Home တွေ့ဆုံမေးမြန်းခန်း NLD ဗဟိုအလုပ်မှု‌ဆောင်အဖွဲ့ဝင် ဖားအံမဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ် နန်းခင်‌ထွေးမြင့်နှင့် ‌တွေ့ဆုံ‌မေးမြန်ခြင်း

NLD ဗဟိုအလုပ်မှု‌ဆောင်အဖွဲ့ဝင် ဖားအံမဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ် နန်းခင်‌ထွေးမြင့်နှင့် ‌တွေ့ဆုံ‌မေးမြန်ခြင်း

2118
နိုဝင်ဘာ ၂၅ ရက်၊ ၂၀၁၅ ခုနှစ်။ ‌ကေအိုင်စီ

“လူထု‌တွေရဲ့ ခံစားချက်ကို ‌ဖြေသိမ့်‌ပေးဖို့က အန်တီတို့အတွက် သိပ်ကို ပြဿာနာ ကြီး‌နေတယ်”

‌မေး- အန်တီအ‌နေနဲ့ လွှတ်‌တော်သက်တမ်း ၅နှစ်အတွက် ဘာ‌တွေပြင်ဆင်ထားပြီးပြီးလဲ။
‌ဖြေ-အန်တီက ပြည်နယ်လွှတ်‌တော်ပါ။ လွှတ်‌တော်သက်တမ်း ၅နှစ် အတွင်းဘာ‌တွေ လုပ်မယ်ဆိုတာထက် ဘာ‌တွေဖြစ်‌နေလဲဆိုတာကို အရင်‌လေ့လာရဦးမယ်။ အန်တီတို့က လွှတ်‌တော်ထဲကိုဝင်မှ သူတို့က ဘာ‌တွေ လုပ်ထားလဲဆိုတာကို အရင်သုံးသပ်ပြီး ကိုယ်က ဘာ‌တွေဖြည့်ဆည်းပြီး ကိုင်တွယ်ရမလဲ ဆိုတာကို အရင် စဉ်းစားရမယ်။ ကိုယ်က ကိုယ်လုပ်ချင်တာကိုပဲ သွားပြီး‌တော့ ဟိုကဘာ‌တွေဖြစ်‌နေလဲဆိုတာ အန်တီတို့ ဘာမှ မသိထားရ‌သေးဘူး။ ဆိုလိုတာက အန်တီတို့ သူတို့ထဲကို ဘာ‌တွေ လုပ်ထားလဲဆိုတာကို ဝင်ပြီး‌တော့ သိခွင့်မှ မရခဲ့တာကိုး။ အဲ့ဒီ‌တော့ သူတို့ဆီက အ‌ခြေအ‌နေကို လက်ခံပြီး‌တော့မှ ဘယ်ဟာကို ဘယ်လို လုပ်ရမလဲ။ မူသ‌ဘောအရ‌တော့ သိထားတဲ့ အတိုင်းပဲ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ စီးပွား‌ရေး ဒါ‌တွေက မူသ‌ဘောအရ ရှိထားပြီးသားပဲ။ ဒါ‌ပေမဲ့ ရှိထားပြီးသား ဆို‌ပေမဲ့လည်း တကယ့်လက်ရှိအ‌ခြေအ‌နေကို ‌လေ့လာရဦးမယ်။

