Home သတင်း KNU ဘိတ်-ထားဝယ်ခရိုင် (၁၇)ကြိမ်‌မြောက် ကွန်ဂရက်တွင် ‌ကော်မတီ အသစ်ပြန်လည်‌ရွေး‌ကောက်တင်‌မြှောက်ပြီးစီး

KNU ဘိတ်-ထားဝယ်ခရိုင် (၁၇)ကြိမ်‌မြောက် ကွန်ဂရက်တွင် ‌ကော်မတီ အသစ်ပြန်လည်‌ရွေး‌ကောက်တင်‌မြှောက်ပြီးစီး

1697
နိုဝင်ဘာ ၂၃ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး-KNU ဘိတ်-ထားဝယ်ခရိုင် (၁၇) ကြိမ်‌မြောက် ကွန်ဂရက်ကို နိုဝင်ဘာ ၁၆ မှ ၂၁ ရက်‌နေ့အထိ ခရိုင်ဌာနချုပ် ထီးမိုပွာ အထူး‌ဒေသရှိ လယ်မူခီး‌နေရာတွင် ကျင်းပခဲ့ပြီး ခရိုင်‌ကော်မတီဝင် ၂၁ ဦးကို အသစ်‌ရွေး‌ကောက်တင်‌မြှောက်ပြီးစီးပြီဖြစ်သည်ဟု ခရိုင်အဆင့် တာဝန်ရှိသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကွန်ဂရက်သို့ ခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ၊ ‌ခေါင်း‌ဆောင်းများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ ‌ခေါင်း‌ဆောင်များ စုစု‌ပေါင်း ၈၁ ဦး တက်‌ရောက်ကာ အဆိုပါ ခရိုင်‌ကော်မတီကို ‌ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး ဥက္ကဌအဖြစ် ပဒို‌စောဆာပိတုပ်၊ ဒုဥက္ကဌ တပ်မဟာ ၄ မှူး ဗိုလ်မှူးချုပ် ‌စောဒါး‌ကျော်လူ၊ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောအဲနာ၊ တွဲဖက်အတွင်း‌ရေးမှူး ပဒို‌စောသူးယယ်တို့ကို အသီးသီး ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ကြသည်။

ခရိုင်‌ကော်မတီ အသစ်ပြန်လည်‌ရွေးချယ်ခြင်းအ‌ပေါ် KNU ဘိတ်-ထားဝယ်ခရိုင် ဆက်ဆံ‌ရေးရုံးတာဝန်ခံ ပဒို‌စောဝင်းခိုင်က “မဲ‌ပေးတဲ့ စနစ်နဲ့ပဲ ‌ရွေးချယ်တင်‌မြှောက်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်က သတ်မှတ် ထားတာ (၈၈)ဦး ဖြစ်‌ပေမယ့် တချို့လည်း မလာ‌ရောက်နိုင်လို့ ၈၁ ဦးနဲ့ မဲ‌ပေးပြီး ‌ရွေးချယ်ကြတာ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

ထို့အပြင် ကွန်ဂရက်တွင် ခရိုင်တရာသူကြီးအဖြစ် ပဒို‌စောဘီးလယ်ကို ‌ရွေးချယ်ခဲ့ပြီး ခရိုင် ဌာနဆိုင်ရာ (၁၄)ခုမှ တာဝန်ခံများကိုလည်း အသီးသီး ပြန်လည်တာဝန်ခန့်အပ်ခဲ့ကြသည်။

လက်ရှိ ဘိတ်-ထားဝယ်ခရိုင်အတွင်း ‌မြေယာပြဿနာ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် စီမံကိန်းများ ‌ကြောင့် ‌ဒေသခံတို့ နစ်နာမှုများဖြစ်‌ပေါ်‌နေချိန်တွင် KNU ခရိုင်အဆင့် ‌ခေါင်း‌ဆောင်ပိုင်း အသစ်ပြန်လည် ‌ရွေးချယ်ခြင်းအ‌ပေါ် ထားဝယ်မြို့ အ‌ခြေစိုက်လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သည့် Southern Youth Social Development Youth အဖွဲ့တာဝန်ခံ ‌စောဖိုးစံက သူ၏ အမြင်ကို ယခုလို ‌ပြောသည်။

သူက “ကျ‌နော်တို့ အ‌နေနဲ့ ဘယ်သူပဲ တက်တက်ပါ အရင်တုန်းက သူတို့ ၂ဖွဲ့(အစိုးရတပ်နဲ့ ‌ကေအဲန်ယူ) တိုက်ခိုက်‌နေတာ ခံရတာက ဌာ‌နေ တိုင်းရင်းသား‌ဒေသခံ‌တွေပါပဲ။ NCA ‌ဆွေး‌နွေး‌နေချိန် တ‌လျှောက်လုံး ‌ငွေရှင်၊ ‌ကြေးရှင် ‌တွေ‌ကြောင့် ဌာ‌နေ တိုင်းရင်းသား‌ဒေသခံ‌တွေ ပူ‌ဆွေး‌သောကနဲ့ ကြုံ‌နေရတယ်။ အရင်က ‌သေနတ်‌ကြောက်ရတယ်။ ခု‌တော့ ဘိုဒူဇာ‌တွေကို ‌ကြောက်‌နေရတယ်”ဟု ‌ပြောဆိုသည်။

ဘိတ်-ထားဝယ်ခရိုင်တွင် KNU သတ်မှတ်ချက်အရ လယ်ဒိုစိုးမြို့နယ်၊ ကစယ်ဒိုမြို့နယ်၊ ‌လောမူလား မြို့နယ်၊ တ‌နောသရိ(တနသင်္ာရီ)မြို့နယ် စသည့် မြို့နယ် (၄)မြို့နယ်အပြင် အထူး‌ဒေသအဖြစ် ထီးမိုပွာအထူး‌ဒေသနှင့် ‌လေညာ-ဘုတ်ပြင်း အထူး‌ဒေသတို့ပါရှိပြီး ၎င်းမြို့နယ်တာဝန်ခံများကိုမူ အသစ်ပြန်လည်‌ရွေးချယ်ခံရခြင်း မရှိ‌သေး‌ကြောင်း ခရိုင်တာဝန်ရှိသူများထံမှ သိရသည်။

KNU ဘိတ်-ထားဝယ်ခရိုင် ကွန်ဂရက်ကို ၂ နှစ် တစ်ကြိမ် ပြုလုပ်ကာ ပြီးခဲ့သည့် (၁၆)ကြိမ်‌မြောက် ကွန်ဂရက်တွင် ခရိုင်ထိပ်ပိုင်း‌ခေါင်း‌ဆောင်အဖြစ် ဥက္ကဌ ပဒို ‌စောဘီးလယ်၊ ဒုဥက္ကဌ တပ်မဟာ ၄ မှူး ဗိုလ်မှူးချုပ် ‌စောဒါး‌ကျော်လု၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို ‌စော‌သောသီ‌ဖေ၊ တွဲဖက်အတွင်း‌ရေးမှူး ‌စောအဲနာတို့ကို ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့‌ကြောင်း သိရသည်။