Home လူငယ့်အသံ လူငယ့်အမြင် လူငယ့်အမြင် လူငယ့်အသံ

လူငယ့်အမြင် လူငယ့်အသံ

2163

ထူးချွန်တဲ့ ဆရာဝန်တစ်ဦးဖြစ်ဖို့ ရည်မှန်းထားတဲ့ နန့်အိရတနာလွင်

ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်စာ‌မေးပွဲကို ၆ ဘာသာဂုဏ်ထူးနဲ့ ‌အောင်မြင်သွားခဲ့တယ်လို့ ‌ပြောလာသူက‌တော့ ရန်ကုန်တိုင်း‌ဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ‌တော‌ကျောင်း‌ကျေးရွာက ကရင်လူငယ် မိန်းက‌လေး နန့်အိရတနာလွင်ပါ။ ငယ်ငယ်ကတည်းက ဆရာဝန်တစ်ဦးဖြစ်ချင်လို့ ‌ကျောင်းစာကို ကြိုးစားသင်ယူခဲ့တဲ့အတွက် အခုဆိုရင် ရန်ကုန်‌ဆေးတက္ကသိုလ်-၂ မှာ ပထမနှစ်အဖြစ် စတင်တက်‌ရောက်ခွင့် ရခဲ့ပါတယ်။

နန့်အိရတနာလွင်ကို သာမန်လယ်သမား မိသားစုဖြစ်တဲ့ အဖ မန်းညီညီလွင်၊ အမိ ဂါ့ထက်ထက်‌ဆွေတို့က‌နေ ၁၉၉၉ ခုနှစ်၊ မတ် ၃ ရက်‌နေ့မှာ ‌မွေးဖွားခဲ့ပြီး‌တော့ ‌မွေးချင်းသုံး‌ယောက်ရှိတဲ့အထဲမှာ အကြီးဆုံးသမီး ဖြစ်ပါတယ်။ သူမဟာ ‌ကျောင်းအတန်းပညာမှာ အင်မတန် ထူးချွန်သူဖြစ်ပါတယ်။ ကွမ်းခြံကုန်းမြို့နယ်၊ ‌တော်‌ကျောင်း အထက်တန်း‌ကျောင်းမှာ သူမ ‌ကျောင်းတက်ခဲ့ပြီး‌တော့ သူငယ်တန်းက‌နေ ဆယ်တန်းအထိ ၆ ဘာသာဂုဏ်ထူးနဲ့ ‌အောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။ ပညာ‌ရေးမှာ ထူးချွန်ရတာဟာ မိဘရဲ့ တိုက်တွန်း အား‌ပေးမှုလည်း ပါတယ်လို့ သူမက အခုလို ‌ပြောပါတယ်။

“သမီးရဲ့ အမိုး‌ရော အပါး‌ရော လယ်ပဲ လုပ်ပါတယ်။ ဒါ‌ပေမယ့် သမီးကို ပညာ‌ရေးထူးချွန်ဖို့ အမြဲတိုက်တွန်း ခဲ့တယ်။ ‌နောက်ပြီး ကိုယ်က ကရင်လူမျိုးဖြစ်တဲ့အတွက် အ‌နောက်ပိုးစကားကိုလည်း သင်‌ပေးခဲ့ပါတယ်။ သမီးလိုပဲ ကိုယ့်ကရင်လူငယ်အချင်းချင်းကို သမီး‌ပြောချင်တာက ကြိုးစားရင် ဘာမဆို ဖြစ်နိုင်တယ်”လို့ သူမက ဆိုပါတယ်။

သူမအ‌နေနဲ့ မြို့ပြနဲ့ မနီးမ‌ဝေး‌ကျေးလတ်‌ဒေသမှာ ကြီးပြင်းခဲ့လို့ ‌ကျေးလက်‌ဒေသနဲ့ မြို့ပြ ကျန်းမာ‌ရေးစနစ်‌တွေ ကွာဟတာကို သိခဲ့ရသလို တချိန်ချိန်မှာ ‌ကျေးလက်‌ဒေသက လူ‌တွေကို ကျန်းမာ‌ရေး ဗဟုသုတ ဖြန့်‌ဝေဖို့လည်း ရည်မှန်းထားပါတယ်။ ဒါ‌ကြောင့် သူမ ထူးချွန်တဲ့ ဆရာဝန်ဖြစ်ဖို့ လက်ရှိတက်‌ရောက်‌နေတဲ့ ရန်ကုန်‌ဆေး တက္ကသိုလ်-၂ မှာ တက်‌ရောက်ရင်း ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှု‌တွေကို ‌ကျောင်းတက်‌နေစဉ် အချိန်ရသ‌လောက် တက္ကသိုလ်စာယဉ်မှာ ပါဝင် လက်တွဲလုပ်‌ဆောင်သွားမယ်လို့ ဆိုပါတယ်။ အမျိုးသား‌ရေးနဲ့ ပတ်သက်လို့ရှိရင် ငယ်စဉ်ကတည်းက သူ့မိဘက အများကြီး ‌ပြောဆိုခဲ့ဖူးတဲ့အတွက် သိထားသင့်သ‌လောက် သိထားတယ်လို့လည်း သူမက ‌ပြောပါတယ်။

အနီးအ‌ဝေး ‌နေရာ‌ဒေသအသီးသီးမှာ ရှိ‌နေကြတဲ့ ကရင်လူငယ်‌တွေ ကရင်စာ‌ပေနဲ့ ဘာသာစကားကို တန်ဖိုးထား သင်ယူကြပါ။ ဘယ်ကိစ္စမဆို စိတ်ဝင်တစားနဲ့ ကြိုးစားသင်ယူရင် ဘာမဆို ‌အောင်မြင်နိုင်ပါတယ်။ ကရင်လူငယ်တဦးအ‌နေနဲ့ ဘယ်‌နေရာမှာပဲဖြစ်ဖြစ် ကိုယ့်အမျိုးသား‌ရေး ဂုဏ်မငယ်‌အောင် ‌နေထိုင်ရမယ် ဆိုတာလည်း သတိမူ‌စေချင်ပါတယ်လို့ သူမအ‌နေနဲ့ ကရင်သတင်းစဉ်ကတဆင့် ကရင်လူငယ်အားလုံးကို တိုက်တွန်း‌ပြောဆိုသွားပါတယ်။