Home သတင်း အကြီးစားဖွံ့ဖြိုး‌ရေးစီမံကိန်း၏ ‌နောက်ဆက်တွဲပြဿနာကို ပြည်နယ်အစိုးရသစ် အဓိကကြုံ‌တွေ့နိုင်

အကြီးစားဖွံ့ဖြိုး‌ရေးစီမံကိန်း၏ ‌နောက်ဆက်တွဲပြဿနာကို ပြည်နယ်အစိုးရသစ် အဓိကကြုံ‌တွေ့နိုင်

1288

ဒီဇင်ဘာ ၄ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

၂၀၁၅‌ရွေး‌ကောက်ပွဲအပြီး အသစ်တက်လာမည့် ကရင်ပြည်နယ်မှ အစိုးရဝန်ကြီးများ၊ လွှတ်‌တော်အမတ်များသည် ပြည်နယ်အ တွင်းရှိ အကြီးစားဖွံ့ဖြိုး‌ရေးစီမံကိန်းကြီးများနှင့် ၎င်း၏ ‌နောက်ဆက်တွဲပြဿနာများကို အဓိက ကြုံ‌တွေ့သွားရနိုင်သည်ဟု ပြည်နယ်အ‌ခြေစိုက် အရပ်ဖက် လူမှုအဖွဲ့အစည်းတာဝန်ခံများက ‌ပြောဆိုသည်။

ကရင့်‌ရေးရာ‌ကော်မတီ အတွင်း‌ရေးမှူး ‌စော‌ကျော်စွာက “အစိုးရဖြစ်လာမဲ့ အမတ်‌တွေအ‌နေနဲ့ သူတို့အဓိက ရင်ဆိုင်သွားရမှာက ကြီးမားတဲ့ ဖွံ့ဖြိုး‌ရေးကိစ္စရပ်နဲ့ အဲ့ဒီစီမံကိန်း‌တွေရဲ့ ဖြစ်လာမဲ့ ‌နောက်ဆက်တွဲပြဿနာက သူတို့အတွက် အကြီးမားဆုံး‌သော စိန် ‌ခေါ်မှုဖြစ်လိမ့်မယ်။ အဲ့မှာ ‌မြေယာတို့လို သဘာဝတ်ပတ်ဝန်းကျင်တို့လိုမျိုး ပါလိမ့်မယ်”ဟု ‌ကေအိုင်စီသို့ ယမန်‌နေ့က‌ပြောသည်။

ထို့အပြင် လက်ရှိအစိုးရလက်‌အောက်တွင် နိုင်ငံ့တာဝန် ထမ်း‌ဆောင်‌နေ‌သော အုပ်ချုပ်‌ရေးပိုင်းရှိ အဆင့်ဆင့်‌သော ဝန်ထမ်းများ နှင့် ရင်ဆိုင်‌တွေ့ကြုံရာတွင် များစွာ အခက်အခဲဖြစ်နိုင်သည်ဟုလည်း ‌စော‌ကျော်စွာက ဆက်‌ပြောသည်။

ကရင်ပြည်နယ်အတွင်း အကြီးစားဖွံ့ဖြိုး‌ရေးစီမံကိန်းလုပ်ငန်းများအ‌နေဖြင့် ထိုင်း-မြန်မာ အာရှအ‌ဝေး‌ပြေးလမ်းမ၊ ‌ရေအားလျှပ်စစ် စွမ်းအင် ၁,၂၀ဝ မီဂါဝပ် ထုတ်လုပ်နိုင်ရန် မြန်မာနိုင်ငံမှ The state-run Myanmar Electric Power Enterprise ကုမ္ပဏီ၊ တရုတ်နိုင်ငံမှ Sino-hydro Corporation ကုမ္ပဏီနှင့် ထိုင်းနိုင်ငံမှ Electricity Generating Authority of Thailand (EGAT) ကုမ္ပဏီတို့က ၂၀၀၆ခုနှစ်တွင် သ‌ဘောတူ လက်မှတ်‌ရေးထိုးခဲ့သည့် ဟတ်ကြီး‌ရေကာတာစီမံကိန်း၊ မြိုင်က‌လေးဘိလပ်‌မြေ စက်ရုံနှင့် ဖားအံစက်မှုဇုံတို့ ပါဝင်သည်။

၂၀၁၅ ‌ရွေး‌ကောက်ပွဲအပြီး ထုတ်ပြန်သည့် ရလဒ်များအရ ကရင်ပြည်နယ်ရှိ မြို့နယ် (၇)ခု၌ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD မှ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း ၃၆ဦး ဝင်‌ရောက်အ‌ရွေးခံရာတွင် ဖာပွန်မြို့နယ်မှလွဲ၍ ကျန်မြို့နယ် ၆မြို့နယ်၏ လွှတ် ‌တော်အဆင့်ဆင့်အတွက် ၂၉ဦး မဲနိုင်ရရှိထားသည့်အတွက် ကရင်ပြည်နယ်တွင် အများဆုံး အနိုင်ရရှိထားသည်။

