Home သတင်း ဒုက္ခသည်ဇနီး‌မောင်နှံနှစ်ဦး စခန်းတွင်း၌ မိမိကိုယ်ကိုသတ်‌သေ

ဒုက္ခသည်ဇနီး‌မောင်နှံနှစ်ဦး စခန်းတွင်း၌ မိမိကိုယ်ကိုသတ်‌သေ

2131

ဒီဇင်ဘာ ၂ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ထာ့‌ဆောင်ယန်းမြို့နယ်အတွင်းရှိ မယ်လဒုက္ခသည်စခန်း၊ ဇုံဘီရပ်ကွက်အတွင်း ‌နေထိုင်သူ ဒုက္ခသည် ဇနီး‌မောင်နှံနှစ်ဦးမှာ ယ‌နေ့ ဒီဇင်ဘာလ ၂ရက်‌နေ့ ‌နေ့လည်ပိုင်းအချိန်က ပိုးသတ်‌ဆေး‌သောက်ကာ မိမိတို့ကိုယ်ကို သတ်‌သေ သွားခဲ့သည်။

ယင်းဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ဇုံ B ရပ်ကွက်မှူး မန်း‌ရွှေလှိုင်းက “ဆုံးသွားသူ‌တွေက အသက်က ငယ်ငယ်‌လေးရှိပါ‌သေးတယ်။ ပန်းပင်‌တွေ ပိုးသတ်‌ဆေးဖျန်းတဲ့ ၄၂ ဆိုလားမသိဘူး။ အဲဒါ‌သောက်‌သေတာ။ ဘာဖြစ်လို့ ကိုယ်ကိုကိုယ်သတ်‌သေလဲ ဆိုတာ ‌တော့ မသိရ‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ည‌နေ ၃နာရီခွဲအချိန်ခန့် မယ်လစခန်း‌ဆေးရုံ၌ ‌သေဆုံးသွားခဲ့သည့် အဆိုပါဇနီး‌မောင်နှံမှာ B-5 ရပ်ကွက်‌နေ အသက် ၂ဝအရွယ် ‌စော‌မောင်ညွန့်နှင့် C1-A ရပ်ကွက်တွင်‌နေထိုင်သူ အသက် ၁၈နှစ်အရွယ် ‌နော်အုံးမြင့်တို့ဖြစ်ကြပြီး ဇနီးသည်မှာ ကိုယ်ဝန်လွယ် ထားရ‌ကြောင်း သိရသည်။

မယ်လစခန်းတွင် ယခုနှစ်အတွင်း မိမိကိုယ်ကို သတ်‌သေမှုနှုန်း မြင့်မားလာသည့်အ‌ပေါ် စခန်းလူမှု‌ရေးတာဝန်ခံ ‌စောဖာ့‌ထောက “မယ်လမှာ ဒီနှစ်က သတ်‌သေမှု‌တွေ ‌တော်‌တော်များလာ‌နေပြီ။ စိုးရိမ်ရတဲ့ အ‌နေအထားကို‌ရောက်‌နေပြီ။ အများအားဖြင့် ‌တွေ့ရ တာက‌တော့ မူးယစ်‌ဆေးဝါးသုံးစွဲမှု‌ကြောင့်ဖြစ်တာကို ‌တွေ့ရတယ်။ ဒါ‌ပေမယ့် ဘာဖြစ်လို့ ဒီလို‌တွေ ဖြစ်‌နေရတာလဲဆိုတဲ့ ‌နောက် ခံအ‌ကြောင်းရင်းကို ခုထိ ‌သေချာမ‌ဖော်ထုတ်နိုင်‌သေးဘူး ဖြစ်‌နေတယ်”ဟု ‌ပြောသည်။

မယ်လစခန်းတွင် ယခုနှစ်အတွင်း မိမိကိုယ်ကို ‌သေ‌ကြောင်းကြံစည်မှု‌ကြောင့် ‌သေဆုံးသူ ၁၃ဦးရှိသွားပြီး ‌သေ‌ကြောင်းကြံစည် ‌သော်လည်း အသက်မ‌သေသူနှင့် စခန်းတာဝန်ရှိသူများထံ စာရင်းမ‌ရောက်သည့် ‌သေ‌ကြောင်းကြံစည်မှုများလည်း ရှိ‌နေ‌သေး ‌ကြောင်း စခန်းတာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။

မယ်လဒုက္ခသည်စခန်းသည် ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ဒုက္ခသည်စခန်းများအနက် လူ‌နေအထူထပ်ဆုံးဖြစ်ပြီး ဇုံ (‌အေ၊ ဘီ၊ စီ)များတွင် ရပ်ကွက် (၂၂) ရပ်ကွက်နှင့် လူဦး‌ရေ စုစု‌ပေါင်း ၄‌သောင်း‌ကျော်ရှိ‌ကြောင်း ကရင်ဒုက္ခသည်‌ကော်မတီ၏ လစဉ် အစီရင်ခံချက်အရ သိရသည်။