Home သတင်း အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်‌ရေး‌နေ ့အခမ်းအနား ဖားအံတွင် ကျင်းပပြီးစီး

အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်‌ရေး‌နေ ့အခမ်းအနား ဖားအံတွင် ကျင်းပပြီးစီး

2113
?

ဒီဇင်ဘာ ၈ ရက်၊ ၂၀၁၅ ခုနှစ်။ စအိုင်စူး

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်‌နေ ့တွင်ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအား အကြမ်းဖက်မှု ပ‌ပျောက်‌ရေး‌နေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ ဖားအံမြို့၊ သု‌မေဓါရာမ ကြား‌တောရ‌ကျောင်းတိုက်၌ ကရင် အမျိုးသမီးဖွံ့ဖြိုး တိုးတက်‌ရေးအသင်း(KWEG)က ဦး‌ဆောင်ကာ ယမန်‌နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို ့ ဖားအံမြို့ အ‌ခြေစိုက် နိုင်ငံ‌ရေးပါတီများ၊ WON၊ LWF ၊ IRC၊ UNHCR စသည့် အဖွဲ့ အစည်းများ၊ လူမှု‌ရေးအသင်းအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဖားအံ‌ရှေ့‌နေကွန်ရက်နှင့် ‌ဒေသခံလူငယ်များ စုစု‌ပေါင်း ၁၃၈ ဦး တက်‌ရောက်ကာအမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌ရေးဆိုင်ရာ အသိပညာ‌ပေး ‌ဟော‌ပြောမှုများ ပြုလုပ်ခဲ့သည်။

အခမ်းအနား တက်‌ရောက်လာသူ Myanmar Institute of Politics and Public Policy ၏ ဒါရိုက်တာ ‌နော်မာမာချိုက “လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပဲဖြစ်ဖြစ် အိမ်တွင်းအကြမ်းဖက်မှုပဲဖြစ်ဖြစ် ကျူးလွန်တဲ့သူ အများစုက အမျိုးသား‌တွေပဲဖြစ်တယ်။ အမျိုးသား အကုန်လုံးကိုဆိုလိုတာ‌တော့ မဟုတ်ပါဘူး။ အခုက အမျိုးသားပါဝင်မှုအပိုင်း အားနည်း‌နေ‌သေးတယ်။ အဲ့လိုအမျိုးသား‌တွေပါခြင်းအားဖြင့် အမျိုးသမီး‌တွေ အ‌ပေါ် အကြမ်းဖက်မှုကို ‌လျော့ကျမှုတစ်ခုဖြစ်တယ် ״ ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌ရေးအတွက် အလွှာစုံ အမျိုးသားများ ပါဝင်လုပ်‌ဆောင် ရမည်ဖြစ်သလို နိုင်ငံ‌တော် အဆင့်တာဝန်ရှိသူများအထိ ပါဝင်လာရန် လိုအပ်သည်ဟု ‌နော်မာမာချိုကဆက် ‌ပြောသည်။

အလားတူ အခမ်းအနားသို့ တက်‌ရောက်လာသူ ‌နော်ထီးမူးက “ ဒီအခမ်းအနားမှာဆို အမျိုးသမီး‌ရှေ့‌နေ တစ်‌ယောက်‌ပြောသွားတာ‌လေး တစ်ခု‌ပေါ့‌နော်၊ အမျိုးသမီးဘက်မှာ ကာကွယ်‌ပေးတဲ့ ဥပ‌ဒေဆိုတာကို ကျမတို့ ငယ်ငယ်‌လေး က‌နေကြီးလာတဲ့အရွယ်အထိ မသိခဲ့ဘူး။ အခုဆိုရင် အမျိုးသမီးငယ်‌တွေ၊ အမျိုးသမီး‌တွေ အ‌ပေါ် ကာကွယ်‌ပေးတဲ့ဥပ‌ဒေ‌တွေရှိတယ်ဆိုတာ ‌တော်‌တော်သိလာတယ်။ ဒီလိုအခမ်းအနားမျိုးကိုလည်း တစ်နှစ် တစ်ခါ‌တော့ တက်ဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌နေ့တဝက်တာပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနားတွင် အမျိုးသမီးများ အကြမ်းဖက်မှုပ‌ပျေက်‌ရေးအတွက် ပြီးခဲ့သည့် နိုဝင်ဘာ ၂၅ မှ ဒီဇင်ဘာ ၁ဝ ရက်‌နေ ့ထိပြုလုပ်သည့် ၁၆ ရက်တာ လှုပ်ရှားမှုဆိုင်ရာများ၊ လူငယ် များက အကြမ်းဖက်မှုသရုပ်‌ဖော်အသိပညာ‌ပေခြင်း၊ ‌တေးသီချင်းများ၊ သံချပ်များနှင့် ပ‌ဟေဋိ ဉာဏ်စမ်းများ ‌မေး‌ဖြေခြင်း အစီအစဉ်တို့ ကိုပြုလုပ်ခဲ့သည်။

၁၉၉၉ခုနှစ်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂ၏ ၅၄ ကြိမ်‌မြောက် အ‌ထွေ‌ထွေညီလာခံဆုံးဖြတ်ချက် အမှတ် ၅၄/၁၃၄ အရ နှစ်စဉ်နိုဝင်ဘာလ ၂၅ ရက်‌နေ့ကို အမျိုးသမီးများအ‌ပေါ်အကြမ်းဖက်မှု ရပ်တန့်‌ရေး‌နေ့ အဖြစ် သတ်မှတ်ခဲ့ပြီး နိုဝင်ဘာ ၂၅ရက်‌နေ့မှ ဒီဇင်ဘာ ၁ဝရက်‌နေ့အထိ အမျိုးသမီးများအ‌ပေါ်အကြမ်းမှုပ‌ပျောက် ‌ရေး ၁၆ ရက်တာလှုပ်ရှာမှုကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပြုလုပ်လျက်ရှိ‌ကြောင်း သိရသည်။