သွီးလူထုအ‌ခြေပြုလူမှုကူညီ‌ရေး အ‌ထောက်အကူပြုကွန်ယက် ဥက္ကဌ မန်းသိန်း‌ဇော်က “အသစ်တက်လာမဲ့ အမတ်‌လောင်း‌တွေ အ‌နေနဲ့ အဓိက စိန်‌ခေါ်မှု‌တွေဖြစ်‌စေမှာက ယခင်အစိုးရက လုပ်သွားတဲ့ စီးပွား‌ရေးဖွံ့ဖြိုးမှု စီမံကိန်း‌တွေ ‌ပြောချင်တာက သဘာဝ သယံဇာတတူး‌ဖော်တဲ့‌နေရာမှာ ပြည်သူ‌တွေနဲ့ သဟဇာတ မဖြစ်တာ‌တွေ ကုမ္ပဏီ‌တွေက‌နေ စည်းမျဉ်းစည်းကမ်း‌တွေ မလိုက်နာ တာ‌တွေ ဒါ‌တွေကို ကြုံ‌တွေ့ရလိမ့်မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် နိုင်ငံအတွင်း ပြဌာန်းထားသည့်ဥပ‌ဒေအတိုင်း ‌အောက်‌ခြေဝန်ထမ်းများတွင် အသက်ဝင်မှုမရှိဘဲ လိုက်နာ‌ဆောင်ရွက်မှု အားနည်း‌နေမှုများ ရှိ‌နေသည့်အ‌ပေါ် တိုင်းရင်းသားလက်နက်ကိုင်များ ရှိ‌နေသည့်‌ဒေသများမှာ ၎င်းအမတ်များအတွက် တရား ဥပ‌ဒေစိုးမိုးမှုမှာလည်း စိန်‌ခေါ်မှုများဖြစ်လာနိုင်သည်ဟု မန်းသိန်း‌ဇော်က ဖြည့်စွက်‌ပြောဆိုသည်။

ယင်းအ‌ခြေအ‌နေများအပြင် ယခင်ပြည်နယ် အစိုးရလက်ထက်တွင် သ‌ဘောတူ‌ဖော်‌ဆောင်ထားသည့် နှစ်နိုင်ငံ စီမံကိန်းကြီးများ မှ ‌မြေကွက်များအား ‌မြေရှင်များမှ ထိုက်တန်သည့် ‌လျော်‌ကြေးမရရှိဘဲ အ‌ရေးယူခံထားရသည့် ကိစ္စရပ်များအပြင် တိုင်းရင်းသား လက်နက်ကိုင် ‌မြေယာဥပ‌ဒေများနှင့် အစိုးရ‌မြေယာဥပ‌ဒေများကို နယ်စပ်‌ဒေသများတွင် ချိတ်ဆက်လုပ်‌ဆောင်ရမည့် စိန်‌ခေါ်မှု များလည်း ဖြစ်လာနိုင်ပြီး ထိုအ‌ခြေအ‌နေများကို ‌ဖြေရှင်း‌ကျော်လွှားရာတွင် ‌ရွေး‌ကောက်ခံ ကိုယ်စားလှယ်များ၏ ပြည့်စုံသည့် စွမ်း‌ဆောင်ရည်များအ‌ပေါ် မူတည်ပြီး ‌ဖြေရှင်းသွားမည့်အ‌ရေး ‌စောင့်ကြည့်သွားရမည်ဟုလည်း ၈၈မျိုးဆက်ငြိမ်းချမ်း‌ရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်းမှ ကိုမြင့်‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖားအံမြို့နယ်ရှိ လှာကမြင်၊ လှာက‌ဒေါင်နှင့် လက္ခဏ စသည့်‌ကျေးနယ်သုံးခုမှာ ၁၈နှစ်‌ကျော်ကြာ ‌မြေဧက‌ပေါင်း ၇၀၀‌ကျော် သိမ်းဆည်းခံထားရပြီး ၎င်းအ‌ခြေအ‌နေနှင့် ပတ်သက်၍ လှာက‌ဒေါင်ရွာသား ‌စောခင်လှမြိုင်က “အခုအသစ်တက်လာမဲ့ အစိုးရ အ‌နေနဲ့ ကျ‌နော်တို့ အသိမ်းခံထားရတဲ့ ‌မြေ‌တွေကို ပြန်ရ‌အောင်ပဲ လုပ်‌ပေး‌စေချင်တယ်။ အခုဆိုရင် ‌မြေမရှိ‌တော့ ‌နေ့စား‌တွေ လိုက်လုပ်ရတယ်။ သား‌တွေသမီး‌တွေက ထိုင်းနိုင်ငံမှာသွားပြီး အလုပ်လုပ်ကြရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ‌ဒေသတွင်း အကြီးစားဖွံ့ဖြိုး‌ရေးနှင့် စီးပွား‌ရေးစီမံကိန်းများ‌ကြောင့် ‌ဒေသခံ‌တောင်သူအလုပ်သမားများ ‌မြေသိမ်းယာသိမ်းမှုများနှင့် ‌ဒေသတွင်း တိုက်ပွဲများကို အများဆုံး ကြုံ‌တွေ့ခဲ့ရပြီး ဋ္ဌာ‌နေ လူငယ်လူရွယ်များလည်း ထိုင်းနိုင်ငံသို့ အ‌မြောက်အများ သွား‌ရောက် အလုပ်လုပ်ကိုင်‌နေကြရသလို ပြည်တွင်း စစ်‌ဘေး‌ရှောင် ဒုက္ခသည်များအ‌နေဖြင့်လည်း တစ်ဖက် နိုင်ငံသို့ ဒုက္ခသည်များအ‌နေဖြင့် လူဦး‌ရေ သိန်းနှင့်ချီ၍ ယခုအချိန်အထိ ‌နေထိုင်‌နေကြရသည်။