Home သတင်း အမှတ် (၂)တံတား ‌ဆောက်လုပ်‌ရေးကို မြန်မာဘက်ခြမ်း စတင်နိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်း

အမှတ် (၂)တံတား ‌ဆောက်လုပ်‌ရေးကို မြန်မာဘက်ခြမ်း စတင်နိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်း

2787
နိုဝင်ဘာ ၂၃ ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာ အမှတ် (၂)နှစ်နိုင်ငံ ချစ်ကြည်‌ရေးတံတားကို မြန်မာဘက်ခြမ်းတွင် ‌ဆောက်လုပ်‌ရေးလုပ်ငန်းများ စတင်အ‌ကောင်အထည်‌ဖော်‌ဆောင်နိုင်ရန် နိုဝင်ဘာ ၂ဝရက်‌နေ့က ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၊ ဝမ်းစကင်း‌ကျေးရွာရှိ လမ်းတံတားတည်‌ဆောက်‌ရေး စီမံကိန်းခန်းမ၌ ထိုင်း-မြန်မာ တံတားစီမံကိန်း ပူး‌ပေါင်းလုပ်‌ဆောင်‌ရေး ‌ကော်မတီ တာဝန်ရှိသူများက ပထမဦးဆုံးအကြိမ် ‌တွေ့ဆုံညှိနှိုင်း‌ဆွေး‌နွေးခဲ့ကြသည်။

မြန်မာဘက်ခြမ်း လုပ်ငန်းစတင်နိုင်ရန် ‌ဆောက်လုပ်‌ရေးဇုန်သတ်မှတ်ခြင်း၊ သတ်မှတ်ချိန်အတွင်း ပြီးစီး‌အောင် ‌ဆောင်ရွက်နိုင်ရန်၊ လူဝင်မှုကြီးကြပ်‌ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနှင့် အ‌ကောက်အခွန် စည်းမျဉ်းစည်းကမ်း တို့ကို မြန်မာနိုင်ငံ လမ်းတံတား ‌ဆောက်လုပ်‌ရေးဋ္ဌာန ညွှန်ကြား‌ရေးမှူးချုပ် ဦးဟန်စိုး ဦး‌ဆောင်သည့် တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ အ‌ဝေး‌ပြေးလမ်း ဦးစီးဋ္ဌာန ညွှန်ကြား‌ရေးမှူးချုပ် ဖိရတ်ဖွန် ထဝမ်ဖကျန်ရိမ် ဦး‌ဆောင်‌သော တာဝန်ရှိသူတို့က ထို‌နေ့၊ နံနက် ၉နာရီခွဲမှ ၁၁နာရီခွဲအထိ ညှိနှိုင်း‌ဆွေး‌နွေးခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ အ‌ဝေး‌ပြေးလမ်း ဦးစီးဋ္ဌာန ညွှန်ကြား‌ရေးမှူးချုပ် ဖိရတ်ဖွန် ထဝမ်ဖကျန်ရိမ်က “တံတား‌ဆောက်လုပ် ‌ရေးမှာ မြန်မြန်ပြီးဆုံးနိုင်ဖို့ မြန်မာဘက်က လုပ်ငန်းစတင်ဖို့ ခွင့်ပြုရန် ‌တောင်းဆိုတာလည်း ပါသလို စီမံကိန်းမှာ ပါတဲ့ ‌မြေယာပြဿနာ‌တွေကိုလည်း မြန်မာတာဝန်ရှိသူ‌တွေအ‌နေနဲ့ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖို့ရယ်။ မြန်မာဘက်က ဋ္ဌာနဆိုင်ရာအ‌နေနဲ့ လမ်းတံတား‌ဆောက်လုပ်မယ့်‌မြေ‌နေရာမှာ ထိုင်း‌ဆောက်လုပ်‌ရေးဋ္ဌာနကို အမြန်ဆုံးအပ်ပြီး‌တော့ လုပ်ငန်းစတင်ရန် ‌ဆွေး‌နွေးတာဖြစ်ပါတယ်״ဟု သတင်း‌ထောက်များကို ‌ပြောကြားသည်။