‌မေး-ပထမဦးဆုံးအကြိမ် လွှတ်‌တော်ထဲကို ဝင်‌ရောက်ရမဲ့ ၅ နှစ်တာကာလမှာ အန်တီအတွက် စိန်‌ခေါ်မှု‌တွေက ဘာ‌တွေဖြစ်မလဲ။
‌ဖြေ-လူထု‌တွေရဲ့နိုင်ငံ‌ရေးအမြင်က‌တော့ သူတို့‌တွေက နိုင်တယ်ဆိုကတည်းက သူတို့သိထားတာ နတ်‌ရေကန် ထဲကို ခုန်ချလိုက်သလိုပဲ။ သူတို့လိုချင်တာကို အကုန်ရပြီး။ သူတို့ကို ဖိနှိပ်ထားတာ‌တွေ အကုန်လုံး ‌အောင်မြင် ကုန်ပြီး လွတ်လပ်ကုန်ပြီး ဆိုပြီး‌တော့ လူထု‌တွေက သိပ်နားမလည်‌သေး‌တော့ ဆိုလိုတာက သိမ်းထားတဲ့ ‌မြေ‌တွေကို ချက်ချင်းပြန်လိုချင်တာ၊ ‌ထောင်ထဲ‌ရောက်‌နေတာကို ချက်ချင်းပြန်ထွက်ချင်တာ မျိုး‌ပေါ့။ ဒါက ‌ထောင်ကျတဲ့ သူ‌တွေ‌လောက်က အန်တီတို့အတွက် သိပ်ပြဿာနာမရှိဘူး။ ‌မြေကို နှစ်ရှည်လများ သိမ်းထားတဲ့ ပြဿနာ‌တွေ လူထုခံစားချက်‌တွေက အများကြီးပဲ။ အဲ့လိုလူထု‌တွေရဲ့ ခံစားချက်ကို ‌ဖြေသိမ့်‌ပေးဖို့က အန်တီတို့ အတွက် သိပ်ကိုပြဿာနာ ကြီး‌နေတယ်။ ဆိုလိုတာက စိန်‌ခေါ်ချက်ကြီးတယ်။ အန်တီတို့က လူထု‌တွေ နိုင်ငံ‌ရေး ‌ရေချိန် မမှီတာကိုပဲ စိတ်ပူတယ်။

‌မေး-လွှတ်‌တော်သက်တမ်း ၅ နှစ်တာကာလမှာ ကိုယ့်ပြည်နယ်က ကိုယ့်ပြည်သူ‌တွေအတွက် ဘာ‌တွေကို အဓိက လုပ်‌ဆောင်‌ပေးသွားမှာလဲ။ ကိုယ့်ပြည်နယ်ရဲ့ ပြည်သူ‌တွေလိုအပ်တာက ဘာ‌တွေဖြစ်မလဲ။
အန်တီတို့ ဖြစ်‌စေချင်တာက ပြည်တွင်းငြိမ်းချမ်း‌ရေးတို့လိုမျိုး ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေး ဒါက ‌တော့ အန်တီတို့ မူကြီး‌တွေ‌ပေါ့။ အဲ့ဒီ အ‌ပေါ်မှာမူတည်ပြီး‌တော့ လုပ်‌ပေးစရာ‌တွေ အများကြီး‌ပေါ့။ တစ်ခုပြီးမှ တစ်ခုလုပ်သွားရင် ၅ နှစ်တာ ကုန်သွားမယ် ဘာမှပြီးသွားမှာ မဟုတ်ဘူး။ အန်တီတို့က မျက်စိ‌ရှေ့မှ စ‌တွေ့ တာကို အရင်စလုပ်ရမှာ‌ပေါ့။ မျက်စိ‌ရှေ့မှာ ဘာကအခက်အခဲဆုံးဖြစ်‌နေလဲ။ ဥပမာ ငြိမ်းချမ်း‌ရေးက အဓိကလို့ ‌ကျေးရွာလူထု‌တွေက ဖြစ်‌နေရင် သူ့ကို အရင်စကိုင်ရမှာ‌ပေါ့။ ကိုယ့်အ‌ရှေ့မှာ ဖြစ်‌နေတာကို အရင်ဆုံးစကိုင် ရမှာချည်းပဲ။ ‌ရေတိုလည်း ရှိသလို ‌ရေရှည်လည်းရှိတာ‌ပေါ့။ နှစ်‌ပေါင်းများစွာ ဖိနှိပ်ခံလာရ‌တော့ လိုအပ်ချက်‌တွေ အများကြီးပဲ။ လိုအပ်ချက်တိုင်းကို အန်တီတို့က ဖြည့်ဆည်း‌ပေးနိုင်မှာ မဟုတ်ဘူး။ ချက်ခြင်းကြီးလည်း ရမှာ မဟုတ်ဘူး။ ဒါ‌ပေမဲ့ အများစုခံစား ‌နေရတာကို အန်တီတို့ ဖြည့်ဆည်း‌ပေးနိုင်မှာပါ။ အများ နဲ့သက်ဆိုင်တာကိုး။ တစ်သီးပုဂ္ဂလ‌တွေ လူတစ်ဦးတစ်‌ယောက် မိသားတစ်စုအတွက်‌တော့ အန်တီတို့က ဦးစားမ‌ပေးနိုင်ဘူး။ အများနဲ့ သက်ဆိုင်တာ‌တွေ ‌ကျေးရွာနဲ့ဆို်င်တဲ့ဟာ‌တွေ ‌ဒေသနဲ့ဆိုင်တဲ့ဟာ‌တွေကိုပဲ အန်တီတို့ ဦးစား‌ပေး လုပ်‌ဆောင် ‌ပေးရမယ်‌လေ။

