Home တွေ့ဆုံမေးမြန်းခန်း ပန်းတ‌နော်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ ‌ဒေါက်တာမန်းခင်‌မောင်စိုးနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

ပန်းတ‌နော်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ ‌ဒေါက်တာမန်းခင်‌မောင်စိုးနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

1814

“လူမျိုးတစ်မျိုးကို စာ‌ပေ ဘာသာစကား ဝတ်စားဆင်ယင်မှု ဓ‌လေ့ထုံးတမ်း အနုသုခုမ စတဲ့အဂင်္ါရပ်‌တွေနဲ့
ဖွဲ့စည်းထားတဲ့အတွက် ဒါ‌တွေ‌ပျောက်သွားရင်‌တော့ လူမျိုး‌ပျောက်သွားမှာပဲ״

‌ကေအိုင်စီ – ပန်းတ‌နော်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီကို နှစ်‌ပေါင်း(၅၀)တိုင် အဆင့်ဆင့် ဖွဲ့စည်းလှုပ်ရှား‌ဆောင်ရွက်ခဲ့မှုကို ‌ပြော ပြ‌ပေးပါ။
ပန်းတ‌နော်စာ/ယဉ်‌ကော်မတီကို ၁၉၆၅ခုနှစ် စက်တင်ဘာ ၂၂ရက်‌နေ့မှာ စတင်ဖွဲ့စည်းတယ်။ ဖွဲ့စည်းတဲ့‌နေရာမှာ စတင် ဖွဲ့စည်းစဉ်က ကရင်အမျိုးသားယဉ်‌ကျေးမှု‌ဖော်ထုတ်‌ရေး ‌ကော်မတီအဖြစ် ဆပ်‌ကော်မတီ ၆ရပ်နဲ့ ပါဝင်ဖွဲ့စည်းခဲ့တယ်။ အဲ့မှာ စာ‌ပေဆပ်‌ကော်မတီ၊ ဘာသာစကား ဆပ်‌ကော်မတီ၊ ဝတ်စားဆင်ယင်မှု ဆပ်‌ကော်မတီရှိတယ်။ ဓ‌လေ့ထုံးတမ်း ဆပ်‌ကော်မတီ၊ အနုသုခုမ ဆပ်‌ကော်မတီရှိတယ်။ ‌ရှေး‌ဟောင်းပစ္စည်း ဆပ်‌ကော်မတီဆိုပြီးရှိတယ်။ အဓိကလှုပ်ရှား‌ဆောင်ရွက်ခဲ့ တာက စာ‌ပေဆပ်‌ကော်မတီရဲ့ ‌နွေရာသီစာ‌ပေသင်တန်း‌တွေ ဖွင့်လှစ်‌ပေးတာပဲ။ ဝတ်စားဆင်ယင်မှု ဆပ်‌ကော်မတီအ‌နေနဲ့ကျ ‌တော့ ကရင်ရိုးရာအထည်‌တွေကို ဝယ်ယူပြီး‌တော့ ကရင်ပြည်သူလူထုကို ပြန်လည် ဖြန့်ဖြူး‌ရောင်းချ‌ပေးတာမျိုး လုပ်‌ပေးတယ်။
