Home သတင်း ဖွံ့ဖြိုး‌ရေးစီမံကိန်းအတွက် လူထုအသံ ‌တွေ့ဆုံပွဲ ‘သွီး’အရပ်ဖက်အဖွဲ့ ပြုလုပ်

ဖွံ့ဖြိုး‌ရေးစီမံကိန်းအတွက် လူထုအသံ ‌တွေ့ဆုံပွဲ ‘သွီး’အရပ်ဖက်အဖွဲ့ ပြုလုပ်

1467

ဒီဇင်ဘာ ၁၉ရက်၊ ၂၀၁၅ခုနှစ်။ က‌ဆောဝါး

အာရှဖွံ့ဖြိုး‌ရေးဘဏ်-ADB ၏ ကရင်ပြည်နယ်အတွင်း ဖွံ့ဖြိုး‌ရေးစီမံကိန်းများ လုပ်‌ဆောင်မှုအ‌ပေါ် ‌ဒေသခံလူထု၏ နစ်နာဆုံးရှုံးမှု များ သိရှိနိုင်ရန်အတွက် “လူထုအသံ”‌ခေါင်းစဉ်ဖြင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုတစ်ခုကို ‌ကော့ကရိတ်မြို့၊ အမှတ် (၂)ရပ်ကွက်၊ ဝင်းကြီး ရပ် ‘သွီး’လူထုအ‌ခြေပြု လူမှုကွန်ယက်စင်တာရုံးတွင် ဒီဇင်ဘာလ ၁၂ရက်‌နေ့က ပြုလုပ်ခဲ့သည်။

ယင်း‌တွေ့ဆုံမှုကို ဖားအံအ‌ခြေစိုက် လူမှုအဖွဲ့အစည်းဖြစ်သည့် ADRA (မြန်မာ)နှင့် ‌ကော့ကရိတ်မြို့ရှိ သွီးလူထုအ‌ခြေပြုလူမှုကွန် ယက်တို့ ပူး‌ပေါင်းကာ ‌ဒေသတွင်း လူထု၏အသံ၊ ခံစားချက်၊ အမြင် သ‌ဘောထားများကို ကြားသိနိုင်ရန်အတွက် ပြုလုပ်ခြင်း ဖြစ်သည်။

‘သွီး’လူထုအ‌ခြေပြုလူမှုကွန်ယက် တာဝန်ခံ မန်းသိန်း‌ဇော်က “အခုလက်ရရှိလာတဲ့ အချက်အလက်‌တွေ လူထုအသံ‌တွေ‌ပေါ် မူတည်ပြီး‌တော့ ‌ဒေသမှာလာ‌ရောက်လုပ်‌ဆောင်တဲ့ ဖွံ့ဖြိုး‌ရေးလုပ်ငန်းရဲ့ ‌ကောင်းခြင်းဆိုးခြင်း‌တွေကို တာဝန်ရှိသူ‌တွေကို ပြန် လည်တင်ပြသွားမှာဖြစ်တယ်။ ပြန်လည်တင်ပြခြင်းက‌နေ ရရှိလာတဲ့ အချက်လက်‌တွေ‌ပေါ်မှာ ‌ဒေသခံလူထု‌တွေ မနစ်နာ‌အောင် အ‌ကောင်းဆုံးဖြစ်‌အောင်၊ သဘာဝပတ်ဝန်းကျင်‌တွေ မပျက်စီး‌အောင် နိုင်ငံတကာစံညွန်းနဲ့အညီ စည်းကမ်းတကျ ‌ဒေသခံ‌တွေ ပူး‌ပေါင်းလုပ်‌ဆောင်‌စေချင်တဲ့ဆန္ဒနဲ့ ဒီပွဲကိုစီစဉ်တာဖြစ်ပါတယ်”ဟု ‌ပြောသည်။

အဆိုပါ‌တွေ့ဆုံပွဲတွင် မြဝတီ-‌ကော့ကရိတ် အာရှလမ်းမကြီး စီမံကိန်း လမ်း‌ဖောက်လုပ်ရာ ထိခိုက်နစ်နာဆုံးရှုံးမှုများ ရှိခဲ့သည့် သကင်္န်းညီ‌နောင်၊ ရွာသစ်ကုန်း၊ ‌ကော့နွဲ၊ ‌ချောင်း‌သောင်၊ ‌နောင်တဘွဲ၊ ‌ဟောင်သ‌ရော၊ ‌လောင်းကိုင်၊ ဖားကျ၊ ‌ကော့ကရိတ်‌မွေးမြူ ‌ရေးဇုံရပ်ကွက်တို့မှ ‌ဒေသခံ ၂၃ဦးလည်း ပါဝင်တက်‌ရောက် ‌ဆွေး‌နွေးခဲ့ကြသည်။

