Home သတင်း အနိုင်ရ NLD လွှတ်‌တော်ကိုယ်စားလှယ်ကို USDP ကိုယ်စားလှယ် တရားစွဲဆို

အနိုင်ရ NLD လွှတ်‌တော်ကိုယ်စားလှယ်ကို USDP ကိုယ်စားလှယ် တရားစွဲဆို

1494

ဒီဇင်ဘာ ၂ဝရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD မှ ၂၀၁၅‌ရွေး‌ကောက်ပွဲ အနိုင်ရ ဖားအံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ် ‌စောသန်းထွဋ်အား ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း လက်ရှိ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် မန်းကံညွန့်က တရားလိုပြု၍ ဖားအံမြို့နယ်၊ ဥပ‌ဒေရုံး၏ အကြံပြုချက်နှင့်အညီ ‌ရွေး ‌ကောက်ပွဲ ဥပ‌ဒေပုဒ်မ ၅၈(ခ)အရ ယခုလ ၁၄ရက်‌နေ့က တရားစွဲဆိုလိုက်သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၈ရက် ‌ရွေး‌ကောက်ပွဲ‌နေ့တွင် ‌ရွေး‌ကောက်ပွဲဥပ‌ဒေပုဒ်မ ၅၈(ခ)အရ ‌ရွေး‌ကောက်မှုဆိုင်ရာ အခွင့်အ‌ရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်‌စေရန် လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းများကို‌သော်လည်း‌ကောင်း၊ ဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိသူတစ်ဦးဦး ကို‌သော်လည်း‌ကောင်း တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်‌သောနည်းဖြင့် ခြိမ်း‌ခြောက်ခြင်းပြုခဲ့‌ကြောင်း မန်းကံညွန့်က ‌စောသန်း ထွဋ်အား ဖားအံမြို့၊ မြို့မရဲစခန်းသို့ နိုဝင်ဘာ ၂၁ရက်‌နေ့တွင် တရားလိုပြု တိုင်တန်းခဲ့ခြင်းဖြစ်သည်။

မန်းကံညွန့်က “‌ရွေး‌ကောက်ပွဲ‌နေ့တုန်းက ကျ‌နော်တို့က အဓိက ထပ်တိုးမဲရုံ‌တွေဖြစ်တဲ့ မဲသနတို့ ‌ကော့်ဟဲတို့ ဟတ္တလိုက်မဲရုံတို့ ကို သွားစစ်တာ‌ပေါ့‌နော်။ အဲ့မှာ ဦး‌စောသန်းထွဋ်ကလည်း လာပြီး‌စောင့်ကြည့်တယ်။ အဲ့မှာသူနဲ့အတူ ABSDF ‌ကျောင်းသားတပ် မ‌တော် ကားတစ်စီးပါလာတယ်။ သူက လက်နက်ကိုင်တပ်ဖွဲ့ရဲ့ကားကို အသုံးပြုတဲ့အတွက် လက်နက်ကိုင်ပါလာသည်ဖြစ်‌စေ၊ မပါလာသည်ဖြစ်‌စေ ခြိမ်း‌ခြောက်ခံရတဲ့ သ‌ဘောမျိုးဖြစ်တဲ့အတွက် အဲ့ဒီ ၅၈(ခ)နဲ့ ကျ‌နော် တရားစွဲထားတာပါ״ဟု ‌ကေအိုင်စီသို့ ဒီဇင်ဘာ ၁၇ရက်က ‌ပြောသည်။

‌ရွေး‌ကောက်ပွဲ ဥပ‌ဒေပုဒ်မ ၅၈(ခ)အရ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းတစ်‌ယောက်ကိုဖြစ်‌စေ၊ မဲဆန္ဒရှင်ကိုဖြစ်‌စေ ‌ရွေး ‌ကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ‌ဆောင်ရွက်ခြင်းမပြုနိုင်‌အောင် ခြိမ်း‌ခြောက်ခြင်းပြုသည် ဆိုသည့်ပြစ်မှုမျိုး‌မြောက်သည့် အ‌နေ အထားဖြင့် တရားစွဲဆိုခဲ့‌သော်လည်း တရားသူကြီး၏ ချမှတ်သည့်အတိုင်း နာခံသွားမည်ဟုလည်း မန်းကံညွန့်က ဖြည့်စွက် ‌ပြော သည်။

