Home သတင်း ‌ကော့ကရိတ်ခရိုင်မှ ‌ဟောင်သ‌ရောမြစ်ကူးတံတားကို နှစ်ဆန်းပိုင်းတွင် သွားလာနိုင်‌တော့မည်

‌ကော့ကရိတ်ခရိုင်မှ ‌ဟောင်သ‌ရောမြစ်ကူးတံတားကို နှစ်ဆန်းပိုင်းတွင် သွားလာနိုင်‌တော့မည်

1817

ဒီဇင်ဘာ ၂၆ရက်၊ ၂၀၁၅ခုနှစ်။ က‌ဆောဝါး

‌ကော့ကရိတ်ခရိုင်၊ ‌ကော့ကရိတ်မြို့နယ်ရှိ ‌တောင်ကြာအင်း‌ကျေးရွာနှင့် ‌မြောက်ကြာအင်း‌ကျေးရွာသွား ‌ဟောင်သ‌ရော မြစ်ကူးတံ တားကို ၂၀၁၆ ဇန်နဝါရီလ ၁၄ရက်‌နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ရာ ‌ဒေသခံများလွယ်ကူစွာ ဖြတ်သန်းသွားလာခွင့် ရရှိ‌တော့မည် ဖြစ်‌ကြောင်း တံတား‌ဆောက်လုပ်‌ရေးတွင် ပါဝင်သည့် အငယ်တန်းအင်ဂျင်နီယာတစ်ဦးက ‌ပြောသည်။

SAE အငယ်တန်းအင်ဂျင်နီယာ ကိုထွန်းထွန်းခိုင်က “ကျ‌နော်က‌တော့ ဒီတံတားလုပ်ငန်းမှာ တံတားသံ‌ဘောင်တပ်ဆင်ခြင်း လုပ် ငန်းကို တာဝန်ယူလုပ်‌ဆောင်‌ပေးတဲ့ အပိုင်းက ပါဝင်ရပါတယ်။ အခု‌တော့ အ‌ချောသတ်လုပ်ငန်း လုပ်‌ဆောင်‌နေပြီ ဒီတံတား ‌ကြောင့် ‌ဒေသခံ‌တွေ မြစ်ကူး၊ ‌ချောင်းကူး သွားလာရတဲ့ဒုက္ခ‌တွေ လွန်ကင်း‌တော့မှာမို့ ကျ‌နော့်အ‌နေနဲ့ ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု ‌ပြောသည်။

၂၀၁၃ – ၂၀၁၄ ဘဏ္ဍာနှစ်၊ ၂၀၁၃ခုနှစ် ‌မေလ ၁ရက်‌နေ့မှ စတင်တည်‌ဆောက်ခဲ့သည့် အဆိုပါတံတားနှင့်လမ်းပိုင်းအနက် တံတားတည်‌ဆောက်မှုအပိုင်းမှာ ယခုအခါ ၉၅ရာခိုင်နှုန်းခန့် ပြီးစီး‌နေပြီဖြစ်ပြီး မကြာမှီဖွင့်လှစ်နိုင်ရန် အပြီးသတ်လုပ်ငန်းများ လုပ်‌ဆောင်‌နေ‌ကြောင်းလည်း ၎င်းက ‌ပြောသည်။

အဆိုပါ‌ဟောင်သ‌ရောတံတားမှာ အရှည်‌ပေ ၉၂ဝရှိပြီး ‌ကော့ကရိတ်မှ ကြာအင်းဆိပ်ကြီးမြို့နယ်သို့ ၃၅မိုင် ၅ဖာလုံ ရှည်လမ်းနှင့် ‌မော်လမြိုင် မုဒုံမြို့သို့ ၅၉မိုင်အထိ ‌ကျေးရွာ၊ မြို့နယ်နှင့် ပြည်နယ်တွင်း ချိတ်ဆက်‌ဖောက်လုပ်‌နေ‌သော အဓိကလမ်းမကြီး‌ပေါ်ရှိ မြစ်ကူးတံတားကြီးဖြစ်သည်။

ယခင် ‌ဒေသမငြိမ်းချမ်းချိန်ကာလက ‌တောင်ကြာအင်း/‌မြောက်ကြာအင်း ‌ကျေးရွာအုပ်စုများရှိ ‌ဒေသခံများမှာ မြစ်‌ရေကျချိန် ‌နွေအခါတွင်
‌ဟောင်သ‌ရောမြစ်အတွင်း ယာယီ တံတားထိုးကာ သွားလာခဲ့ရသလို မိုးတွင်း၌ စက်‌လှေများ၊ ‌ဒေသလုပ် တိုင်ကီ ‌ဖောင်များဖြင့် ကူးတို့ကူးကာ သွားလာခဲ့ကြရသည်။
12434624_479936638861341_1531531033_n
‌ဟောင်သ‌ရောတံတား ဖွင့်လှစ်သွားလာခွင့် ရရှိလာလျှင် ‌တောင်ကြာအင်း ‌ကျေးရွာအုပ်စု အပါအဝင် ‌လောင်းကိုင်၊ ‌ဟောင်သ ‌ရော၊ ဝင်းက၊ ထီဝူးသံ၊ ကြာအင်းဆိပ်ကြီး မြို့နယ်ခွဲ အုပ်စုဝင်‌ဒေသတွင်းရှိ ရွာ‌ပေါင်း ၆ဝ ‌ကျော် လမ်းပန်းဆက်သွယ်‌ရေး ပညာ ‌ရေး၊ ကျန်းမာ‌ရေးနှင့် ‌ဒေသတွင်း အသက်‌မွေးဝမ်း‌ကြောင်းလုပ်ငန်းများအပြင် လူ‌နေမှု အဆင့်အတန်းများ တိုးတက်မြင့်မားလာ နိုင်‌ကြောင်း ‌ဒေသခံများက ယခုလို သုံးသပ်‌ပြောဆို‌နေကြသည်။