ထိုသို့‌ဆွေး‌နွေးကြရာ၌ လမ်း‌ဖောက်လုပ်‌ရေးစီမံကိန်းများလုပ်‌ဆောင်ရာတွင် ‌ဒေသခံများနှင့် ပွင့်လင်းမြင်သာစွာ ‌ဆွေး‌နွေးတိုင် ပင်မှု မရှိခြင်း‌ကြောင့် လယ်ယာ‌မြေဆုံးရှုံးခံရသူများအတွက် ‌လျော်‌ကြေး‌ငွေ အပြည့်အဝ မရရှိ‌သေးခြင်း၊ လုံးဝ မရရှိ‌သေးခြင်းများ အပြင် လမ်းမကြီးများ ဥပ‌ဒေအရ တရားစွဲဆိုခံရမှု ရင်ဆိုင်‌နေရသည့် အ‌ခြေအ‌နေများ ဖြစ်‌ပေါ်‌နေ‌ကြောင်း ‌ဆွေး‌နွေးခဲ့ကြသည်။

သကင်္န်းညီ‌နောင်‌ကျေးရွာ‌နေ ‌ဒေါ်နန်းဝါက “ကျမတို့အဘိုးလက်ထက်က လုပ်လာတဲ့ လယ်‌မြေ ၅ဧကခန့်က လမ်းနဲ့မလွတ်လို့ သိမ်းတဲ့အထဲ ပါခဲ့တယ်။ လွတ်တဲ့‌မြေလည်း ကျမတို့ ပြန်မရဘူး။ ဒီ‌လျော်‌ကြေး‌ငွေ‌ပေးတဲ့ကိစ္စမှာ မသမာမှု‌တွေ အများကြီးရှိတာ ကို သိရတယ်။ ကျမလိုပဲ နစ်နာသူ‌တွေ အများကြီးရှိတယ်။ ဒါကို ‌ပြောချင်လို့ ဒီပွဲကိုလာတာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လတ်တ‌လောအ‌ခြေအ‌နေများအရ ယင်းလမ်း‌ဖောက်လုပ်ရာတွင် လယ်ယာ‌မြေဆုံးရှုံးမှု ‌လျော်‌ကြေး‌ပေးရမည့်သူ ၅၃ဦးခန့် နစ်နာ မှုများရှိ‌နေဆဲဖြစ်ပြီး ‌ကော့ကရိတ်‌မွေးမြူ‌ရေးဇုံရပ်ကွက်ရှိ အာရှလမ်းမကြီး‌ဘေးဝဲယာရှိ ‌ဈေးဆိုင်များမှာလည်း လမ်းမကြီးများ ဥပ‌ဒေအရ တရားစွဲဆိုခံရသူ ၂ဝဦးရှိ‌ကြောင်း သိရသည်။

၎င်းအပြင် ADB ဘဏ်အကူအညီဖြင့် လာမည့် ၂၀၁၆ခုနှစ်၊ မတ်လမှ ၂၀၁၉၊ မတ်လအထိ ကရင်ပြည်နယ် ‌ကော့ကရိတ် လှိုင်ဝ တံတားမှ ဖားအံမြို့နယ် အိန္ဒု‌ကျေးရွာအထိ ဆက်လက် ‌ဖောက်လုပ်မည့် လမ်းစီမံကိန်းတစ်‌လျှောက်ရှိ ‌ကျေးရွာများဖြစ်သည့် ငါးတိုင်၊ ကိုးတိုင်၊ ‌ရေပူ၊ ကျုံဒိုးမြို့နယ်ခွဲအုပ်စုဝင် ရွာများရှိ‌ဒေသခံများမှာ ၎င်းတို့ပိုင်ဆိုင်သည့် လယ်ယာ၊ ဥယျာဉ်ခြံ‌မြေများ ဆုံး ရှုံးနစ်နာမည်ကို စိုးရိမ်ပူပန်လျှက်ရှိ‌နေ‌ကြောင်းလည်း သိရှိရသည်။