Home သတင်း သစ်‌တောကာကွယ် ထိန်းသိမ်း‌ရေး အထူးသင်တန်း KNU ပြုလုပ်ပြီးစီး

သစ်‌တောကာကွယ် ထိန်းသိမ်း‌ရေး အထူးသင်တန်း KNU ပြုလုပ်ပြီးစီး

1928

ဒီဇင်ဘာ ၂၁ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဗဟိုသစ်‌တောဌာန၊ ဦးစီးမှုဖြင့် ‌ကေအဲန်ယူ ဖာပွန်ခရိုင်ရှိ ‌သေ့‌ကော်ထာ့‌နေရာတွင် နိုဝင်ဘာလ ၃ဝရက်မှ ဒီဇင်ဘာလ ၁၈ရက်‌နေ့အထိ သစ်‌တောကာကွယ်ထိန်းသိမ်း‌ရေး အထူးသင်တန်းတစ်ရပ်ကို ခရိုင်နှစ်ခုအ တွက် အဓိကထားကာ ပြုလုပ်ပြီးစီးခဲ့‌ကြောင်း ‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာန တာဝန်ခံ ပဒိုမန်းဘထွန်းက ယခုလို ‌ပြောသည်။

“ဒီခရိုင်နှစ်ခုက အခြား‌သော ‌ကေအဲန်ယူ ခရိုင်‌တွေထက်စာရင် သစ်‌တောဧရိယာ‌ရော၊ ရှားပါး သဘာဝ‌တောရိုင်းတိရိစ္ဆာန်‌တွေ လည်း ‌တော်‌တော်များများ ရှိ‌နေ‌သေးတဲ့အတွက် အခုထက်ပိုပြီး ထိန်းသိမ်းကာကွယ်လို့ရ‌အောင် အဲဒီမှာရှိတဲ့ ဝန်ထမ်း‌တွေကို ‌ခေါ်ယူသင်တန်း‌ပေးခြင်းဖြစ်တယ်”ဟု ပဒိုမန်းဘထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ ‌ညောင်‌လေးပင်ခရိုင်နှင့် ဖာပွန်ခရိုင်ကို အဓိကထားကာ ၎င်းခရိုင်များရှိ သစ်‌တောဝန်ထမ်းများနှင့် ဗဟိုသစ်‌တောဌာ န ဝန်ထမ်း အပါအဝင် စုစု‌ပေါင်း ၃၅ဦးကို ‌ခေါ်ယူသင်တန်းပို့ချ‌ပေးခြင်းဖြစ်ပြီး ယခုပြီးစီးသွားခဲ့‌သော သစ်‌တောကာကွယ်ထိန်း သိမ်း‌ရေး အထူးသင်တန်းကို အာဖရိကရှိ သစ်‌တောထိန်းသိမ်း‌ရေးဆိုင်ရာ သင်တန်းဆရာ ၃ဦးနှင့် ‌ကေအဲန်ယူ သစ်‌တောဌာနမှ တာဝန်ရှိသူများ ပူး‌ပေါင်းကာ သင်တန်း‌ပေးပို့ချခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ထိုသို့သင်တန်းပို့ချရာတွင် အ‌ခြေခံ စစ်သင်တန်း အပါအဝင် သစ်‌တောနှင့် သဘာဝ‌တောရိုင်းတိရိစ္ဆာန်များဆိုင်ရာ အချက်အ လက် ‌ကောက်ယူခြင်း၊ ဆက်သွယ်‌ရေးနည်းစနစ်များ၊ ပညာ‌ပေးခြင်းအပြင် ‌ဒေသခံလူထုနှင့် ပူး‌ပေါင်း‌ဆောင်ရွက်ရမည့် နည်း လမ်းများကို လက်‌တွေ့ သင်ကြား‌ပေးခဲ့သည်။

ဗဟိုသစ်‌တောဌာနမှ သင်တန်းသားဖြစ်သူ ‌စောကျလွဲထူးက “ဒီသင်တန်းက ကျ‌နော်ရဲ့ပထမဆုံးဆို‌တော့ အသိပညာ‌တွေ အ‌တော်‌လေး ရတယ်။ ဘာရလဲဆို‌တော့ အဓိက ကျ‌နော်တို့ဆီက မျိုးတုန်းလုနီးပါး သတ္တဝါ‌တွေ ရှိ‌နေ‌သေးတာ အဲဒီဟာ‌တွေကို ကာကွယ်ဖို့နဲ့ ဆက်လက်ပြန့် ပွား‌အောင် လုပ်‌ဆောင်ချင်‌တွေ စိတ်ရှိလာတယ်”ဟု ‌ပြောသည်။

လက်ရှိတွင် ‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာနမှ ၎င်းတို့ထိန်းချုပ်ရာ ခရိုင်နယ်‌မြေများရှိ သစ်‌တောကြိုးဝိုင်းများကို ပြန်လည်တိုင်း တာ သတ်မှတ်‌ပေးခြင်းများ ပြုလုပ်လျှက်ရာ စုစု‌ပေါင်း သစ်‌တောကြိုးဝိုင်း ၆၁ဝိုင်း ရှိသည့်အနက် ၂၈ခုနှင့် ‌ဘေးမဲ့‌တောစုစု‌ပေါင်း ၁၂ခုထဲမှ ၈ခုကို တိုင်းတာပြီးစီးသွားပြီဟု ယင်းဌာနထံမှ သိရသည်။

၎င်းအပြင် ‌ကေအဲန်ယူ ခရိုင်များတွင် ‌ကျေးရွာပိုင် ဘုံသစ်‌တော ၆၄ခု သတ်မှတ်တိုင်းထွာထားပြီး ယခင်ကတည်းက ကရင်ဘိုး ဘွား အစဉ်အဆက် ကျင့်သုံးခဲ့သည့် အစဉ်အလာကို အဓိကထား တွန်းအား‌ပေး အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်‌နေ‌ကြောင်း ပဒိုမန်းဘထွန်းက ဆက်‌ပြောသည်။

‌ကေအဲန်ယူ၊ ဗဟိုသစ်‌တောဌာနအ‌နေဖြင့် ပြီးခဲ့သည့်နှစ်မှစတင်ကာ သစ်‌တောကာကွယ်‌ရေးအပြင် အသိပညာ‌ပေးမှုများကို ‌ကေ အဲန်ယူ၊ ခရိုင် (၆)ခုတွင် ပြုလုပ်ခဲ့ပြီး ဘိတ်-ထားဝယ်ခရိုင်တစ်ခုတည်းသာ ပြုလုပ်ရန် ကျန်ရှိ‌ကြောင်း သိရသည်။