Home သတင်း ကရင်ကိုယ်‌တော်‌လေး ဖိုးတ‌ခေတ်၏ ၂၂ကြိမ်‌မြောက်‌မွေး‌နေ့ပွဲ ကျင်းပပြီးစီး

ကရင်ကိုယ်‌တော်‌လေး ဖိုးတ‌ခေတ်၏ ၂၂ကြိမ်‌မြောက်‌မွေး‌နေ့ပွဲ ကျင်းပပြီးစီး

2205

ဒီဇင်ဘာ ၂၂ရက်၊ ၂၀၁၅ခုနှစ်။ က‌ဆောဝါး

‌ဒေသတွင်း‌နေ ကရင့်တိုင်းရင်းသားများ၏ ရိုးရာယဉ်‌ကျေးမှု အစဉ်အလာများ ထိန်းသိမ်းကာ စုစည်း‌နေထိုင်လျှက်ရှိ‌သော ကရင် ကိုယ်‌တော်‌လေး ဖိုးတ‌ခေတ် (‌ခေါ်) ‌စော‌ကျော်လှသန်း၏ ၂၂ကြိမ်‌မြောက်‌မွေး‌နေ့ပွဲကို ရိုးရာနှင့်အညီ ဖားအံမြို့နယ် ဂျိုင်း‌ကျေး ရွာအုပ်စု ရိုးမဟာကုန်းတွင် ဒီဇင်ဘာလ ၁၈ရက်မှ ၂ဝရက်‌နေ့အထိ ကျင်းပခဲ့သည်။

အသက် (၃၈)နှစ်ရှိပြီဖြစ်‌သော ဖိုးတ‌ခေတ် ‌ခေါ် ‌စော‌ကျော်လှသန်း၏ ‌မွေး‌နေ့ပွဲသို့ ‌တောင်ငူ၊ ‌မော်လမြိုင်၊ ဖားအံ၊ ကြာအင်းဆိပ် ကြီး၊ ‌ကော့ကရိတ်၊ အ‌ပေါင်၊ ဇင်းကျိုက် စသည့်‌ဒေသများမှ ရဟန်း၊ သံဃာနှင့် လူထုပရိဿတ် ၅၀၀ဝခန့် လာ‌ရောက်ဆင်နွဲခဲ့ကြ သည်။

ဖူးတ‌ခေတ်က “ကျ‌နော်က‌တော့ ‌ဒေသတွင်းမှာ ‌မေတ္တာနဲ့ပဲ အဓိကထားပြီး ငြိမ်းချမ်းစွာနဲ့ပဲ လူမျိုးဘာသာမ‌ရွေး ကူညီပြီး စု‌ပေါင်း ‌နေထိုင်တယ်။ အဓိကက‌တော့ ကရင်တို့ရဲ့ရိုးရာယဉ်‌ကျေးမှု‌တွေကို ထိမ်းသိန်း‌စောင့်‌ရှောက်ပြီး မတိမ်‌ကော၊ မ‌ပျောက်ကွယ်ရ ‌အောင် နှစ်စဉ် အဓိဌာန်ပြုပြီး ‌ဖော်ထုတ် ကျင်းပ‌ပေး‌နေတာဖြစ်ပါတယ်”ဟု ‌ပြောသည်။

၎င်းအပြင် မိမိအ‌နေဖြင့် ဘာသာ၊ သာသနာနှင့် အမျိုးသား‌ရေး စရိုက်လက္ခဏာများ မ‌ပျောက်ပျက်‌ရေးအတွက် ‌ဒေသတွင်းရှိ ဆရာ‌တော်၊ သံဃာ‌တော်ကြီးများ၏ ဩဝါဒကိုခံယူပြီး စု‌ပေါင်း ထိန်းသိမ်းလျက်ရှိသလို ကရင်လူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားကာ မ‌ပျောက်ကွယ်ရ‌အောင် ‌နောင်လာမည့်နှစ်များတွင်လည်း ယခုကဲ့သို့ ဆက်လက်ကျင်းပသွားမည်ဖြစ်‌ကြောင်း သူက ‌ပြောသည်။

