Home သတင်း တပ်မ‌တော်တွင် ဝင်‌ရောက်တာဝန်ထမ်း‌ဆောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များကို ကာချုပ်ဖိတ်‌ခေါ်

တပ်မ‌တော်တွင် ဝင်‌ရောက်တာဝန်ထမ်း‌ဆောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များကို ကာချုပ်ဖိတ်‌ခေါ်

1752
ဇန်နဝါရီ ၁၃ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

နိုင်ငံ‌တော်ကာကွယ်‌ရေးအတွက် ထမ်း‌ဆောင်ရန် ဆန္ဒရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တပ်မ‌တော်တွင် တာဝန် ထမ်း‌ဆောင်ရန် အစိုးရ၊ တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က ဇန်နဝါရီ ၁၂ရက်‌နေ့၊ ‌နေပြည် ‌တော်ရှိ MCC-2 ခန်းမ၌ ပြုလုပ်သည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ အဖွင့်အမှာစကားတွင် ထည့်သွင်း‌ပြောဆို ဖိတ်‌ခေါ် လိုက်သည်။

အဆိုပါ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ (နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ) ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံ‌တော်သမ္မတ ဦးသိန်းစိန်၊ ပြည် ‌ထောင်စုလွှတ်‌တော်နာယက သူရဦး‌ရွှေမန်း၊ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဥက္ကဌ ဗိုလ် ချုပ်ကြီး‌စောမူတူး‌စေးဖိုး၊ အလွှာစုံ ညီလာခံ ကိုယ်စားလှယ်များနှင့် ‌လေ့လာသူများ အပါအဝင် လူပရိဿတ် ၁၀၀ဝခန့် တက် ‌ရောက်ခဲ့ကြသည့် ယင်းအခမ်းအနားတွင် ကာချုပ်က ထိုသို့ အမှာစကား ‌ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က “ကမ္ဘာ့နိုင်ငံအသီးသီးမှာ မိခင်နိုင်ငံကို ကာကွယ်ဖို့ တပ်မ‌တော်တစ်ရပ်ရှိကြတာ ‌တွေ့ကြရမှာ ဖြစ်ပါတယ်။ မိမိနိုင်ငံအ‌နေနဲ့လည်း မြန်မာ့တပ်မ‌တော်ကို အဆင့်မြင့်တပ်မ‌တော်အဖြစ် အဖက်ဖက်က တည်‌ဆောက်လျှက်ရှိပါ တယ်။ နိုင်ငံ‌တော်ကာကွယ်‌ရေးတာဝန်ကို ထမ်း‌ဆောင်ဖို့ ဆန္ဒရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်များကိုလည်း တပ်မ‌တော်မှာ တာဝန်ထမ်း‌ဆောင်ဖို့ ဖိတ်‌ခေါ်ကြိုဆိုပါ‌ကြောင်း ‌ပြောကြားလိုပါတယ်”ဟု ‌ပြောသည်။

NCA စာချုပ်တွင် ပါရှိ‌သော လုံခြုံ‌ရေးဆိုင်ရာ ပြန်လည်‌ပေါင်းစည်း‌ရေးကိစ္စကို ယခုပြုလုပ်‌နေသည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် ‌ဆွေး ‌နွေးသွားရန်ရှိသည်ဟု ညီလာခံကိုယ်စားလှယ်များထံမှ သိရပြီး ပြည်တွင်းစစ် ဖြစ်ပွားရခြင်းသည် နိုင်ငံ‌ရေး မ‌ပြေလည်မှု‌ကြောင့် ဖြစ်ကာ နိုင်ငံ‌ရေး‌ပြေလည်မှုရရန် ဦးစား‌ပေး ‌ဆောင်ရွက်ရန်လို‌ကြောင်းလည်း ညီလာခံကိုယ်စားလှယ်များက သုံးသပ်‌ပြောဆို သည်။

ထိုသို့ နိုင်ငံ‌ရေးသ‌ဘောတူညီချက်မရ‌သေးဘဲ လက်နက်စွန့်ရန်၊ လုံခြုံ‌ရေးဆိုင်ရာ ပူး‌ပေါင်း‌ဆောင်ရွက်‌ရေးကိစ္စများက ‌စော‌သေး သည်ဟု ထင်မြင်‌ကြောင်း အခမ်းအနားတက်‌ရောက်လာသည့် ၈၈မျိုးဆက်‌ကျောင်းသား‌ခေါင်း‌ဆောင် ဦးကိုကိုကြီးက ကာချုပ်၏ ဖိတ်‌ခေါ်ချက်အ‌ပေါ် သူ၏အမြင်ကို ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် သျှမ်းတိုင်းရင်းသားများဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီမှ ညီလာခံကိုယ်စားလှယ် စိုင်း‌ကျော်ညွှန့်ကလည်း “ဒါက နိုင်ငံ‌ရေး ‌ဆွေး‌နွေးတဲ့ မူ‌ဘောင်‌တွေမှာလည်း ပါတယ်။ အဲ့ဒီအချိန်မှ ‌ဆွေး‌နွေးတာ ပို‌ကောင်းတာ‌ပေါ့။ ဘာပဲ‌ပြော‌ပြော နိုင်ငံတစ်နိုင်ငံမှာ တပ်မ‌တော်ဆိုတာ အများကြီးရှိလို့မှ မရတာ။ ဒါ‌ပေမဲ့ ဒီတပ်မ‌တော်ရဲ့ ဖွဲ့စည်းမှု၊ ပုံစုံအမျိုးမျိုးရှိနိုင်တယ်‌လေ။ အဲ့အ‌ပေါ်မှာ သ‌ဘောတူညီချက်ရနိုင်မယ်ဆိုရင် အဆင်‌ပြေမယ်လို့ ယုံကြည်ပါတယ်”ဟု ‌ပြောဆိုသည်။

ထို့အပြင် ‌ကေအဲန်ယူ လက်‌အောက်ခံ၊ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA)အ‌နေဖြင့် အပစ်ရပ်ပြီး‌နောက်ပိုင်း တပ်အသွင်‌ပြောင်းခြင်းကို လက်ခံမည်မဟုတ်‌ကြောင်း ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာလအတွင်းက ပြုလုပ်သည့် KNLA တပ်ပိုင်း ဆိုင်ရာအစည်းအ‌ဝေးအပြီးတွင် စစ်‌ရေးချုပ်၊ ဗိုလ်ချုပ်မန်းရှာထု‌ဝေါ်က ထုတ်‌ဖော်‌ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁ဝခုနှစ်အတွင်းက ငြိမ်းချမ်း‌ရေးယူထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကို အစိုးရက နယ်ခြား‌စောင့် တပ်အဖြစ် အသွင်‌ပြောင်းခဲ့ခြင်းများရှိခဲ့ဖူးပြီး အသွင်မ‌ပြောင်းလိုသည့် KIO တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများ ယ‌နေ့အထိ ပြန်လည် ဖြစ်ပွား‌နေသလို တိုင်းရင်းသားလက်နက်ကို်င်အဖွဲ့များအ‌နေဖြင့် တပ်အသွင်‌ပြောင်းခြင်းကို လက်ခံနိုင်မည်မဟုတ်‌ကြောင်း ထုတ်‌ဖော်‌ပြောဆိုမှုများလည်း ရှိ‌နေကြသည်။