး ‌ဖော‌ဒေး။ ‌နော်ဒဲ့‌စော ကာ‌သေ့သ‌နေ)တဲ့။ ကျ‌နော်တို့ ပူး‌ပေါင်းလုပ်‌ဆောင်ရမယ်။ မပူး ‌ပေါင်းလို့ မဖြစ်ပါဘူး။ အမျိုးသမီးအဖွဲ့ဟာ အချိန်‌တော်‌တော်ကြာ‌လေး ငြိမ်‌နေခဲ့ပြီး ‌နောက်ပိုင်းမှာ ပြန်ဖွဲ့စည်းခဲ့တယ်။ အမျိုးသမီး ‌ခေါင်း‌ဆောင်(ဥက္ကဋ္ဌ)က ‌နော်လားဖိုး(ဗိုလ်ချုပ်ကြီး‌စောဘိုမြဇနီး) ဖြစ်ပါတယ်။ KNDO ကလည်း ‌ပျောက်လုနီးပါးဖြစ်‌နေပြီး‌နောက် မှ မရှိမဖြစ်ဘူးဆို‌တော့ ပြန်ပြီး ‌ရွေး‌ကောက်ခဲ့တယ်။ KNDO ကို ပြန်‌ရွေး‌ကောက်ချိန် မူတ‌ရော်ခရိုင်မှာ KNDO တပ်ရင်းမှူးအ‌နေ နဲ့ (၄၅)နှစ် လုပ်ခဲ့တယ်။ အမျိုးသမီးပဲဖြစ်ဖြစ်၊ စစ်ဘက်ပဲဖြစ်ဖြစ်၊ အုပ်ချုပ်‌ရေးဘက်ပဲဖြစ်ဖြစ် အရည်အချင်းရှိရမယ်။ အရည်အ ချင်းမရှိရင် တက်လို့လည်းလွယ်မှာ မဟုတ်ဘူး။ ကျ‌နော် ‌တော်လှန်‌ရေးလုပ်ပြီး လက်ထဲမှာ ‌တော်လှန်‌ရေးရှိ‌သေးတယ်ဆိုရင် ကျ‌နော် ဘယ်‌တော့မှ အရှုံးမခံဘူး။ လူငယ်‌တွေက တာဝန်ဆက်မယူ‌တော့ဘဲ အရှုံးခံမယ်ဆိုရင် အရှုံးခံတဲ့အထဲမှာ ကျ‌နော် မပါ ‌တော့ဘူး။ ဒါ‌ကြောင့်မို့ လူငယ်‌တွေကို အားကိုးအားထားပြုပါတယ်။

လူကြီး‌တွေအဆိုအရ မျိုးဆက်တစ်ဆက်ပြီးရင် ‌နောက်တစ်ဆက်က ဆက်‌လျှောက်မှာပဲ။ (ပွါတစိုလယ် ပွါတစို ဟဲ‌လော်)။ လူ‌တွေမှာ မျိုးဆက် ရှိရတယ်။ ငါတို့ရဲ့မျိုးဆက်က လူငယ်‌တွေပါပဲ။ စစ်ဘက်မှာပဲဖြစ်ဖြစ်၊ အုပ်ချုပ်‌ရေးပိုင်းမှာပဲဖြစ်ဖြစ်၊ အမျိုး သမီးကဏ္ဍမှာပဲဖြစ်ဖြစ် ‌တော်လှန်‌ရေးဆက်လုပ်ဖို့အတွက် သူတို့ တာဝန်ရှိတယ်။ ‌ခေါင်း‌ဆောင်‌တွေ လုပ်ခဲ့တာကို ပြန်ကြည့်ရ မယ်ဆိုရင် ရန်သူက အချိန်ဆွဲ လုပ်‌နေတယ်။ ကရင်‌ခေါင်း‌ဆောင် ‌တောင်းဆိုတဲ့အတိုင်း ပစ်ခတ်ရပ်စဲပြီးရင် နိုင်ငံ‌ရေး ဆက်‌ဆွေး ‌နွေးရမယ်။ သူ(အစိုးရ)‌ပြောတာက ပစ်ခတ်ရပ်စဲလုပ်။ ပြီးရင် စီးပွား‌ရေးဘက်ကိုဝင်ပြီးမှ နိုင်ငံ‌ရေးဆိုတာကို ဆက်‌ဆွေး‌နွေးပါ။ သူတို့ရဲ့ အစီအစဉ်က အဲဒီလိုရှိတယ်။
