Home သတင်း အခမဲ့ ‌ဆေးကုသမှု များများလုပ်‌ပေးရန် ကြာအင်းဆိပ်ကြီး‌ဒေသခံများ ‌တောင်းဆို

အခမဲ့ ‌ဆေးကုသမှု များများလုပ်‌ပေးရန် ကြာအင်းဆိပ်ကြီး‌ဒေသခံများ ‌တောင်းဆို

1599

ဒီဇင်ဘာ ၁ရက်၊ ၂၀၁၅ခုနှစ်။ မြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် နိုဝင်ဘာ(၂၈)‌နေ့က ပြည်နယ်ကျန်းမာ‌ရေးဆရာဝန်ကြီးများနှင့် တိုက်နယ်ကျန်း မာ‌ရေးအဖွဲ့တို့ ပူး‌ပေါင်း၍ ခလယ်တံခွန်တိုင် တိုက်နယ်‌ဒေသတွင်းရှိ ‌ကျေးရွာ‌ပေါင်း ၁၅ရွာမှ ‌ဒေသခံ ပြည်သူများအား တိုက်နယ် ‌ဆေးရုံကြီး၌ လာ‌ရောက်ကုသသွားသည့် အခမဲ့‌ဆေးကုသမှုမျိုး များစွာ လုပ်‌ပေး‌စေလို‌ကြောင်း ‌ဒေသခံများက ‌ပြောဆိုသည်။

‌ရောဂါလာကုသသူ ဒိုင်လွတ်ရွာမှ ‌စော‌အောင်မိုးမင်းက “ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်း‌တွေက‌တော့ ‌ရောဂါဖြစ်လို့ရှိရင် အချိန်မ‌ရွေး သွား‌ရောက်ကုသနိုင်‌ပေမဲ့ ကျ‌နော်တို့လို အ‌ခြေခံလူတန်းစားအတွက်က‌တော့ သွားစရိတ် ‌နေစရိတ် စားစရိတ် ‌ဆေးဝါးစရိတ်အ တွက်နဲ့ပဲ သွား‌ရောက်ကုသဖို့ဆိုတာ တအား အခက်အခဲရှိပါတယ်။ အခုလိုမျိုး ‌ဆေးဝါး အခမဲ့ ကုသ‌ပေးတဲ့ အဖွဲ့အစည်း‌တွေ များများရှိရင် ‌ကျေးရွာမှာရှိတဲ့ အ‌ခြေခံလူတန်းစား‌တွေအတွက် ‌တော်‌တော်‌လေး အဆင်‌ပြေပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ယင်းသို့‌သော အခမဲ့ ‌ဆေးကုသမှုမျိုး မရှိသည့်အချိန်ဖြစ်‌စေ၊ ‌ဆေးခန်းများမရှိသည့်အချိန်များ၌ ထို‌ဒေသရှိ နယ်ခံပြည်သူလူထု မှာ ခက်ခဲမှု ကြီးမား‌ကြောင်းလည်း သူက ဆက်‌ပြောသည်။

အဆိုပါ အခမဲ့ကုသမှုခရီးစဉ်တွင် ပြည်နယ်ဝန်ကြီးချုပ် ‌စောဝင်းထိန်(ယာယီ)၊ လွှတ်‌တော်ဥက္ကဋ္ဌ ‌စော‌အောင်‌ကျော်မင်း၊ ပြည် နယ်ကုသ‌ရေးဦးစီးဋ္ဌာနမှ ‌ဒေါက်တာ‌အောင်ထွန်းတင်၊ ဋ္ဌာနဆိုင်ရာဝန်ထမ်းများ၊ အမှတ်(၁၀၂၁) နယ်ခြား‌စောင့်တပ်-BGF မှ တပ်ဖွဲ့ဝင်အရာရှိတချို့နှင့် ‌မေတ္တာရှင်လူမှု‌ရေးအဖွဲ့တို့မှ လူဦး‌ရေ ၁၀၀‌ကျော် ပါဝင်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌ကျေးရွာ‌ပေါင်း (၁၅)ရွာမှ ‌ဒေသခံလူနာ (၁၀၀၀)‌ကျော်ကို ‌ဆေးဝါးကုသ‌ပေးခဲ့ခြင်း ဖြစ်သည်။