ယမန်‌နေ့က မန်းကံညွန့်အား ဖားအံမြို့နယ်တရားရုံးက ကြားနာစစ်‌ဆေးမှုပြုခဲ့ပြီး ပထမရုံးချိန်းကို ယခုလ ၁၆ရက်‌နေ့တွင် ပြု လုပ်ခဲ့ကာ လက်ရှိတွင်လည်း တရားစွဲခံရသူ ‌စောသန်းထွဋ်မှာ ယခုလ ၁၄ရက်‌နေ့တွင် ဖားအံမြို့မရဲစခန်း၌ အာမခံလုပ်ထားရပြီး ဒီဇင်ဘာလ ၁၈ရက်‌နေ့တွင်လည်း မနက် ၁ဝနာရီခန့်တွင် တတိယအကြိမ် ရုံးချိန်းကို ထပ်မံ ချိန်းဆိုထား‌ကြောင်း သိရသည်။

‌စောသန်းထွဋ်က “ကျ‌နော်က အဲ့ဒီဝါးဘိုး‌တော၊ တ‌ကောင်ဘိုး(ရွာ)‌တွေမှာ မဲရုံစိစစ်ဖို့ တာဝန်ရှိတယ်။ အဲ့ဒီမဲရုံစိစစ်တဲ့အချိန်မှာ ABSDF က ကျ‌နော့်အစ်ကိုကားနဲ့သွားဆုံတယ်။ နှုတ်ဆက်တယ်။ ဝတ်ကြီးမဲရုံ၊ တ‌ကောင်ဘိုးမဲရုံတို့သွား‌တော့ ဝတ်ကြီးမဲရုံ မ‌ရောက်ခင်မှာ သူနဲ့တစ်ကြိမ်သွားဆုံတယ်။ အ‌နောက်မှာ ABSDF ကားကိုသူ‌တွေ့တယ်။ သုံးခါ‌လောက်ဆုံဖြစ်‌တော့ လက်နက် ကိုင်အဖွဲ့အစည်းနဲ့ NLD ယှဉ်ပြီး သွားတယ်။ ဒီလိုယှဉ်သွားတာက သူ့ကို ကျ‌နော်က တိုက်ရိုက်ခြိမ်း‌ခြောက်တာ မဟုတ်‌သော် လည်း သွယ်ဝိုက်‌သောနည်းနဲ့ ခြိမ်း‌ခြောက်တယ်ဆိုပြီး မ‌နေ့က သူ တရားရုံးမှာ ထွက်ဆိုတယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် တရားစွဲဆိုခံထားရသည့် ဦး‌စောသန်းထွဋ်အ‌နေဖြင့် တရားဥပ‌ဒေ‌ဘောင်အတွင်း၌ပင် ရင်ဆိုင်‌ဖြေရှင်းသွားမည်ဟု လည်း ၎င်းက ဆက်‌ပြောသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာ ထပ်တိုးမဲရုံများဖြစ်သည့် တံတားဦး‌ကျေးရွာမဲရုံ၊ တ‌ကောင်ဘိုး‌ကျေးရွာမဲရုံ၊ မဲသန၊ ‌ကော်ဟဲ၊ ကျုံ‌ထော်၊ တ‌ကောင်ဘိုး(မြိုင်)၊ ဟတ္တလိုက်‌ကျေးရွာမဲရုံများမှာ ယခင် ၂၀၁၀‌ရွေး‌ကောက်ပွဲတွင် လုံခြုံ‌ရေး‌ကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ဘဲ ယခုနှစ် ‌ရွေး‌ကောက်ပွဲတွင်မူ ထပ်တိုးမဲရုံအဖြစ် ‌ရွေး‌ကောက်ပွဲမတိုင်ခင် ရက်‌ပေါင်း ၄ဝအလို၌ ဖွင့်လှစ်နိုင်ခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး-KNU ထိန်းချုပ်နယ်‌မြေနှင့်လည်း ထိစပ်လျက်ရှိသည်။