Home သတင်း က‌လေးခိုး၊ က‌လေး‌ပျောက်သတင်း ‌ကောလဟလသာဖြစ်‌ကြောင်း ‌ကော့ကရိတ်ရဲတပ်ဖွဲ့ ရှင်းလင်း‌ပြောဆို

က‌လေးခိုး၊ က‌လေး‌ပျောက်သတင်း ‌ကောလဟလသာဖြစ်‌ကြောင်း ‌ကော့ကရိတ်ရဲတပ်ဖွဲ့ ရှင်းလင်း‌ပြောဆို

1986

ဇန်နဝါရီ ၂၃ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့တွင် က‌လေးငယ်တစ်ဦး ခိုးယူခံရသည်ဟု သတင်းထွက်‌ပေါ်‌နေမှုများကို စစ်‌ဆေး‌မေးမြန်း အတည်ပြုချက်များအရ ခိုင်လုံတိကျမှုမရှိသည့်အတွက် ‌ကောလဟလသတင်းများသာဖြစ်‌ကြောင်း ‌ကော့ကရိတ်မြို့ရှိ နယ်‌မြေခံ ရဲအာဏာပိုင်က ‌ပြောဆိုလိုက်သည်။

ဇန်နဝါရီ ၂ဝရက်‌နေ့ ည‌နေ ၈နာရီဝန်းကျင်ခန့်က ‌ကော့ကရိတ်မြို့ အမှတ် ၇ရပ်ကွက်တွင် က‌လေးငယ်တစ်ဦး ခိုးယူခံရ‌ကြောင်း အင်တာနက်စာမျက်နှာများတွင် သတင်းများထွက်‌ပေါ်ခဲ့ပြီး‌နောက် ဇန်နဝါရီလ ၂၂ရက်‌နေ့က ‌ကော့ကရိတ်မြို့မ ရဲစခန်းဝင်းအ တွင်း ရှင်းလင်းပွဲတစ်ခု ပြုလုပ်ပြီး ယခုလို ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

‌ကော့ကရိတ်မြို့နယ် နယ်ထိန်း ရဲအရာရှိခင်‌မောင်စန်းက “ကျ‌နော်တို့မြို့က ခ‌လေးခိုးယူခံရမှု သတင်းဖြစ်‌ပေါ်‌နေတဲ့ မိသားစုကို ‌မေးမြန်းမှု‌တွေ ပြုလုပ်ခဲ့ပါတယ်။ ပတ်ဝန်းကျင် ‌ဆွေမျိုးအသိုင်းအဝိုင်းကိုလည်း ‌လေ့လာစုံစမ်းခဲ့ပါတယ်။ အမှုအခင်းဖြစ်ပွားမှု ပုံစံ ‌တွေ လွဲ‌ချော်‌နေတာ၊ သတင်းအချက်အလက်‌တွေ အတည်ပြုနိုင်မှု မရှိတာ‌ကြောင့် ‌ကောလဟလ သတင်းဖြစ်‌ပေါ်မှုသာဖြစ် ‌ကြောင်း အတည်ပြု ‌ပြောကြားလိုပါတယ်״ဟု ‌ပြောသည်။

ထိုသို့ ရှင်းလင်းရာတွင် တာဝန်ရှိသူများက ကြားသိရ‌သော သတင်းများအ‌ပေါ် စိုးရိမ်မှုများ မတိုးပွား‌စေရန်နှင့် ဆိုရှယ်မီဒီယာ များအ‌နေဖြင့် ‌သေချာခိုင်လုံမှသာ ဖြန့်‌ဝေရန်အပြင် မသကင်္ာစရာ အ‌ခြေအ‌နေများရှိပါက နီးစပ်ရာ ပတ်ဝန်းကျင်၊ ရပ်မိရပ်ဖများမှ တဆင့် သက်ဆိုင်ရာ ရဲဌာနများထံ အသိ‌ပေးပြီး ဝိုင်းဝန်း‌ဖြေရှင်း‌ပေးရန် လိုအပ်‌ကြောင်း ရှင်းလင်း‌ပြောဆိုသည်။

