Home သတင်း နဂါး‌မောက်‌ဒေသခံများ ‌မြေယာနစ်နာ‌ကြေးရရှိရန် ကုမ္ပဏီထံ အချက် ၇ချက် ‌တောင်းဆို

နဂါး‌မောက်‌ဒေသခံများ ‌မြေယာနစ်နာ‌ကြေးရရှိရန် ကုမ္ပဏီထံ အချက် ၇ချက် ‌တောင်းဆို

1750

ဇန်နဝါရီ ၂၁ရက်၊၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ပဲခူးတိုင်း‌ဒေသကြီး၊ ‌တောင်ငူမြို့နယ်၊ နဂါး‌မောက်‌ကျေးရွာအုပ်စုအတွင်း ‌ကောင်းမြန်မာ‌အောင်ကုမ္ပဏီက ကျွန်းပင်များစိုက်ရာ၌ လယ်ယာ‌မြေသိမ်းဆည်းမှု ရှိခဲ့သည့်အ‌ပေါ် နစ်နာ‌ကြေး အပြည့်အဝ ရရှိရန် ‌ဒေသခံများက ယင်းကုမ္ပဏီထံ အချက် ၇ချက် ‌တောင်းဆိုလိုက်သည်ဟု ‌ဒေသခံများက ဇန်နဝါရီ ၂ဝရက်‌နေ့က ‌ပြောဆိုသည်။

အဆိုပါ ‌တောင်းဆိုချက်များအ‌ပေါ် ကုမ္ပဏီဘက်မှ လိုက်‌လျောခြင်းရှိမရှိကို ‌စောင့်ကြည့်သွားမည်ဖြစ်ပြီး တရားဝင် အ‌ထောက် အထား စာရွက်စာတမ်းများဖြင့်သာ ပြန်‌ပေးရန် လိုလား‌ကြောင်း လယ်ယာ‌မြေ အသိမ်းခံထားရသူတစ်ဦးဖြစ်သည့် ဦး‌ကျော်‌ငွေ က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ကျ‌နော်က ဆုံးရှုံးနစ်နာမှု‌တွေကို ပြန်ရဖို့ တိုက်ပွဲဝင်ပြီး ပြန်‌တောင်းတယ်။ ပြန်မ‌တောင်းရင်လည်း လုပ်ကိုင် စား‌သောက်ဖို့ ‌မြေ ယာမရှိဘူး။ ကျ‌နော်တို့က နစ်နာ‌ကြေး‌ပေးရင် မယူဘူး။ ‌မြေကိုပဲ ပြန်လိုချင်တယ်။ ‌မြေ‌တွေပြန်ရဖို့ ပြန်‌တောင်းရာမှာ သူတို့ တရားစွဲတာကိုလည်း ခံရတယ်။ ‌ဒေသခံ‌တွေမှာ ‌သောက်‌ရေခပ်ဆည်‌ကြောင့် တစ်ဖက်၊ ကျွန်းစိုက်ဖို့ ‌မြေသိမ်းတာတစ်ဖက် အဲဒီ နှစ်ခုကြားမှာ ကျ‌နော်တို့ ခံရပါတယ်”ဟု ၎င်းက ‌ပြောသည်။

‌မြေယာအသိမ်းခံရသည့် ‌ဒေသခံများသည် ယင်းကုမ္ပဏီထံသို့ စွန့်လွတ်‌မြေအဖြစ်ပြန်‌ပေးလျှင် ပိုင်ရှင်ကိုယ်တိုင် လက်မှတ်နှင့် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့စာဖြင့် ထုတ်‌ပေးရန်၊ ကျူး‌ကျော်‌မြေအားလုံး ပြန်‌ပေးရန်၊ ကုမ္ပဏီမှ ‌ဒေသခံများကို ပိုင်နက်ကျူး‌ကျော် မှုဖြင့် တရားစွဲထား‌သော ‌တောင်သူများကို ချက်ချင်းအမှု ရုပ်သိမ်း‌ပေးရန်၊ ကျူး‌ကျော်ဆိုင်းဘုတ်များကို ချက်ချင်းဖျက်သိမ်း‌ပေး ရန်၊ အ‌ထွေ‌ထွေနစ်နာချက်များကို ‌ဒေသခံများဆန္ဒအတိုင်း ‌ဆောင်ရွက်‌ပေးရန်၊ ‌လျော်‌ကြေးကို ပိုင်ရှင်အစစ်မှန် ဆန္ဒအတိုင်း‌ပေး ရန်နှင့် ‌ဒေသခံဆန္ဒဖြင့် အသုံးပြုမည့်လမ်းကို ကုမ္ပဏီက ဖွင့်‌ပေးရန် စသည့်အချက် ၇ချက်ကို ‌တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

နဂါး‌မောက်‌ကျေးရွာအုပ်စုတွင် ‌ကောင်းမြန်မာကုမ္ပဏီမှ ၂၀၀၉ခုနှစ်အတွင်း၌ ကျွန်းပင်များ စိုက်ပျိုးရန်အတွက် ‌ဒေသခံများ၏ လယ်‌မြေဧက ၅၀၀‌ကျော်ကို သိမ်းဆည်းခဲ့ပြီး လက်ရှိ ‌ဒေသခံလယ်သမားများ ‌တောင်းဆိုချက် ၇ချက်ကို ညှိနှိုင်း‌ပေးမည်ဟု ကုမ္ပဏီဘက်က ‌ပြောဆိုထားသလို ‌ဒေသခံများ ထပ်မံ ဆန္ဒမထုတ်‌ဖော်ရန်လည်း ‌ပြောထားသည်ဟု လယ်သမားများဘက်မှ ကူညီလုပ်ကိုင်‌ပေး‌နေသူ ‌စောဒိုထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကုမ္ပဏီနဲ့ ‌ဆွေး‌နွေးတဲ့အခါမှာ သူတို့က ‌ဒေသခံ‌တောင်းဆိုချက် ၇ချက်ကို လုပ်‌ပေးမယ်လို့ ‌ပြောတယ်။ ဒါ‌ပေမယ့် ဒါက အတည် မဟုတ်‌သေးဘူး။ ကတိတည်တည်နဲ့ သူတို့လုပ်ရင် ကိစ္စက ပြတ်တဲ့အ‌နေအထားရှိတယ်။ သူတို့ ကတိမတည်ဘူးဆိုရင်‌တော့ ကျ‌နော်တို့ဘက်က ဆက်လက် တိုက်ပွဲဝင်ရမယ့် အ‌နေထားရှိတယ်”ဟု ‌စောဒိုထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကောင်းမြန်မာ‌အောင်ကုမ္ပဏီသည် ‌တောင်ငူမြို့နယ်၊ နဂါး‌မောက်‌ကျေးရွာအုပ်စုအတွင်းရှိ နဂါး‌မောက်၊ ထုံးဘို၊ ကြက်‌ချေ‌ချောင်း နှင့် ‌သောက်‌ရေခပ်‌ရေအိုးစင် စသည့်ရွာများမှ ‌တောင်သူ ၉၀‌ကျော် ပိုင်ဆိုင်သည့် လယ်‌မြေဧက ၅၀၀‌ကျော်ကို သိမ်းထားသည်။ လယ်သမားများက ယင်း‌မြေများ ပြန်ရရှိရန် ထွန်တုံးတိုက်ပွဲ တစ်ကြိမ်နှင့် ဆန္ဒထုတ်‌ဖော်ပွဲ ၂ကြိမ်ပြုလုပ်ခဲ့‌ကြောင်း သိရသည်။