Home သတင်း မယ်လစခန်းတွင် ‌သေ‌ကြောင်းကြံစည်မှု ထပ်မံဖြစ်ပွား

မယ်လစခန်းတွင် ‌သေ‌ကြောင်းကြံစည်မှု ထပ်မံဖြစ်ပွား

1640

ဒီဇင်ဘာ ၂၂ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ်၊ မယ်လဒုက္ခသည်စခန်းတွင် ဒီဇင်ဘာလ ၂၂ရက်‌နေ့ နံနက် ၈နာရီခွဲအချိန်ခန့်က စခန်းတွင်းရှိ ဇုံ(A-2) ရပ် ကွက်တွင် ‌နေထိုင်သည့် အသက် (၁၇)နှစ်အရွယ် ကရင်လူငယ်တစ်ဦး မိမိကိုယ်ကို ‌သေ‌ကြောင်းကြံစည်မှုတစ်ခု ထပ်မံ ဖြစ်ပွား ခဲ့သည်ဟု ဇုံ A ရပ်ကွက်အုပ်ချုပ်‌ရေးမှူး ‌စောအကိုင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခု ‌သေသွားတဲ့‌ကောင်‌လေးက သူ့အဖွားကို ‌ပြောပြတာကြာပြီ။ သူ မ‌နေချင်‌တော့ဘူး။ ကိုယ့်ကိုယ်ကို သတ်‌သေမယ်ဆိုပြီး ‌ပြောတယ်။ အခုတစ်ခါ သူ့အဖွားက တားမရလိုက်‌တော့လို့။ ‌ကောင်‌လေးက အရက်လည်းမ‌သောက်၊ ‌ဆေးလည်းမသုံးဘူး။ လိမ္မာ‌ရေးခြားရှိတဲ့‌ကောင်‌လေးပါပဲ”ဟု ‌စောအကိုင်းက ‌ပြောသည်။

အဆိုပါ ‌သေ‌ကြောင်းကြံ၍ ‌သေဆုံးသွားသူဖြစ်သည့် ‌စောက‌ပေါ်မှာ အသက် (၇၀)အရွယ်အဖွားဖြစ်သူနှင့်အတူ ‌နေထိုင်သူဖြစ် ပြီး မယ်လစခန်း လုံခြုံ‌ရေးဝန်ထမ်းအဖြစ် ဝင်‌ရောက်လုပ်ကိုင်သည်မှာ ၃လခန့်သာရှိ‌သေးသည်။ သူသည် အမဲလိုက်‌သေနတ် အရပ်အ‌ခေါ် (‌တောပုန်း)ဖြင့် ၎င်း‌နေထိုင်ရာ ‌နေအိမ်အတွင်း၌ပင် မိမိကိုယ်ကို ပစ်သတ်ခဲ့ရာ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာဖြင့် ပွဲချင်း ပြီး ‌သေဆုံးသွားခြင်းဖြစ်‌ကြောင်း သိရသည်။

စခန်းအတွင်း ‌သေ‌ကြောင်းကြံစည်မှု မြင့်တက်လာမှုအ‌ပေါ် ကရင်ဒုက္ခသည်‌ကော်မတီ-KRC မှ စခန်းတာဝန်ရှိသူများ၊ NGO အဖွဲ့ အစည်းများ ပူး‌ပေါင်းကာ ပညာ‌ပေးအစီအစဉ်များကို အ‌ရေးတယူ တိုးမြှင့်လုပ်‌ဆောင်‌နေ‌သော်လည်း ယင်းပြဿနာကို ‌ဖြေရှင်း နိုင်ရန် အခက်အခဲများ ရှိ‌နေ‌သေးသည်ဟု ဒုက္ခသည်စခန်းများဆိုင်ရာ တာဝန်ရှိသူများက ယခုလို ‌ပြောသည်။

ကရင်ဒုက္ခသည်‌ကော်မတီ-KRC တွဲဖက်အတွင်း‌ရေးမှူး ‌နော်ဘလူးမင်းနိုက်ဇန်က “ဒီဖြစ်စဉ်‌တွေဖြစ်တာ တစ်ခုနဲ့တစ်ခု မတူညီ တာ‌တွေ ‌တွေ့ရတယ်။ ဥပမာ ‌ရောဂါကျ‌ရောက်တာမျိုးဆိုရင် အ‌ကြောင်းရင်းကို ‌သေချာသိပြီး ကိုင်တွယ်လို့ရတယ်။ အခုက ကြို တင်သိရတဲ့ ကိစ္စလည်း မဟုတ်တဲ့အတွက် ဘယ်လိုကြိုတင်ကာကွယ်ရမယ်၊ ‌ဆောင်ရွက်ရမယ်ဆိုတဲ့အ‌ဖြေက အတိအကျ ရှိမ ‌နေဘူး ဖြစ်‌နေတယ်”ဟု ‌ပြောသည်။

မယ်လစခန်းတွင် ၂၀၁၅ခုနှစ်အတွင်း ယခုဖြစ်စဉ် အပါအဝင် မိမိကိုယ်ကို ‌သေ‌ကြောင်းကြံစည်မှု‌ကြောင့် ‌သေဆုံးသူ ၁၄ဦး ရှိ သွားပြီဖြစ်ကာ ဒီဇင်ဘာလ ၂ရက်‌နေ့က မယ်လစခန်းရှိ ဇုံ B ၌လည်း ကရင်လူငယ် ဇနီး‌မောင်နှံနှစ်ဦး ပိုးသတ်‌ဆေး ‌သောက် သုံးကာ သတ်‌သေသွားခဲ့ကြသလို ပြီးခဲ့သည့် ဩဂုတ်လအတွင်းက မယ်လစခန်း၊ ဇုံ(A-2) ရပ်ကွက်‌နေ အသက် (၁၄)နှစ်အရွယ် မိန်းက‌လေးတစ်ဦး မိမိကိုယ်ကို သတ်‌သေမှု ဖြစ်ပွားခဲ့သည်။