Home ထိပ်တန်းသတင်း လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးမည့်ကိစ္စ ဆိုင်းငံ့ထားရန် လွှတ်‌တော်အမတ် ၃ဦး စာတင်

လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးမည့်ကိစ္စ ဆိုင်းငံ့ထားရန် လွှတ်‌တော်အမတ် ၃ဦး စာတင်

1705

ဇန်နဝါရီ ၆ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးသွားမည့် ကိစ္စအ‌ပေါ် ဆိုင်းငံ့ထား‌ပေးရန် လွှတ်‌တော်အမတ် ၃ဦးတို့က ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ဇန်နဝါရီ ၂ရက်‌နေ့တွင် ‌မေတ္တာရပ်ခံစာ တင်ပြထားသည်ဟု သိရသည်။

လက်ရှိ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် မန်း‌အောင်တင်မြင့်နှင့် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်ဖြစ်ကြ‌သော နန်း‌စေအွာ၊ ‌စောသိန်း‌အောင်တို့က ယင်းသို့ အဓိက ဆိုင်းငံ့စာတင်ကြခြင်းဖြစ်ပြီး အ‌ကြောင်းပြချက်များမှာ ကရင်အ မျိုးသားများ နှစ်သစ်ကူးပွဲ‌တော်ကျင်းပမည့်အချိန်ဖြစ်ခြင်း၊ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ‌ခေါ်ယူသည့်အချိန်နှင့် တိုက်ဆိုင်‌နေခြင်း၊ တည်ငြိမ်‌အေးချမ်းမှုကို မလိုလားသူတို့ ဝင်‌ရောက်‌နှောက်ယှက်မှု ဖြစ်‌စေနိုင်ခြင်း စသည့်အချက် များဖြစ်သည်။

“ကျမတို့ ကိုယ်စားလှယ်တို့အ‌နေနဲ့ ပြည်နယ်အစိုးရကို ‌မေတ္တာရပ်ခံစာအ‌နေနဲ့ ဆိုင်းငံ့စာတင်ခြင်းဖြစ်တယ်။ ဒီလိုင် စင်မဲ့ယာဉ် ဖမ်းဆီးမယ့်ကိစ္စကို ပြည်သူ‌တွေက အစိုးရအ‌ပေါ် အမျိုးမျိုးသုံးသပ်‌ပြောဆိုမှု‌တွေ‌ကြောင့် ကျမတို့က ပြည် သူ့ကိုယ်စားအ‌နေနဲ့ စာတင်တာပါ။ လိုင်စင်မဲ့ယာဉ်‌တွေကို တစ်နိုင်ငံလုံးစီး‌နေကြတာ အားလုံးအသိဖြစ်တယ်။ ဥပ‌ဒေ အရ လုပ်တာ‌တော့ မ‌ပြောလိုပါဘူး။ ဒါ‌ပေမယ့် ၁လ‌ကျော်‌လောက်‌တော့ ဆိုင်းငံ့ထား‌စေလိုကြပါတယ်”ဟု ပြည်သူ့ လွှတ်‌တော် ကိုယ်စားလှယ် နန်း‌စေးအွာက ‌ပြောသည်။

လိုင်စင်မဲ့ယာဉ်များသည် နယ်စပ်‌ဒေသတွင် တာဝန်ရှိအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့်သာ ဝင်‌ရောက်လာခြင်းဖြစ်ပြီး ပြည်သူများ စီးနင်းခွင့်ကိုလည်း ပြည်နယ်အာဏာပိုင်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၏ အသိအမှတ်ပြုမှု လက် မှတ်များဖြင့် ခွင့်ပြုထား‌ကြောင်းလည်း ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းများက ‌ပြောဆိုသည်။

အလားတူ ထိုလိုင်စင်မဲ့ယာဉ်များကို ပြည်သူများသာမက အာဏာပိုင်များနှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ ကလည်း ‌မောင်းနှင်စီး‌နေကြသည့်အတွက် ယခုလို ဖမ်းဆီးမည့်လုပ်ရပ်မှာ ပြည်သူအ‌ပေါ် အနိုင်ကျင့်သည့်သ‌ဘော ‌ဆောင်‌နေသည်ဟု ဖားအံမြို့ခံ ကိုမြင့်‌အောင်က ‌ပြောသည်။

သူက “ယာဉ်ဥပ‌ဒေကို ပြည်သူလူထုအ‌ပေါ်ချပြထားတာ‌တွေလည်း မရှိခဲ့ဘူး။ ဥပ‌ဒေအတိုင်းလုပ်လည်း ကျ‌နော်တို့ လက်ခံပါတယ်။ ယာဉ်က ‌ဈေးနည်းပြီး လိုင်စင်‌တော့ အများကြီး‌ပေးရတယ်၊ လိုင်စင်ကား‌ဈေးနဲ့ လိုင်စင်မဲ့ကား‌ဈေးနဲ့ တူ‌နေရင် ပြည်သူအားလုံးက လိုင်စင်ကားကိုစီးကြမှာပဲ၊ ယာဉ်စည်းကမ်းလည်း လိုက်နာကြမှာပဲ။ အဓိက အစိုးရက ကားခွန်ကို အသင့်အတင့် ချ‌ပေးဖို့လိုတယ်”ဟု ‌ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ်အစိုးရအ‌နေဖြင့် အစည်းအ‌ဝေးလုပ်‌ဆောင်‌နေဆဲဖြစ်ပြီး ထိုလိုင်စင်မဲ့ယာဉ် များဖမ်းဆီးမည့်အ‌ရေး ဆိုင်းငံ့ထားရန်‌တောင်းဆိုမှုကို တစုံတရာ တုန့်ပြန်အသိ‌ပေးခြင်း မရှိ‌သေး‌ကြောင်း သိရသည်။