‌တောင်ကြာအင်းရွာ‌နေ ကိုတူးက “အရင်က မြစ်ကူးဖို့ ခက်ခဲတယ် ကျန်းမာ‌ရေးပညာ‌ရေး‌တွေ ခက်ခဲတယ်‌လေ။ ‌ဒေသကလည်း မငြိမ်းချမ်းဘူး။ အခုက အဆင်‌ပြေ‌တော့မယ်‌လေ။ ကျ‌နော့်အိမ်က လမ်းမ‌ဘေးဆို‌တော့ တံတား‌ဆောက်‌တော့ ၂၅‌ပေ‌လောက် ‌နောက်ဆုတ်‌ပေးရတယ်။ ‌ကျေနပ်ပါတယ်။ ကိုယ့်‌ဒေသ ဖွံဖြိုးဖို့လုပ်တာပဲ။ အများအတွက် လုပ်တာဆို‌တော့ ‌လျှော်‌ကြေးနစ်နာ ‌ကြေးလည်း မ‌မျှော်လင့်ပါဘူး၊ ‌နောင်လာ‌နောက်သား‌တွေအတွက် ဒီတံတား‌ကြောင့် အဆင်‌ပြေ‌တော့မှာ‌လေ”ဟု ‌ပြောသည်။

သို့‌သော် တံတားတည်‌ဆောက်မှု စတင်ခဲ့စဉ်က ‌ဒေသခံလူထုအား ‌ဆွေး‌နွေးညှိနှိုင်းမှုများ မရှိခဲ့‌ကြောင်း ‌ပြောဆိုမှုများ ရှိ‌နေကြပြီး တံတား‌ဆောက်လုပ်မှုဧရိယာနှင့် မလွတ်ကင်းသည့် မြစ်ကမ်းနှစ်ဘက်ရှိ အိမ်ခြံ‌မြေပါသွား‌သော ‌ဒေသခံ ၅ဝဦးမှ ၇ဝဦး၏ ထိခိုက် နစ်နာမှုများရှိခဲ့ရာ ထိုကိစ္စနှင့်ပတ်သက်၍ နစ်နာသူများအကြားတွင်လည်း သ‌ဘောထားအမျိုးမျိုး ကွဲလွဲလျှက်ရှိသည်။

‌မြောက်ကြာအင်း‌ကျေးရွာ‌နေ ဦး‌သောင်းက “ကျ‌နော်က‌တော့ တံတား ချည်းကပ်လမ်းနဲ့မလွတ်လို့ ၁၅‌ပေ အိမ်တံစက်မြိတ်ဖျက် ပြီး ‌နောက်ဆုတ်‌ပေးရတယ်။ ‌ကျေနပ်ပါတယ်။ လမ်းအတွက် ကိုယ့်‌မြေ ‌ပေးလှူရတယ်လို့ သ‌ဘောထားပါတယ်။ ဒါ‌ပေမယ့် ကျ‌နော့်လမ်းတစ်ဖက်ခြမ်းက မိသားစု‌တွေ စားဝတ်‌နေ‌ရေး ချို့တဲ့‌နေတဲ့ မိသားစု‌တွေက‌တော့ ဒုက္ခ‌ရောက်ကြတာ‌ပေါ့။ မုဆိုးမ သားအမိ‌တွေ စားဝတ်‌နေ‌ရေး မ‌ပြေလည်သူ မိသားစု‌တွေကို‌တော့ ဘယ်လို စီစဉ်‌ပေးမလဲ‌တော့ မသိဘူး။ သူတို့က‌တော့ ‌လျော် ‌ကြေးနစ်နာ‌ကြေးကို ‌မျှော်လင့်တယ်လို့‌တော့ ဦး‌လေးကြားမိတယ်”ဟု ‌ပြောသည်။

‌ဟောင်သ‌ရော မြစ်ကူးတံတားရှိရာ ‌တောင်ကြာအင်း‌မြောက်ကြာအင်း ‌ကျေးရွာအုပ်စုသည် ‌ဒေသထွက် သစ်သီးများဖြစ်သည့် ဒူးရင်းသီး၊ မင်းကွတ်သီးများ ထွက်ရှိရာ ‌ဒေသတွင်း စိုက်ပျိုးသီးနှံများ ကူး‌ပြောင်းသယ်‌ဆောင်ရာ လမ်း‌ကြောင်းဖြစ်‌သော်လည်း မငြိမ်းချမ်း‌သော ကာလများကလည်း စစ်‌ရေးတင်းမာမှုများ မကြာခဏ ဖြစ်ပွားခဲ့‌သေးသည်။