‌မေး-အမျိုးသမီးလွှတ်‌တော်အမတ်တစ်ဦးအ‌နေနဲ့ အမျိုးသမီးအခွင့်အ‌ရေး‌တွေအတွက် ဘာ‌တွေကို လုပ်‌ဆောင် ‌ပေးသွားမှာလဲ။
‌ဖြေ-အမျိုးသမီး‌တွေအ‌နေနဲ့ အရင်တုန်းက အန်တီတို့ အမျိုးသမီး‌တွေ အများအားဖြင့် နားလည်ထားတဲ့ အ‌ခြေအ‌နေမျိုး မဟုတ်‌တော့ဘူး။ အဲ့‌တော့ နိုင်ငံ‌ရေးအ‌တွေး‌တွေရှိလာ‌အောင် တိုးတက်လာ‌အောင် ဘာဖြစ်လဲဆို‌တော့ အအမျိုးသမီး‌တွေက အ‌ရေးကြီးတယ်။ အိမ်မှာမိသားစုမှာ က‌လေးသုံး‌ယောက်ရှိရင် အဲ့က‌လေးသုံး‌ယောက်လုံး က အ‌မေနဲ့ ထိ‌တွေ့မှု အများဆုံးဖြစ်တယ်။ အ‌မေမှာ အရည်အချင်းပြည့်မှ ဒီက‌လေး‌တွေ တိုးတက်လာမယ်။ မိသားစုမှာ အမျိုးသမီး‌တွေ တိုးတက်လာ‌အောင် အရည်အချင်း ပြည့်လာ‌အောင် အန်တီတို့အ‌နေနဲ့ အများကြီး ကြိုးစား‌ပေးဖို့ အစီအစဉ်‌တွေ ရှိပါတယ်။

‌မေး-ကရင်ပြည်နယ်ထဲမှာ အမျိုးသမီးလွှတ်‌တော်ကိုယ်စားလှယ်‌လောင်း(၃၃)ဦးဝင်ပြိုင်တဲ့‌နေရာမှာ ၇ ဦးပဲ အနိုင်ရရှိလာ‌တော့ အမျိုးသမီး‌တွေ အခွင့်အ‌ရေးအတွက် ဘယ်လိုအကျိုးသက်‌ရောက်မှု‌တွေ ရှိမလဲ။
‌ဖြေ-အန်တီတို့ ပါတီမှာက အမျိုးသမီး ၆ ဦး ဝင်ပြိုင်တာ ၆ဦးလုံး အနိုင်ရရှိတယ်။ ရာနှုန်းပြည့် နိုင်တယ်။ တခါတ‌လေ လူ‌တွေက ပွဲလန့်တုန်း ဖျာခင်းတယ်။ အ‌ပြောင်းအလဲ‌လေးတစ်ခုမှာ ဖြစ်မလားဆိုပြီး‌တော့ကိုယ်ရဲ့ ပြည့်စုံမှုမရှိဘဲ ဝင်ပြိုင်တာ ဒါ‌တွေက အန်တီတို့လက်မခံဘူး။ အန်တီတို့‌ပြောတာ ကိုတာ(အချိုးကျ)‌တွေတို့ ဘာ‌တွေတို့ အန်တီတို့မကြိုက်ဘူး။ အရည်အချင်းရှိတဲ့ သူပဲ။ အခုလည်းအန်တီတို့က အရည်အချင်းရှိတဲ့သူပဲ နိုင်သွားတာ။ အမျိုးသမီး‌တွေမှာ အရည်အချင်းမရှိတဲ့သူ‌တွေ ဘယ်နှစ်‌ယောက်ပဲ ပြိုင်ပြိုင်ရှုံးမှာပဲ။