ထိုင်း-မြန်မာ အမှတ်(၂)တံတား‌ဆောက်လုပ်‌ရေးကို မြန်မာနိုင်ငံဘက်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၅)ရပ်ကွက်၊ ‌နေပူ‌နေရာနှင့် ထိုင်းဘက်ခြမ်း မဲ‌ဆောက်မြို့နယ်၊ ဝမ်းစကင်း‌ကျေးရွာကို ချိတ်ဆက် တည်‌ဆောက်သွားမည်ဖြစ်ပြီး ‌ရေလယ်တိုင် မပါ‌သော တံတားဖြစ်သည်ဟု သိရသည်။
DSC04145
၎င်းတံတားကို ထိုင်းဘက်ခြမ်း၌ ယခုနှစ် ဇွန်လကတည်းက စီမံကိန်းလုပ်ငန်းများ စတင်ခဲ့အ‌ကောင်ထည်‌ဖော် ‌ဆောင်ရွက်‌နေပြီဖြစ်ကာ လက်ရှိ ထိုင်းဘက်ခြမ်း၌ ပိုင်တိုင်များ စိုက်ထူ‌နေပြီဖြစ်သလို တံတား‌ဆောက်လုပ်‌ရေး စီမံကိန်းမှာ ၂ဝရာခိုင်နှုန်းပြီးဆုံး‌နေပြီဟု ထိုင်းနိုင်ငံ တံတား‌ဆောက်လုပ်‌ရေး တာဝန်ရှိသူဘက်က ‌ပြောသည်။

မြန်မာနိုင်ငံလမ်းတံတား ‌ဆောက်လုပ်‌ရေးဋ္ဌာန ညွှန်ကြား‌ရေးမှူးချုပ် ဦးဟန်စိုးက“မြန်မာဘက်ခြမ်း တံတား တည်‌ဆောက်မယ့် အတွက်‌ကြောင့် ‌မြေအသုံးချမှုအပိုင်း၊ ဒီအပိုင်း‌တွေရှိပါတယ်။ ဒါက‌တော့ ကျ‌နော်တို့အ‌နေနဲ့ အဆင်သင့်‌တွေ ဖြစ်‌နေပါပြီ။ အခုဆိုရင် Construction Zone (‌ဆောက်လုပ်‌ရေးဇုန်)မီတာ ၂၀ဝနဲ့ မီတာ ၆ဝ ဧရိယာကို ကျ‌နော်တို့ အရင်ဆုံး ခွင့်ပြုပြီဖြစ်ပါတယ်။ တံတားရဲ့လုပ်ငန်းကို စတင်‌ဆောင်ရွက်လို့ရ‌နေပါပြီ״ဟု ‌ပြောကြားသည်။

ထို့အပြင် တံတား‌ဆောက်လုပ်‌ရေးစီမံကိန်းတွင် ပါဝင်‌သော ‌ဒေသခံပြည်သူများ၏ ပိုင်ဆိုင်‌သော ‌မြေယာများကို သက်ဆိုင်ရာဋ္ဌာနဆိုင်ရာမှ သတ်မှတ်သည့် နှုန်းထားအတိုင်း နိုင်ငံ‌တော်အစိုးရမှ ‌လျော်‌ကြေး‌ပေးကာ တံတား ‌ဆောက်လုပ်‌ရေးလုပ်ငန်းကို ညှိနှိုင်း‌ဆောင်ရွက်သွားမည်ဟုလည်း ဦးဟန်စိုးက ဆက်‌ပြောသည်။

အမှတ် (၂)တံတားသည် အရှည် ၇၆ဝ မီတာ၊ အကျယ် ၁၇ မီတာရှိပြီး စီမံကိန်း အစအဆုံး ၂၁.၄ဝ ကီလိုမီတာ ရှည်လျားသည့် ၎င်းတံတားကို ထိုင်းနိုင်ငံဘက်မှ အကုန်ကျခံကာ ဘတ်‌ငွေ သန်း ၃,၉၀ဝ (သုံး‌ထောင်ကိုးရာ) လျာထားသည်ဟု ထိုင်းနိုင်ငံ အ‌ဝေး‌ပြေးလမ်းဦးစီးဋ္ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ အသုံးပြု‌သော မဲ‌ဆောက်-မြဝတီကို ချိတ်ဆက်ထားသည့် အမှတ်(၁) ချစ်ကြည်‌ရေးတံတားကို ထိုင်းနိုင်ငံက ထိုင်းဘတ်‌ငွေ ၇၂.၂သန်း အကုန်အကျခံကာ တည်‌ဆောက်ခဲ့ပြီး ၁၉၉၇ခုနှစ် ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် စတင်အသုံးပြုခဲ့သည်။ ၂၀၀၆ခုနှစ်မှစ၍ တံတားကြံ့ခိုင်ပိုင်းမှု ကျဆင်းခဲ့၍ ကုန်တင်ကားကြီး များကို ယခုအချိန် ဖြတ်သန်းခွင့်မပြုဘဲ ယခုလို အမှတ် (၂) တံတားကို တည်‌ဆောက်လာခြင်းလည်းဖြစ်သည်။