Home သတင်း ဋ္ဌာ‌နေမဲ့ ကရင်‌ကျောင်းသားများ စုံညီပွဲ‌တော် ကျင်းပ

ဋ္ဌာ‌နေမဲ့ ကရင်‌ကျောင်းသားများ စုံညီပွဲ‌တော် ကျင်းပ

1975
နိုဝင်ဘာ ၂၃ရက်။ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ပြည်တွင်းဋ္ဌာ‌နေမဲ့ (IDP) ကရင်စာသင်‌ကျောင်းများ‌ပေါင်း၍ နိုဝင်ဘာ ၁၈ရက်‌နေ့မှ ၂၁ရက်‌နေ့အထိ ‌ကျောင်းသား စုံညီပွဲ‌တော်တစ်ရပ်ကို ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) ထိန်းချုပ်နယ်‌မြေရှိ ဝါ့မီကလား‌ကျေးရွာ၌ ပြုလုပ်ကျင်းပခဲ့သည်။

ပြည်တွင်းဋ္ဌာ‌နေမဲ့‌ကျောင်းသားများအ‌နေဖြင့် ပညာ‌ရေးကို တန်ဘိုးထားတတ်ရန်၊ မိမိကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရန်၊ ရိုးရာယဉ်‌ကျေးမှုကို ထိန်းသိမ်းတတ်ရန်နှင့် ‌ကျောင်းသားများအချင်းချင်း ချစ်ခင်ရင်းနှီးမှုပိုမိုရရှိရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု ဦး‌ဆောင်ကျင်းပသူ တစ်ဦးဖြစ်သူ ဆရာ‌စောရိန်းဘိုးက ‌ပြောသည်။

၎င်းက “ဒီနယ်ပယ်မှာ ‌တော‌တောင်ကြားမှာရှိတဲ့‌နေရာ ဖြစ်တဲ့အတွက် ‌ကျောင်းသူ‌ကျောင်းသား‌တွေ တစ်‌နေရာ နဲ့တစ်‌နေရာ မသွား‌ရောက်နိုင်တဲ့အ‌ပေါ်မှာ ဒီစုံညီပွဲ‌တော်ကို ပြုလုပ်‌ပေးတာဖြစ်တယ်။ အရင်အ‌ခြေအ‌နေကဆို အချို့က အစိုးရနယ်‌မြေမှာရှိတယ်။ အချို့က ‌ကေအဲန်ယူနယ်‌မြေမှာရှိတယ်။ အုပ်ချုပ်မှုနှစ်ခု ‌အောက်မှာရှိတဲ့ အတွက် အမြင်ချင်းက မတူညီကြပါဘူး။ သူတို့‌တွေ အမြင်ချင်းတစ်ခုတည်းဖြစ်ဖို့ ဒီစုံညီပွဲ‌တော်ကို ပြုလုပ် ကျင်းပ‌ပေးတာဖြစ်တယ်။״ဟု ‌ပြောသည်။

သုံးရက်ကြာ‌သော ၎င်း‌ကျောင်းသားစုံညီပွဲ‌တော်သို့ ဝါ့မီကလား၊ ထီးတို‌ကော်၊ ‌ဖောတ‌မေ၊ မယ်လာ အားခီး၊ မယ်လာအားထာ့ ထီးက‌ဟော၊ စီဖိုးခီး၊ က‌လေ့ဖိုးကလိုး၊ ဖားအံခရိုင်အထက်တန်း‌ကျောင်းအပါအဝင် ဋ္ဌာ‌နေမဲ့စာ သင်‌ကျောင်း ၁၇‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသား ၅၀၀‌ကျော် ပူး‌ပေါင်းပါဝင်ပြီး ‌ဘောလုံး၊ ‌ဘော်လီ‌ဘော၊ ခြင်းလုံး၊ ‌စောင်းတီးပြိုင်ပွဲ၊ ရိုးရာယဉ်‌ကျေးမှုပြိုင်ပွဲ၊ ပုံပြင်သရုပ်‌ဖော်ပြိုင်ပွဲနှင့် အခြား အားကစားနည်းစုံတို့ ပါဝင်သည်ဟု သိရသည်။

ဖားအံခရိုင် အထက်တန်း‌ကျောင်းမှ ‌စောလဲဘွယ်‌စေး “ပြိုင်ပွဲက‌တော့ ‌ဘောလုံးကန်တာပဲဖြစ်ဖြစ်၊ ကတာပဲ ဖြစ်ဖြစ်၊ ‌စောင်းတီးတာပဲဖြစ်ဖြစ် အများကြီးပဲ။ ကျ‌နော် စိတ်ပါအဝင်စားဆုံးက ‌စောင်းတီးပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ကျ‌နော်တို့ လူမျိုး‌တွေဟာ ‌စောင်းတီးတတ်တာ ‌တော်‌တော်‌လေးနည်းသွားပါပြီ။ ‌ပျောက်ကွယ်လုနီးပါးလည်းရှိပြီ။ အခု ‌တွေ့မြင်ရတဲ့အတွက် ဝမ်းသာသလို ကျ‌နော်အ‌နေနဲ့ ဒီ‌စောင်းတီးတာကို ပိုပြီး သင်ယူချင်တယ်။״ဟု ‌ပြောသည်။

‌ကေအဲန်ယူ ထိန်းချုပ်မှု‌အောက်ရှိ IDP ကရင်စာသင်‌ကျောင်း၏ ‌ကျောင်းသားစုံညီပွဲ‌တော် အစီအစဉ်ကို ‌ဒေသခံ‌ကျောင်းဆရာဆရာမများ၊ ‌ဒေသခံတာဝန်ရှိသူများနှင့် ကရင်လူမှုအဖွဲ့အစည်းများ၏ အစီအစဉ်ဖြင့် တစ်နှစ်တစ်ကြိမ်ကျင်းပ‌ပေးမှုမှာ ယခုအကြိမ် အပါအဝင် ၁၄ကြိမ်‌မြောက် ရှိသွားပြီဖြစ်သည်။

အလားတူ IDP ‌ကျောင်းသားစုံညီပွဲ‌တော်ကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ‌ကေအဲန်ယူ တပ်မဟာ(၅) ထိန်းချုပ်နယ်‌မြေ ဘူးအားဒဲ‌ကျေးရွာတွင် ကရင်‌ကျောင်းသားကွန်ရက်အဖွဲ့(KSNG)မှ ကြီးမှူး၍ နိုဝင်ဘာ ၁၈ ရက်မှ ၂ဝ ရက်‌နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။

ဆယ်စုနှစ်‌ပေါင်းများစွာ ဖြစ်ပွားခဲ့‌သော ပဋိပက္ခများ‌ကြောင့် မြန်မာနိုင်ငံ အ‌ရှေ့‌တောင်ပိုင်း‌ဒေသတွင် ပြည်တွင်း ဋ္ဌာ‌နေမဲ့ ပြည်သူ ၄သိန်း‌ကျော်ရှိသည့်အနက် ထက်ဝက်ခန့်မှာ ကရင်လူမျိုးများဖြစ်ကြပြီး ၎င်းတို့အများစုမှာ ပညာ‌ရေးသင်ယူနိုင်သည့်အခွင့်အ‌ရေး အလွန်နည်းပါးသည်ဟု ကူညီ‌ထောက်ပံ့မှု‌ပေး‌နေသည့်အဖွဲ့များက ‌ပြောသည်။