Home သတင်း သမ္မတ ဦးသိန်းစိန် ‌ဒေသခံများနှင့်အတူ ဖားအံ ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော် တက်‌ရောက်ဆင်နွှဲ

သမ္မတ ဦးသိန်းစိန် ‌ဒေသခံများနှင့်အတူ ဖားအံ ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော် တက်‌ရောက်ဆင်နွှဲ

2755
ဇန်နဝါရီ ၁၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွှန့်‌သောင်း

မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်သည် ကရင်သက္ကရာဇ် ၂၇၅၅ခုနှစ်၊ ကရင်ပြည်နယ် ဖားအံမြို့ရှိ သီရိကွင်း၌ ဇန်နဝါရီ ၁ဝရက်‌နေ့၊ နံနက် ၉နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့သည့် ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော် အခမ်းအနားသို့ တက်‌ရောက်ကာ ကရင်‌ကောက် သစ်စားပွဲ‌တော်ကိုလည်း ‌ဒေသခံများနဲ့အတူ ပါဝင်ဆင်နွှဲခဲ့သည်။

သမ္မတ ဦးသိန်းစိန်သည် ၎င်း၏ သမ္မတသက်တမ်း ၅နှစ်အတွင်း ဖားအံမြို့၌ ပြုလုပ်သည့် ကရင်နှစ်သစ်ကူး‌နေ့ အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် တက်‌ရောက်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားတွင် သူက ကရင်ပြည်နယ်တွင် ရရှိလာပြီဖြစ်သည့် ငြိမ်းချမ်း‌ရေး သည် သားစဉ်‌မြေးဆက်အထိ ထိန်းသိမ်းရန်နှင့် ပြည်နယ်ချစ်စိတ် နိုင်ငံချစ်စိတ်တို့သည် စစ်မှန်သည့် မျိုးချစ်စိတ်ဖြစ်သည်ဟု နှစ်သစ်မိန့်ခွန်း ‌ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်က “ကရင်ပြည်နယ်သူပြည်သားများ ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို ကာလရှည်စွာ ‌လျှောက်လှမ်းရပြီး တိုင်းရင်းသားညီကိုအချင်းချင်း သ‌ဘောထားမညီမျှမှုများ‌ကြောင့် ကရင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်မှု ‌နှောင့်‌နှေးခဲ့ရပါတယ်။ ယ‌နေ့အချိန်မှာ ကရင်ပြည်နယ်မှာ ငြိမ်းချမ်း‌ရေး‌ရောင်ခြည်များ ရရှိလာပြီး ငြိမ်းချမ်း‌ရေးအ‌မွေကို သားစဉ်‌မြေးဆက် ခံစားနိုင် ‌အောင် စဉ်ဆက်မပြတ် ထိန်းသိမ်းကြရမှာဖြစ်ပါတယ်”ဟု ‌ပြောကြားခဲ့သည်။

ယင်းအခမ်းအနားသို့ သမ္မတ ဦးသိန်းစိန်၊ ပြည်‌ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ ဦးစိုးသိမ်းတို့နဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ဌာနဆိုင် ရာ အသီးသီးနှင့် လွှတ်‌တော်အမတ်များ၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ ‌စောမူးတူး‌စေးဖိုးတို့အဖွဲ့နှင့် ဧည့်ပရိဿတ် ‌ပေါင်း တစ်‌ထောင်ဝန်းကျင် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သမ္မတ ဦးသိန်းစိန်က KNU ဥက္ကဌ ‌စောမူးတူး‌စေဖိုးတို့နှင့်အတူ ငြိမ်းချမ်း‌ရေး ချိုးငှက်လွှတ်ခြင်း၊ အခမ်းအနား တက်‌ရောက်လာကြသည့် သက်ကြီးရွယ်အိုများအား လှူဖွယ်ပစ္စည်းများ ‌ပေးအပ်ခြင်းနှင့် ကရင်ပြည်နယ် လွှတ်‌တော်ဥက္ကဌအဖွဲ့ တို့ကလည်း သမ္မတအား နှစ်သစ်ကူးလက်‌ဆောင်များ ‌ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ပြည်နယ် လွှတ်‌တော်ဥက္ကဌ ‌စော‌အောင်‌ကျော်မင်းက “ကရင်နှစ်သစ်ကူး‌နေ့မှာ သမ္မတ လာတယ်။ ‌နောက် နိုင်ငံ‌ရေး အ‌ပြောင်း အလဲလည်း ရှိတယ်။ ဖွံ့ဖြိုးတိုးတက်လာဖို့လည်း ရှိတယ်။ ‌နောက်ငြိမ်းချမ်း‌ရေးလည်း ရရှိလာမဲ့အတွက် လာမယ့် အစိုးရသက် တမ်း‌တွေမှာ နိုင်ငံ‌ရေးမှာ လူထု‌တွေ ပါဝင်မှု ‌ကောင်း‌ကောင်းရလာရင် အများကြီး ဖွံ့ဖြိုးတိုးတက်လာဖို့ရှိတယ်ဆိုတာ ကရင်ပြည် နယ်လူထုကိုယ်စား ‌ပြောကြားလိုပါတယ်”ဟု ‌ပြောသည်။

သမ္မတ ဦးသိန်းစိန်သည် ဖားအံမြို့ ကရင်နှစ်သစ်ကူးပွဲ‌တော် အခမ်းအနားကို တက်‌ရောက်ပြီး‌နောက် ဖားအံတက္ကသိုလ်၊ အထက(၁)‌ကျောင်း၊ ယဉ်‌ကျေးမှုပြတိုက် စသည့်‌နေရာများသို့ သွား‌ရောက်‌လေ့လာ ကြည့်ရှုခဲ့ပြီး မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့သို့ ခရီးဆက်သည်ဟု သိရသည်။