အနုသုခုမ ဆပ်‌ကော်မတီအ‌နေနဲ့ကျ‌တော့ ကရင့်ရိုးရာ ဒုံးအကသင်တန်း‌တွေ ဖွင့်လှစ်‌ပေးတယ်။ ‌နောက်ပိုင်းမှာ ကရင် ရိုးရာ ဒုံးအက သင်တဲ့‌ကျေးရွာ‌တွေကို အ‌ခြေခံပြီး‌တော့ ကရင်ဇာတ်‌တွေကို ဆက်ပြီး‌တော့ ဖွဲ့စည်းလုပ်‌ဆောင်သွားတယ်။ ‌ရှေး ‌ဟောင်းယဉ်‌ကျေးမှုအ‌နေနဲ့ ဖားစည်တစ်လုံးကိုဝယ်ပြီး‌တော့ ရိုးရာယဉ်‌ကျေးမှု အ‌မွေအနစ်တစ်ရပ်အ‌နေနဲ့ ထိန်းသိမ်းထားရှိခဲ့ တယ်။ ဒါက ဒီလိုပဲ ‌ဆောင်ရွက်သွားရတယ်။ ‌နောက်ပိုင်းမှာ ‌ကော်မတီဝင်‌တွေက အဆင့်ဆင့်‌ပြောင်းလဲသွား‌ပေမဲ့ ဒီလုပ်ငန်းစဉ် ‌တွေကို စဉ်ဆက်မပြတ်လုပ်‌ဆောင်သွားတယ်။ ၁၉၇၅ခုနှစ်‌လောက်မှာ ပန်းတ‌နော် ကရင်အမျိုးသားယဉ်‌ကျေးမှု ‌ဖော်ထုတ်‌ရေး ‌ကော်မတီကို ပန်းတ‌နော်မြို့နယ် ကရင်ယဉ်‌ကျေးမှု‌ကော်မတီဆိုပြီး ‌ပြောင်းလဲသွားတယ်။
ပြီး‌တော့ သက္ကရာဇ် ၂၀၀ဝမှာ ပန်းတ‌နော်မြို့နယ် ကရင်ယဉ်‌ကျေးမှု‌ကော်မတီကို ပန်းတ‌နော် ကရင်စာ‌ပေနှင့် ယဉ် ‌ကျေးမှု‌ကော်မတီဆိုပြီး ‌ပြောင်းသွားတယ်။ အဲ့မှာ ဆပ်‌ကော်မတီ ၃ခုကို ထပ်ပြီး‌တော့ တိုးချဲ့ရတယ်။ အ‌ခြေအ‌နေရ‌ပေါ့။ နဂို ရှိ တာက ဆပ်‌ကော်မတီ ၆ခု ထပ်တိုးလိုက်တာက လူငယ်‌ရေးရာဆပ်‌ကော်မတီ ဖွံ့ဖြိုး‌ရေးဆပ်‌ကော်မတီနဲ့ သတင်းနဲ့မှတ်တမ်းဆပ် ‌ကော်မတီကို ဖွဲ့စည်းတယ်။ အဲ့မှာ ကရင်စကား‌ပြောသင်တန်းကို ထပ်တိုးပြီး‌တော့ ဖွင့်လှစ်တယ်။ အရင်က စာ‌ပေတစ်ခု‌လောက် ပဲ ရှိတာ‌ပေါ့။ ဒါကလည်း ကရင်စကားမ‌ပြောတတ်‌တော့ ‌ကျေးရွာ‌တွေက ကရင်စကား‌ပြောသင်တန်း ဖွင့်‌ပေးပါဆိုလို့ ဖွင့်‌ပေး လိုက်ခြင်းဖြစ်တယ်။ ကျန်တာက နှစ်သစ်ကူးနဲ့ စာ‌ပေသင်တန်းဆင်းပွဲကိစ္စရပ်‌တွေကို ယခင်ကအတိုင်း ဆက်ပြီးလုပ်‌ဆောင်တာ လက်ရှိအချိန်ထိ‌တော့ ဒီဇင်ဘာလ ၁၉ရက်‌နေ့က နှစ် (၅၀)ပြည့် ‌ရွှေရတုကို လုပ်သွားတယ်။