‌မွေး‌နေ့ပွဲတွင် ‌ဒေသတွင်းရပ်နီးရပ်‌ဝေးမှ သံဃာ‌တော်များအား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်း၊ တရားနာ၊ သီလယူ ‌ရေစက်ချခြင်း၊ ရိုးရာ ထမုတ်ဆွမ်း‌တော်ကြီး တင်လှူခြင်း၊ ရိုးရာဓ‌လေ့ အယူအဆများအရ ဆိတ်၊ ဆတ်၊ မြင်း၊ ကျွဲတို့ဖြင့် ဆင် ယင်‌သော ပန်းရထားများဖြင့် ထမုတ်ကွင်းအား လှည့်လည်ပူ‌ဇော်ခြင်း၊ စတုဒီသာ ‌ကျွေး‌မွေးခြင်းတို့အပြင် ကရင်ဇာတ်သဘင် ၁၂ဖွဲ့ဖြင့်လည်း ‌မွေး‌နေ့ပွဲသို့ လာ‌ရောက်ကြသူများကို ‌ဖျော်‌ဖြေခဲ့ကြသည်။

‌မွေး‌နေ့ပွဲသို့လာ‌ရောက်သည့် သူနာပြု(အငြိမ်းစား) ဆရာမကြီးတစ်ဦးက “ကျမတို့‌တော့ အဖိုးရဲ့သီလ၊ သမာဓိကို ယုံကြည်‌လေး စားလို့ နှစ်တိုင်း လာ‌ရောက် ဆင်နွှဲပါတယ်။ ကျမက သူနာပြု ဆရာမ အငြိမ်းစားဆို‌တော့ တတ်နိုင်တဲ့ ‌ဆေးပညာနဲ့ အဖိုး‌မွေး‌နေ့ ပွဲ လာ‌ရောက်တဲ့သူ‌တွေကို နှစ်တိုင်း ကျန်းမာ‌ရေး လာ‌ရောက်‌စောင့်‌ရှောက်‌ပေး‌နေတာပါ”ဟု ‌ပြောသည်။

ဖိုးတ‌ခေတ်အား ယုံကြည်ကိုးစားသူများ စု‌ပေါင်း‌နေထိုင်ရာ ဂျိုင်း‌ကျေးရွာကို ကရင့်အမျိုးသားရွာဟု ‌ခေါ်တွင်‌စေပြီး အိမ်‌ထောင်စု ၁၅ဝ ဝန်းကျင်နှင့် လူဦး‌ရေ ၅၀ဝခန့်အပြင် ‌ကျောင်း‌နေအရွယ်က‌လေး ၅၀‌ကျော်အတွက် ‌ကျေးရွာ ကိုယ်ထူကိုယ်ထ မူလတန်း ‌ကျောင်းကို လုပ်အား‌ပေးဆရာမနှစ်‌ယောက်ဖြင့် သင်ကြား‌ပေးလျှက်ရှိ‌ကြောင်း သိရသည်။

ယခင်က အဆိုပါ ယုံကြည်သူများမှာ ဖားအံမြို့နယ် ‌အောက်‌ရေတံခွန်ရပ်၊ ဒုံရင်း‌ကျေးရွာအုပ်စုတွင် ‌နေထိုင်ခဲ့ကြပြီး ယခု‌နေထိုင် ရာ ဂျိုင်း‌ကျေးရွာအုပ်စု၊ ရိုးမဟာကုန်းဘက်သို့ ‌ပြောင်း‌ရွှေ့‌နေထိုင်လာသည်မှာ ၁ဝနှစ်ခန့်ရှိပြီဖြစ်‌ကြောင်း သိရသည်။