Home သတင်း KNU ဗိုလ်မှူး‌ဟောင်း‌စောထူးထူး‌လေးကို DKBA က နိုင်ငံ‌ရေးနှင့် စစ်‌ရေးအကြံ‌ပေးအဖြစ် ခန့်အပ်

KNU ဗိုလ်မှူး‌ဟောင်း‌စောထူးထူး‌လေးကို DKBA က နိုင်ငံ‌ရေးနှင့် စစ်‌ရေးအကြံ‌ပေးအဖြစ် ခန့်အပ်

2003

နိုဝင်ဘာ ၄ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး-KNU ၌ ဗိုလ်မှူးအဆင့်ထိ တာဝန်ယူ လုပ်‌ဆောင်ခဲ့သူ ဗိုလ်မှူး‌ဟောင်း‌စောတူးထူး‌လေးကို ဒီမိုက ‌ရေစီအကျိုးပြုကရင်တပ်မ‌တော်-DKBA က ၎င်းတို့၏ နိုင်ငံ‌ရေးနှင့် စစ်‌ရေးအကြံ‌ပေးအဖြစ် ‌အောက်တိုဘာလ ၁၉ရက်‌နေ့က တရားဝင် ခန့်အပ်လိုက်‌ကြောင်း သိရသည်။

ထိုသို့ခန့်အပ်လိုက်သည့် အ‌ကြောင်းရင်းနှင့်ပတ်သက်၍ DKBA ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ် ‌စောမို‌ရှေးက “ကျ‌နော်တို့ကရင်‌တွေမှာ သုံးဖွဲ့ဖြစ်‌နေတယ်။ တစ်ဖွဲ့ချင်းစီက သူ့နိုင်ငံ‌ရေး စစ်‌ရေးနဲ့သူဆိုရင် ခရီး‌ပေါက်မှာမဟုတ်ဘူး။ ဒါ‌ကြောင့် ဘယ်လိုဖြစ်ဖြစ် ‌လော ‌လောဆယ်‌တော့ အဖွဲ့‌တွေကွဲ‌နေရင်လည်း ကွဲ‌နေပါ‌စေ။ ဒါ‌ပေမယ့်နိုင်ငံ‌ရေးပိုင်းမှာ တူညီဖို့လိုတဲ့အတွက် အခုလို ခန့်အပ်လိုက် တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု DKBA ၏ နိုင်ငံ‌ရေးနှင့် စစ်‌ရေးအကြံ‌ပေးတစ်ဦးဖြစ်လာသူ ဗိုလ်မှူး‌ဟောင်း‌စောတူးတူး‌လေးသည် ‌ကေအဲန်ယူတွင် ၂၀၀၀-၂၀၀၄ခုနှစ်အထိလည်း‌ကောင်း၊ ၂၀၀၄-၂၀၀၈ခုနှစ်အထိလည်း‌ကောင်း တွဲဖက်အတွင်း‌ရေးမှူး(၁)အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၀၈ခု နှစ်၊ ‌ဖေ‌ဖော်ဝါရီလက အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒိုမန်းရှာလားဖန်း လုပ်ကြံခံရပြီး‌နောက်တွင် ယာယီ အ‌ထွေ‌ထွေ အတွင်း‌ရေး မှူးအဖြစ် ဆက်လက် တာဝန်ယူခဲ့သည်။

၎င်း‌နောက် ၂၀၀၈ခုနှစ်၊ စက်တင်ဘာလတွင် ဖာပွန်ခရိုင် ‌သေ့‌ကော်ထာ့‌နေရာတွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၄)ကြိမ်‌မြောက် ‌ကေအဲန်ယူကွန်ဂရက်(ညီလာခံ)တွင် အဖွဲ့အစည်းမှ အနားယူခွင့်‌တောင်းခဲ့သည်။ ဗိုလ်မှူး‌စောထူးထူး‌လေးသည် Free Burma Ranger-FBR အဖွဲ့တွင်လည်း ‌ခေါင်း‌ဆောင်တစ်ဦးအဖြစ် နှစ်အ‌တော်ကြာ ပါဝင်လုပ်‌ဆောင်ခဲ့သူဖြစ်သည်။

၂၀၁၂ခုနှစ်၊ ဧပြီလ ‌ကေအဲန်ယူနှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲ‌ရေး ‌ဆွေး‌နွေးပွဲ ပြည်‌ထောင်စုအဆင့်တွင် ‌ကေအဲန်ယူဖက်မှ စစ် ‌ရေးအကြံ‌ပေးအဖြစ် ပါဝင်ခဲ့ပြီး ၂၀၁၂ခုနှစ်ကုန်ပိုင်း၌ ကျင်းပခဲ့သည့် (၁၅)ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်အပြီး ဥက္ကဋ္ဌ ဖြစ် လာသည့် ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၏ စစ်‌ရေး၊ နိုင်ငံ‌ရေးအကြံ‌ပေးအဖြစ် ယ‌နေ့အထိ လုပ်‌ဆောင်လျှက်ရှိ‌ကြောင်း သိရသည်။