‌ကေအိုင်စီ – ပန်းတ‌နော်စာ/ယဉ်ရဲ့ အဓိက ရည်ရွယ်ချက်က ဘာဖြစ်မလဲ။
ပန်းတ‌နော် စာ/ယဉ်ရဲ့အဓိကကျတဲ့ ရည်ရွယ်ချက်က‌တော့ ကရင်လူမျိုးမ‌ပျောက်‌ရေးပဲ။ ဘာ‌ကြောင့်လဲဆို‌တော့ လူမျိုး တစ်မျိုးကို စာ‌ပေ၊ ဘာသာစကား၊ ဝတ်စားဆင်ယင်မှု၊ ဓ‌လေ့ထုံးတမ်း၊ အနုသုခုမ စတဲ့အဂင်္ါရပ်‌တွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် ဒါ‌တွေ‌ပျောက်သွားရင်‌တော့ လူမျိုး‌ပျောက်သွားမှာပဲ။ ဒါ‌ကြောင့် လူမျိုးမ‌ပျောက်‌ရေးအတွက် ရည်ရွယ်ချက်ထားပြီး‌တော့ ကျ‌နော် တို့ လုပ်‌ဆောင်‌နေခြင်းပဲ ဖြစ်တယ်။

‌ကေအိုင်စီ – လက်ရှိ ပန်းတ‌နော်မြို့နယ်ရဲ့ ကရင်စကား၊ စာ‌ပေ ယဉ်‌ကျေးမှု ထိန်းသိမ်းမှုအ‌ခြေအ‌နေ တိုးတက်မှု အ‌ခြေအ‌နေကို ‌ပြောပြ‌ပေးပါ။
သိပ်များများစားစား‌တော့ မတိုးတက်ခဲ့ဘူး။ ဒါ‌ပေမဲ့ အတိုင်းအတာတစ်ခုအထိ‌တော့ တိုးတက်ခဲ့ပါတယ်။ ဘာဖြစ်လဲဆို ‌တော့ စာ‌ပေ‌ရော၊ ဘာသာစကား‌ရော နှစ်စဉ် ‌နွေရာသီအချိန်မှာ လုပ်‌ဆောင်ဖြစ်တယ်။ အဲ့လို‌ဆောင်ရွက်တဲ့အခါမှာ ပထမက ‌တော့ ပန်းတ‌နော်တစ်မြို့နယ်ထဲပဲ။ ‌နောက်ပိုင်းမှာ ကျ‌နော်တို့နဲ့ထိစပ်တဲ့ မြို့နယ်‌တွေကို ပူး‌ပေါင်းပြီး‌တော့ ‌ဆောင်ရွက်သွား တယ်။ ‌နောက်ဆုံးက‌တော့ ဒီဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းက မြို့နယ် ၁ဝမြို့နယ်‌လောက် လုပ်‌ဆောင်သွားနိုင်ခဲ့တယ်‌ပေါ့‌လေ။

‌ကေအိုင်စီ – စာ‌ပေနဲ့ယဉ်‌ကျေးမှုကို ထိန်းသိမ်းမြှင့်တင်တဲ့‌နေရာမှာ လူငယ်‌တွေက ဘယ်အခန်းကဏ္ဍ‌တွေမှာ ပါဝင်သွားသင့်တယ် လို့ ယူဆမိပါသလဲ။
လူငယ်‌တွေက ‌နောင်တစ်ချိန်မှာ လူကြီး‌တွေလုပ်တဲ့ လုပ်ငန်း‌တွေကို လွဲ‌ပြောင်းယူသွားရမယ် ဆိုတဲ့အခါကျ‌တော့ ဘာ ပဲဖြစ်ဖြစ် လုပ်‌ဆောင်တဲ့‌နေရာမှာ သူတို့နဲ့တွဲပြီး‌တော့ လုပ်‌ဆောင်သွားမယ်။ လိုအပ်တာရှိတာ ကျ‌နော်တို့က ‌ဝေငှစရာရှိရင် ‌ဝေငှ ‌ပေးသွားမယ်။ သူတို့ရဲ့အရည်အ‌သွေး‌တွေ ပြည့်ဝသထက် ပြည့်ဝသွား‌အောင် ကြိုးပမ်း‌ဆောင်ရွက်သွားမယ်။ အဲ့လိုပြည့်ဝ‌အောင် ‌ဆောင်ရွက်‌ပေးပြီး‌တော့ တစ်စစနဲ့ သူတို့ကို ပိုမိုပြီး‌တော့ တာဝန်‌တွေကိုယူခိုင်းသွားမယ်။