အဆိုပါ ရှင်းလင်းပွဲသို့ ‌ကော့ကရိတ်မြို့မ စခန်းမှူးနှင့် နယ်ထိန်းအရာရှိ ရဲအုပ်ခင်‌မောင်စန်၊ မြန်မာသတင်းစာဆရာအသင်း ကရင် ပြည်နယ် ဥက္ကဋ္ဌ ဦးတင်ဝင်းလှိုင်၊ ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ နယ်‌မြေသတင်းတာဝန်ခံ၊ အလွတ်တန်း သတင်း‌ထောက်များ၊ ငြိမ်းချမ်း‌ရေး အပစ်ရပ်အဖွဲ့ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့် ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ တက် ‌ရောက်ခဲ့ကြသည်။

ယခု ရှင်းလင်းမှုနှင့်ပတ်သက်ပြီး ‌ကော့ကရိတ်ရှိ သတင်းစာဆရာကြီး ဦးတင်ဝင်းလှိုင်က ‌ကောလဟလ သတင်းများ ဖြစ်‌ပေါ်‌နေ မှုများကို ယခုကဲ့သို့ ရှင်းလင်း ညှိနှိုင်းစု‌ပေါင်း‌ဆောင်ရွက်သည်မှာ ‌ကောင်းမွန်‌ကြောင်းနှင့် ထွက်‌ပေါ်‌နေသည့်သတင်းများမှာ တိုင်းပြည်အ‌ပြောင်းအလဲကာလများတွင် ဖြစ်‌လေ့ရှိသည့် သတင်းများဖြစ်‌ကြောင်း သုံးသပ်‌ပြောဆိုသည်။

‌ကော့ကရိတ်မြို့ အမှတ်(၂)ရပ်ကွက် ဝင်းကြီးရပ် ခရစ်ယာန် ဘုရား‌ကျောင်းဝင်းအတွင်းရှိ က‌လေးသူငယ်ဖွံ့ဖြိုး‌ရေးဌာန-ECCD မူကြို‌ကျောင်းမှ ဆရာမ‌နော်ဘလယ်က “ကျမတို့ မူကြို‌ကျောင်းမှာ ‌တော့ ဒီသတင်း‌ကြောင့် က‌လေး‌တွေကို အရင်ကထက် ပိုဂရု စိုက်ရတယ်။ ‌ကျောင်းပို့ ‌ကျောင်းကြိုချိန်‌တွေမှာ က‌လေးမိဘ‌တွေပဲ လာကြို‌ပေးကြဖို့ မှာရတယ်။ ဒီသတင်း‌တွေ ဖြစ်‌နေတာ ‌ကြောင့် စိုးရိမ်မိတာ‌တော့ အမှန်ပဲ״ဟု ‌ပြောသည်။

က‌လေးခိုးယူခံရမှု ‌ကောလဟလသတင်းများမှာ နိုင်ငံနှင့်အဝှမ်း ဖြစ်‌ပေါ်‌နေသည့်အတွက် မိဘများအကြား စိုးရိမ်‌နေမှုများ ဖြစ် ‌ပေါ်လျှက်ရှိသကဲ့သို့ ထိုသတင်းများ‌ကြောင့် ‌ကော့ကရိတ် ‌ဒေသခံလူထုများတွင်လည်း စိုးရိမ်မှုများ ဖြစ်‌ပေါ်‌နေဆဲဖြစ်သည်။

ယခုလို က‌လေးခိုးယူမှုသတင်းများ မြန်မာနိုင်ငံအတွင်း ပြည်နယ်နှင့်တိုင်းများတွင် ပျံ့နှံ့လျှက်ရှိပြီး နယ်စပ်‌ဒေသ လူကုန်ကူးမှု တားဆီးကာကွယ်‌ရေးဌာန ပြည်သူ့ရဲတပ်ဖွဲ့နှင့် နယ်‌မြေခံ ဌာနဆိုင်ရာများက ဖြစ်‌ပေါ်‌နေ‌သောသတင်းများအ‌ပေါ် ရှင်းလင်းပွဲများ ပြုလုပ်၍ လူထုအသိပညာ‌ပေးမှုများ ‌ဆောင်ရွက်လျှက်ရှိ‌ကြောင်း သိရသည်။