‌မေး-ကရင်ပြည်နယ်ထဲက နယ်ခံတိုင်းရင်းသား‌တွေအ‌ရေးနိမ့်မှုအ‌ပေါ်မှာ‌ရောဘယ်လိုမြင်မိလဲ။ သူတို့ရဲ့အ‌ရေး နိမ့်မှုအတွက် ပြည်နယ်မှာ ဘယ်‌လောက်အကျိုးသက်‌ရောက်မှု‌တွေ ရှိလာနိုင်သလဲ။
‌ဖြေ-အန်တီ‌ပြောချင်တာက ဥပမာ သျှမ်းတို့ ဘာတို့ဆိုရင် သူတို့က ဒီမိုက‌ရေစီကို ခိုင်ခိုင်မာမာလုပ်လာတဲ့ SNLD တို့ ဘာတို့ ရှိတယ်။ လူထုက အား‌ပေးတယ်။ သူတို့‌ဒေသမှာရှိတဲ့ သျှမ်း‌တွေအတွက် အကျိုး‌ကောင်း တယ်။ အန်တီတို့ဆီမှာ ဒီလိုခို်င်ခိုင်မာမာရှိရင် လူထု‌တွေက အား‌ပေးမှာပဲ။ အန်တီတို့ ကရင်‌တွေထဲမှာ ဒီလို ခိုင်ခိုင်မာမာ မရှိခဲ့ဘူး။ ဒါ‌ပေမဲ့ အန်တီတို့ စိတ်မပူပါဘူး။ အန်တီတို့ NLD ထဲမှာရှိတဲ့ တိုင်းရင်းသား‌တွေက ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တည်သူ‌တွေချည်းပဲ။ အန်တီတို့ ဘယ်‌တော့မှ တိုင်းရင်းသားအ‌ရေးကို သစ္စာ‌ဖောက်မယ့် သူ‌တွေ မဟုတ်ဘူး။ တိုင်းရင်းသားအ‌ရေးအတွက် အမြဲကြိုးစား ‌ဆောင်ရွက်မယ့် သူ‌တွေ ဖြစ်တယ်။

‌မေး- ဒီ၂၀၁၅အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှု ဘယ်‌လောက်အတိုင်းအတာအထိ ရှိခဲ့တယ်လို့ မြင်မိလဲ။
‌ဖြေ-ဒီ‌ရွေး‌ကောက်ပွဲမှာ အရမ်းကိုမျှတ‌အောင် အန်တီတို့ အရမ်းကို ကြိုစားခဲ့ရတယ်။ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်‌ပြောရတာ‌တွေ မဲစာရင်းမှာ နာမည်မပါတာ‌တွေ ကျန်ခဲ့တဲ့သူ‌တွေ မဲစားရင်းမှာ နာမည်ပါရ‌အောင် ‌တော်‌တော်‌လေးကို ကြိုစားပြီး မမျှတ‌အောင်လုပ်ထားတာကို မျှတ‌အောင် အတင်းဆွဲပြီး ကြိုးစားယူရတယ်။ ဘယ်လိုပဲ‌ပြော‌ပြော ‌ကျောင်းဆရာမ‌လေး‌တွေကို ‌ကျေးဇူတင်ရမှာဘဲ။ အ‌ပေါ်က ဘယ်‌လောက်ပဲ မမျှတ‌အောင် လုပ်ထားလုပ်ထား ‌အောက်‌ခြေဝန်ထမ်း ဆရာမ‌တွေက မျှတ‌အောင် ကြိုးစား‌ပေးခဲ့တာကို ‌ကျေးဇူတင်ပါတယ်။