DSC01629
အခု ကျ‌နော်တို့ နယ်‌မြေကိုဝင်တာက ပညာ‌ရေး၊ ကျန်းမာ‌ရေးနဲ့ စီးပွား‌ရေးကဏ္ဍ‌တွေ လမ်း‌ကြောင်း(၃)‌ကြောင်းနဲ့ ဝင်တယ်။ အဲဒီ လမ်း‌ကြောင်း (၃)‌ကြောင်းက ကျ‌နော်တို့လိုချင်တဲ့လမ်း‌တွေ။ ကျ‌နော်တို့ ကြိုက်တဲ့လမ်း‌တွေချည်းပဲ။ ပညာ‌ရေးလည်းလိုချင် တယ်။ စီးပွား‌ရေးလည်း လိုချင်တယ်။ ကျန်းမာ‌ရေးလည်း လိုချင်တယ်။ ဘယ်လိုပဲဝင်ဝင် ကျ‌နော်တို့က KNU လမ်းအတိုင်း မရပ် တည်ဘဲ အဲဒီလမ်း‌ကြောင်း‌တွေအတိုင်း ‌မျှောသွားရင်‌တော့ မှားသွားလိမ့်မယ်။ ကျ‌နော်တို့ ခိုင်ခိုင်မာမာ ရပ်တည်ရမယ်။ အမျိုး သမီး၊ လူငယ်‌တွေကလည်း ‌တော်လှန်‌ရေး ‌အောင်မြင်‌အောင် လုပ်‌ပေးရမယ်။ ‌တော်လှန်‌ရေးလမ်းဆိုတာ ပန်းနဲ့ခင်းထားတာ မဟုတ်ဘူး။ ဆူးခင်းလမ်းဖြစ်တယ်။ ဆူးခင်းလမ်းကို ‌ကျော်ဖြတ်နိုင်မှ ‌အောင်နိုင်မယ်။ မ‌ကျော်ဖြတ်နိုင်ရင် အလှမ်း‌ဝေးသွားလိမ့် မယ်။

ဒါ‌ကြောင့်မို့ အားထားပါတယ်။ စကား‌တွေ အများကြီး‌ပြောခွင့်ရတယ်။ ‌ကောင်းတာ‌တွေကို ယူထားပါ။ မ‌ကောင်းတာ‌တွေကို ချန်ထားပါ။ လူကြီး‌တွေ‌ပြောတဲ့အတိုင်း မှန်တာကိုယူ၊ ဟုတ်တာကို သင်ယူပါ။ ကျ‌နော်တို့ လက်တွဲပြီး ‌အောင်မြင်မယ့်ပန်းတိုင် ကို လှမ်း‌တော့မယ်ဆိုရင် ကျ‌နော်တို့အားလုံး တာဝန်ယူတတ်ရမယ်။ ‌တော်လှန်‌ရေးအလုပ်ကို မျိုးချစ်စိတ်နဲ့ လုပ်ရတယ်။ မျိုးချစ် မျက်ကန်းမဖြစ်‌စေနဲ့။ ‌တော်လှန်‌ရေး ကြန့်ကြာရတာ မျိုးချစ်မျက်ကန်း‌ကြောင့်ပဲ ဖြစ်တယ်။ အလုပ်လုပ်တယ်ဆိုတာ အပြုံးနဲ့ ‌ဝေဖန်သုံးသပ်ကြရတယ်။ အဖျက်ဘက်က ‌ဝေဖန်တာမျိုး မဖြစ်‌စေပါနဲ့။ ‌နောက်ဆုံးအ‌နေနဲ့ ‌ရေလို‌အေးလို့ ပန်းလို‌မွှေးပြီး အသက်ရာ‌ကျော်ရှည်ပါ‌စေလို့ ဆု‌တောင်း‌မေတ္တာ ပို့သလိုက်ပါတယ်။ ‌ကျေးဇူးတင်ပါတယ်။