ခလယ်တံခွန်တိုင် တိုက်နယ်‌ဆေးရုံအ‌နေဖြင့် ကာကွယ်‌ရေးနှင့် ကုသ‌ရေးကို နှစ်ပိုင်းခွဲခြားထားပြီး နိုဝင်ဘာလ ၂၈ရက်‌နေ့ အခမဲ့ ‌ဆေးကုသမှုတွင် ‌ရောဂါ (၁၂)မျိုး ပါဝင်‌ကြောင်းလည်း ခလယ်တံခွန်တိုင် တိုက်နယ်ဆရာဝန် ‌ဒေါက်တာစည်သူ‌အေးက ‌ကေအိုင်စီသို့ ‌ပြောပြခဲ့သည်။

“ကျ‌နော်တို့ အခမဲ့ ‌ဆေးကုသမှု ခရီးစဉ်အ‌နေနဲ့ ‌ရောဂါအားလုံး (၁၂)မျိုး ကုသ‌ပေးပါတယ်။ တိုက်နယ်‌ဆေးရုံအ‌နေနဲ့ ကာကွယ် ‌ရေးနဲ့ ကုသ‌ရေး နှစ်ပိုင်းခွဲထားတယ်။ ‌ရောဂါ‌တွေမဖြစ်ပွား‌အောင် ကိုယ်ဝန်‌ဆောင်မိခင်‌တွေကို ‌စောင့်‌ရှောက်‌ပေးတယ်။ ‌ကျောင်း ကျန်မာ‌ရေး ကျ‌နော်တို့သွားတယ်။ အလျင်းသင့်သလို ပတ်ဝန်းကျင် သန့်ရှင်း‌ရေးလုပ်တာတို့၊ ကုသ‌ရေးအပိုင်းမှာလည်း လာတဲ့ လူနာ‌တွေကို တတ်နိုင်သ‌လောက် ကျ‌နော်တို့ ကုသ‌ပေးတယ်။ ဒီ‌နေ့လာပြတဲ့ လူနာအများစုက အဓိက အရိုး၊ အ‌ကြော‌တွေများ တယ်။ က‌လေး‌တွေနည်းနည်းများတယ်”ဟု ‌ပြောသည်။

ပြည်နယ်အစိုးရအ‌နေဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်အ‌နေဖြင့် ခလယ်တံခွန်တိုင် တိုက်နယ်မှ ‌ကျေးရွာများဖြစ်‌သော ‌တောင်ဒီး၊ ကျုံခဝန်၊ ဖားပြ‌ကျေးရွာများသို့ အခမဲ့‌ဆေးဝါးကုသမှုခရီးစဉ်အဖြစ် ပထမဦးဆုံးအကြိမ် လာ‌ရောက်ကုသ‌ပေးခြင်းဖြစ်ပြီး နိုဝင်ဘာ လ (၂၀)ရက်‌နေ့ကလည်း မြန်မာနိုင်ငံအမျိုးသား TB(အဆုတ်)တိုက်ဖျက်‌ရေးဋ္ဌာန TB campaign နှင့် ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့ TB တိုက်ဖျက်‌ရေးဋ္ဌာနတို့ ပူး‌ပေါင်းပြီး ခလယ်တံခွန်တိုင်တိုက်နယ်‌ဒေသတွင်း အခမဲ့ TB ‌ရောဂါ ရှာ‌ဖွေ‌ရေးလုပ်ငန်းကို ပြုလုပ်ခဲ့ ‌သေး‌ကြောင်း သိရသည်။