Home သတင်း ‌ကော့ကရိတ်ဘက်တွင် ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်၊ နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ

‌ကော့ကရိတ်ဘက်တွင် ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်၊ နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိ

1892
ဒီဇင်ဘာ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

‌ကော့ကရိတ်မြို့နယ် ပျားပင်(တ‌နေမူး)‌ကျေးရွာရှိ ကရင်နယ်ခြား‌စောင့်တပ် BGF တပ်ရင်း(၁၀၁၉)တပ်ဖွဲ့ဝင်များကို ယ‌နေ့မနက် ပိုင်းက အမည်မသိ လက်နက်ကိုင်တစ်စုမှ လာ‌ရောက်ပစ်ခတ်ခဲ့သည့်အတွက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ BGF ဘက်မှ ဒုတပ်ကြပ်တစ်ဦး ဒဏ်ရာရရှိသွား‌ကြောင်း (၁၀၁၉)တပ်ရင်းမှူး ဗိုလ်မှူး‌စောလိုက်သိမ့်က ယခုလို ‌ပြောသည်။

“ပျားပင်ရွာမှာရှိတဲ့ ကျ‌နော်တို့အဖွဲ့ကို လာပစ်တာဖြစ်ပါတယ်။ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားချိန်က‌တော့ ၄၅မိနစ်ကြာပါတယ်။ ကျ‌နော်တို့လည်း NCA လက်မှတ်ထိုးပြီး‌နောက်ပိုင်း နားလည်မှု‌တွေနဲ့ ‌အေး‌ဆေး‌နေပြီလို့ထင်တာ။ သူတို့ ကျ‌နော်တို့ကို အခုလို လာတီးမယ်လို့ မထင်မိဘူး”ဟု ဗိုလ်မှူး‌စောလိုက်သိမ့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအမည်မသိအဖွဲ့သည် အဆိုပါ‌ကျေးရွာတွင် လုံခြုံ‌ရေး တာဝန်ယူ‌နေ‌သော BGF တပ်ရင်း(၁၀၁၉)မှ ဦးစီးသည့် တပ်ဖွဲ့ဝင် ၁၅ဦးကို ဒီဇင်ဘာလ ၂၈ရက်‌နေ့မနက် ၁၁း၂၅နာရီအချိန်မှ ၁၂း၁ဝနာရီအထိ ဝင်‌ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်သူများမှာ ဒီ‌ကေဘီ‌အေခွဲထွက် ဗိုလ်နားမကြားအဖွဲ့မှ ဖြစ်သည်ဟု BGF က ‌ပြောဆို‌သော်လည်း ‌ကေအိုင်စီအ‌နေဖြင့် ဆက်သွယ်မှု မရရှိခဲ့ ‌ပေ။

ယင်းပစ်ခတ်မှု‌ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အသက် ၃ဝအရွယ် ဒုတပ်ကြပ်မှာ ဝဲဘက်နံ‌ဘေးတွင် ၄၀-မမ လက်နက်ကြီးအစ ထိမှန်ခြင်း‌ကြောင့် ယခုအချိန်တွင် မြဝတီ‌ဆေးရုံ၌ ‌ဆေးကုသမှုခံ‌နေရ‌ကြောင်း သိရသည်။ လတ်တ‌လော အ‌ခြေအ‌နေများအရ ပစ်ခတ်မှုဖြစ်ပွားရာ အနီးအနားတဝိုက်တွင် BGF တပ်ဖွဲ့ဝင်များက နယ်‌မြေရှင်းလင်းမှုများ လုပ်‌ဆောင်‌နေ‌ကြောင်း သိရသည်။

အလားတူ ယ‌နေ့မွန်းလွဲ ၃နာရီခွဲခန့်အချိန်တွင် ‌ကော့ကရိတ်မြို့နယ်၊ ရန်ကုတ်ရွာအထက်ပိုင်းနှင့် ‌အောက်ဘိုတဲကြားရှိ ရာဘာ ပျိုးခြံအ‌နောက်ဖက် ‌ရေအိုင်အနီးတွင်လည်း ပစ်ခတ်မှုတခု ၁၅မိနစ်ကြာ ဖြစ်ပွားသည်ကို ကြားခဲ့ရ‌ကြောင်း ထို‌ဒေသခံ ‌ဆေးဝန် ထမ်းတစ်ဦးက ယခုလို ‌ပြောသည်။

“အဲဒီဂွင်မှာ ဒီ‌ကေဘီ‌အေအ‌ယောက် ၅၀‌လောက် နားမကြားအဖွဲ့နဲ့ လာ‌ပေါင်းဖို့ ‌ရောက်‌နေတယ်ကြားလို့ ကင်းထိုးလမ်း‌ကြောင်း ထွက်တဲ့ BGF (၁၀၁၉)နဲ့ ပစ်ကြတယ်။ ခနပဲမို့ ‌အောက်ဘိုတဲက လူ‌တွေ‌တောင် မသိလိုက်ဘူး”ဟု ၎င်းက ‌ပြောသည်။

မြဝတီ-‌ကော့ကရိတ် လမ်း‌ဟောင်း‌ပေါ်ရှိ ‌အောက်ဘိုတဲ‌နေရာတွင် အစိုးရ၏ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ(၁၂) လက်‌အောက်ခံ (၂၃၁)တပ်ရင်းကလည်း‌ကောင်း၊ ‌တောင်သုံးလုံးဂိတ်တွင် ဗိုလ်မှူး‌စောလိုက်သိမ့်၏ BGF တပ်ရင်း(၁၀၁၉) တပ်ဖွဲ့ဝင်များ စခန်းချ လျက်ရှိပြီး ယခုရက်ပိုင်းအတွင်း ရန်ကုတ်၊ ‌နောင်နိုင်း၊ မိဖာလဲ၊ နို့‌ကြောရွာများဘက်သို့ အစိုးရတပ်နှင့် BGF တပ်များ စစ်‌ကြောင်း ဝင်မည်ဟု ကြားသိရ‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။