Home သတင်း အရပ်သားအချင်းချင်း ‌သေနတ်ပစ်ခတ်မှု နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

အရပ်သားအချင်းချင်း ‌သေနတ်ပစ်ခတ်မှု နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

1839

ဇန်နဝါရီ ၁၉ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် မြဝတီမြို့အမှတ်(၄)ရပ်ကွက်၊ ဘုရင့်‌နောင်လမ်းမကြီး‌ပေါ်ရှိ ‌ရွှေ‌ဒေါနကရင်ရိုးရာအထည်ဆိုင်‌ရှေ့တွင် ယ‌နေ့နံ နက် ၇နာရီ ၄၅မိနစ်ခန့်က အရပ်သားအချင်းချင်း ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ သွား‌ကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုအ‌ပေါ် မျက်မြင်သက်‌သေတစ်ဦး “ဘုရင့်‌နောင်လမ်းမကြီး‌ပေါ် ချစ်ကြည်‌ရေးတံတားဘက်ကိုအသွား ပစ်ခံရတဲ့ ကားက လမ်းအလယ်က ကပ်‌မောင်းလာတာ။ ဘုရင့်‌နောင်လမ်းနဲ့ နတ်သျှင်‌နောင်လမ်းဆုံအနီးအ‌ရောက်မှာ သူတို့ကားကို ပရို‌ဘောက်(Probox)တစ်စီးက ကပ်တက်ပြီး ကားချင်းအတည့်ချိန်မှာ ပစ်လိုက်တာ”ဟု ‌ပြောသည်။

‌သေနတ်ဖြင့်ပစ်ခတ်ခံရသူများမှာ ၎င်းတို့၏သားသမီး(၄)ဦးနှင့်အတူ 5d 1355 caldina အဖြူ‌ရောင်ကားဖြင့် မဲ‌ဆောက်မြို့ ပုဂ္ဂလိ က‌ကျောင်းသို့ ‌ကျောင်းပို့ရန်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အ‌နောက်မှကပ်ပါလာ‌သော ပရို‌ဘောက်ယာဉ်အဖြူ‌ရောင်က ယာဘက်မှ‌ကျော်တက်ပြီး ‌ဘေးချင်းယှဉ်မိချိန်တွင် ပစ်ခတ်လိုက်ခြင်းဖြစ်သည်။

ပစ်ခတ်ခံရသူ မြဝတီမြို့အမှတ်( ၅)ရပ်ကွက် နဝ‌ဒေးလမ်း‌နေ ကိုဦး (ခ) ဝင်းနိုင်ဦး ၃၉နှစ်မှာ ယာဘက်လည်ပင်း ‌ဖောက်ဝင်ဒဏ် ရာတစ်ချက်‌ကြောင့် ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ စတိုးဆိုင်အုတ်နံရံကို ဝင်တိုက်မိခဲ့သဖြင့် ၎င်း၏ဇနီးသည် မသန္တာ‌အေးမှာ ဦး‌ခေါင်း‌ပေါက်ပြဲဒဏ်ရာရရှိသွားပြီး ကာယကံရှင်များ၏ဆန္ဒအရ မြဝတီမြို့‌ဆေးရုံမှ ထိုင်းဘက်ခြမ်း၊ မဲ‌ဆောက်‌ဆေးရုံသို့ ပို့ ‌ဆောင်ကုသထား‌ကြောင်း သိရသည်။

‌သေနတ်ဖြင့်ပစ်ခတ်သွားသူမှာ ပစ္စတို‌သေနတ်ကို အသုံးပြုပစ်ခတ်သွားခြင်းဖြစ်ပြီး ၎င်းစီးလာ‌သောကားနှင့်အတူ ထိုင်း-မြန်မာ ချစ်ကြည်‌ရေးတံတားဘက်သို့ ဦးတည်‌မောင်းနှင်ပြီး ထွက်‌ပြေးသွား‌ကြောင်း မြို့ခံများက ‌ပြောဆို‌နေကြသကဲ့သို့ အဆိုပါပစ်ခတ် မှုနှင့်ပတ်သက်သည့် ဖြစ်စဉ်အ‌သေးစိတ်ကို ဆက်လက် စုံစမ်း‌နေဆဲဖြစ်‌ကြောင်း မြဝတီမြို့မရဲစခန်းက ‌ပြောသည်။

မြဝတီမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက “ဘာ‌ကြောင့်ပစ်ခတ်တယ်ဆိုတာ‌တော့ မသိရ‌သေးဘူး။ ပစ်ခတ်သွားတဲ့သူကို ဖမ်းမိဖို့ ကျ‌နော်တို့ရယ်၊ နယ်ခြား‌စောင့်တပ်ရယ် ပူး‌ပေါင်းပြီး ပိတ်ဆို့မှု‌တွေပြု လုပ်‌နေတုန်းဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်အချင်းချင်းသာ ပစ်ခတ်မှုဖြစ်ပွား‌လေ့ရှိပြီး အရပ်သား ချင်း ပစ်ခတ်မှုမှာ ရှားပါးဖြစ်စဉ်ဖြစ်‌ကြောင်း မြဝတီမြို့ခံများက ‌ပြောဆို‌နေကြသည်။