Home သတင်း ပြည်နယ်အစိုးရအဖွဲ့ကို တတ်သိပညာရှင်များဖြင့် ပါဝင်ဖွဲ့စည်းရန် NLD စီစဉ်ထား

ပြည်နယ်အစိုးရအဖွဲ့ကို တတ်သိပညာရှင်များဖြင့် ပါဝင်ဖွဲ့စည်းရန် NLD စီစဉ်ထား

1552

ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်အစိုးရအဖွဲ့ကို တတ်သိပညာရှင်များ ပါဝင်ဖွဲ့စည်းရန် ပြည်နယ်အတွင်း‌နေရာအများစု အနိုင်ရထားသည့် အမျိုး သားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)က စီစဉ်ထားသည်ဟု ကရင်ပြည်နယ် ပါတီဥက္ကဌ၊ ဖားအံမြို့နယ်၊ အမှတ် ၁ ပြည်နယ်လွှတ် ‌တော်ကိုယ်စားလှယ်ဖြစ်သူ နန်းခင်‌ထွေးမြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“အန်တီတို့ စလုပ်ကတည်းက ‌ရွေး‌ကောက်ပွဲတစ်‌လျှောက်လုံး NLD က အစိုးရဖွဲ့နိုင်‌အောင် ကြိုးစားခဲ့တာပဲ။ ပါတီဗဟိုက အစိုးရ ဖွဲ့ဖို့ ဝန်ကြီးချုပ်အရင် ချ‌ပေးရမယ်‌လေ။ ပြီးရင် ပြန်ပြီးပြည်နယ်အစိုးရဖွဲ့မယ်။ တခု‌တော့ရှိတယ်။ ပြည်နယ်ဝန်ကြီးနဲ့ အစိုးရအဖွဲ့ မှာ‌တော့ တတ်နိုင်သမျှ ပညာရှင်‌တွေ‌ပေါ့‌နော်။ လွှတ်‌တော်ကိုယ်စားလှယ်‌တွေလည်းပါ၊ ပညာရှင်‌တွေလည်းပါ အဲ့လိုမျိုး စီစဉ် ထားပါတယ်”ဟု NLD ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင်လည်းဖြစ်သူ နန်းခင်‌ထွေးမြင့်က ယမန်‌နေ့တွင် ‌ပြောသည်။

NLD အ‌နေဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တွင် တာဝန်‌ပေးရန် ကရင်အမျိုးသား တတ်သိပညာရှင်များကို လတ်တ‌လော လိုက် လံ‌မေးမြန်း အကြံ‌တောင်းခံခြင်းများရှိ‌နေသည်ဟု ကရင်အမျိုးသား‌ရေး လုပ်‌ဆောင်‌နေသူများနှင့် ကရင်နိုင်ငံ‌ရေးအသိုင်းအဝိုင်း ထံမှ သိရှိရသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်အဖြစ်၊ NLD ပြည်နယ်ဥက္ကဌဖြစ်သူ နန်းခင်‌ထွေးမြင့် ဖြစ်လာနိုင်သည်ဟုလည်း ကရင်နိုင်ငံ‌ရေးအ သိုင်းအဝိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်‌ပေါ်‌နေ‌သော်လည်း NLD အ‌နေဖြင့် ယင်းကိစ္စကို အတည်ပြုခြင်း မရှိ‌သေးသ လို ပြည်နယ်အစိုးရအဖွဲ့တွင် ပါဝင်မည့် တတ်သိပညာရှင်များမှာ NLD ပါတီဝင် မဟုတ်သူများလည်း ဖြစ်နိုင်သည်ဟု နန်းခင် ‌ထွေးမြင့်က ဆက်‌ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကရင့်‌ရေးရာ‌ကော်မတီ-KAC အတွင်း‌ရေးမှူး ဆရာ‌စော‌ကျော်စွာက “တတ်သိပညာရှင်‌တွေနဲ့ ဖွဲ့စည်း မယ်ဆိုတာ ‌ကောင်းပါတယ်။ လွှတ်‌တော်အမတ်ဆိုတာ ဝန်ကြီးလုပ်ဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူး‌လေ။ လွှတ်‌တော်အမတ်ဆို တာ တိုင်းပြည်‌ကောင်းဖို့ အပြန်အလှန်ထိန်း‌ကျောင်းဖို့အတွက် ဖြစ်တယ်။ ဒါ‌ပေမဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ သူတို့ ဝန်ကြီး ၅ဦး‌တော့ ယူရမယ်။ ဒီထက်‌တော့ ပို မယူ‌ကောင်းဘူး ထင်တယ်”ဟု ‌ကေအိုင်စီသို့ မှတ်ချက်ပြု ‌ပြောဆိုသည်။

ပြီးခဲ့သည့် ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ်လွှတ်‌တော်အတွက် NLD က ၁ဝဦး၊ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီက ၃ဦးနှင့် ကရင်ပြည်သူပါတီက ၁ဦး အနိုင်ရရှိခဲ့သလို ပြည်နယ်အတွင်းရှိ ဗမာ၊ မွန်၊ ပအိုဝ်း‌ရေးရာ ဝန်ကြီး‌နေရာများကိုလည်း NLD က အနိုင်ရရှိခဲ့သည်။