Home တွေ့ဆုံမေးမြန်းခန်း ၂၀၁၅‌ရွေး‌ကောက်ပွဲအတွက် ကရင်ပြည်နယ်တွင် မဲရုံအများဆုံး မဖွင့်နိုင်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌ကျေးရွာအုပ်စု ၃၈စုအနက် မဲ‌ပေးခွင့်ဆုံးရှုံးသူ ကျုံခဝန်‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး...

၂၀၁၅‌ရွေး‌ကောက်ပွဲအတွက် ကရင်ပြည်နယ်တွင် မဲရုံအများဆုံး မဖွင့်နိုင်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌ကျေးရွာအုပ်စု ၃၈စုအနက် မဲ‌ပေးခွင့်ဆုံးရှုံးသူ ကျုံခဝန်‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး စ‌ကျော်စွာနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

1708

“ကရင်အမျိုးသား‌တွေအ‌နေနဲ့ ကရင်ပါတီကို မဲထည့်ချင်တဲ့သူ‌တွေလည်း ရှိတာပဲ။ နိုင်ငံသားတစ်‌ယောက်အ‌နေနဲ့ အများကြီးကို အခွင့်အ‌ရေး ဆုံးရှုံးတာ‌ပေါ့။”

‌ကေအိုင်စီ – ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်စာရင်းအရ မဲရုံမဖွင့်လှစ်နိုင်တဲ့‌ကျေးရွာအုပ်စု (၃၈)စုထဲမှာ ကျုံခဝန်‌ကျေးရွာအုပ်စု အပါအဝင်ဖြစ်တယ်။ ဘာ‌ကြောင့် မဲရုံမဖွင့်လှစ်‌ပေးနိုင်တာလို့ သိရသလဲ။
သူတို့(မြို့နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်)‌ပြောတာက လုံခြုံ‌ရေးအရလို့‌တော့ ‌ပြောပါတယ်။ ဒါ‌ပေမဲ့ မဲရုံဖွင့်လှစ်‌ပေးတဲ့ တခြား‌ကျေးရွာအုပ်စု အနီးစပ်ဆုံး‌ပြောရရင် ‌တောင်ဒီးရွာဆိုရင် ကျ‌နော်တို့‌ကျေးရွာအုပ်စုနဲ့ ၅မိုင်‌ကျော်‌လောက်ပဲ ‌ဝေးမယ်။ လမ်း ပန်းဆက်သွယ်‌ရေးကလည်း ‌ကောင်းတယ်။ အမှန်က ကျ‌နော်တို့ ‌ကျေးရွာအုပ်စုမှာပါ မဲရုံဖွင့်လှစ်သင့်တယ်။ လုံခြုံ‌ရေးအ ‌ကြောင်းပြချက်‌ပြောရ‌အောင်လည်း အခု ငြိမ်းချမ်း‌ရေး‌တွေ‌ဖော်‌ဆောင်‌နေတာ။ ‌နောက်ပြီး ဒီမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် ‌တွေကလည်း အရင်လိုမဟုတ်‌တော့ဘဲ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှား‌နေတာပဲ။ ဒီမှာဆို လမ်းပန်းဆက်သွယ်‌ရေးလည်း ‌ကောင်း‌နေတာပဲ။ အထက်တန်း‌ကျောင်းလည်း ရှိတယ်။ သက်ဆိုင်ရာ ဘာသာ‌ရေး‌ကျောင်း‌တွေလည်း ရှိတယ်။ မဲရုံမဖွင့်လှစ်‌ပေး နိုင်တာက‌တော့ မဖြစ်သင့်ဘူးလို့ပဲထင်တယ်။ ကိုယ်စားလှယ်‌လောင်းတစ်‌ယောက်အတွက်‌တော့ အများကြီးနစ်နာတာ‌ပေါ့။ ဒီမှာ က အသက် ၁၈ပြည့်ပြီးတဲ့သူ တစ်ပုံကြီးှရှိတယ်တာပဲ။ ‌နောက်ပြီး ကျုံခဝန်‌ကျေးရွာအုပ်စုဆိုတာ လက်ရှိ ကရင်ပြည်နယ်လွှတ် ‌တော် ဥက္ကဋ္ဌ ဦး‌စော‌အောင်‌ကျော်မင်းကလည်း ဒီကျုံခဝန်ရွာမှာ‌နေတာပါ။ ဒီ‌ဒေသက သူရဲ့ ဇာတိဆိုလည်း မမှားဘူး။

‌ကေအိုင်စီ – ကျုံခဝန်‌ကျေးရွာအုပ်စုမှာ ပထမတုန်းက မဲစာရင်း လာ‌ရောက်ကပ်ခဲ့‌သေးတယ်လို့ ကြားမိတယ်။ ‌နောက်ပိုင်း ပြန်ဖြုတ်သိမ်းလိုက်တယ်။ လာ‌ရောက်ကပ်ပြီးမှ ပြန်လည်ဖြုတ်သိမ်းလိုက်တဲ့ အ‌ခြေအ‌နေကိုလည်း ရှင်းပြ‌ပေးပါလား။
မဲစာရင်းလာကပ်တဲ့ အ‌ခြေအ‌နေက ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး စာ‌ရေး‌ပြောတာက ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က‌နေပြီး ‌တော့ အကြိုမဲစာရင်းဆိုပြီး‌တော့ ကပ်ခိုင်းတာ‌ပေါ့။ ကပ်ခိုင်း‌တော့ အုပ်ချုပ်‌ရေးမှူးရုံးမှာ ‌သေ‌သေချာချာပဲ ကပ်‌ပေးတယ်။ ကပ် ပြီးလို့မကြာခင်မှာပဲ ပြန်ရုတ်သိမ်းခိုင်း‌တော့ စာ‌ရေးကိုယ်တိုင်ပဲ ပြန်လိုက်ရုတ်သိမ်းရတာ‌ပေါ့။ ဒါ‌ပေမဲ့ ‌နောက်ပိုင်း ‌ရွေး‌ကောက် ပွဲ‌ကော်မရှင်နဲ့ ဘယ်လိုပြန်ဆက်လုပ်လည်း‌တော့ မသိဘူး။

‌ကေအိုင်စီ – ဒီ‌ဒေသ‌တွေမှာရှိတဲ့ ‌ဒေသခံလူထု‌တွေက‌ကော ‌ရွေး‌ကောက်ပွဲအ‌ပေါ် စိတ်ဝင်စားမှု ရှိသလား။
အ‌ခြေခံအားဖြင့် ဒီမှာက ‌တောင်သူလယ်သမား‌တွေပဲ များ‌တော့ အ‌ခြေခံပညာ‌တွေကလည်း နည်းတယ်။ ‌နောက်ပြီး ‌ရွေး‌ကောက်ပွဲနဲ့လည်း တခါမှ မဆုံဖူးဘူး။ ဆိုလိုတာက ၂၀၁ဝတုန်းက လုံခြုံ‌ရေးအရ ‌ရွေး‌ကောက်ပွဲမလုပ်နိုင်ဘူးဆို‌တော့ ‌ရွေး ‌ကောက်ပွဲအ‌တွေ့အကြုံ မရှိဘူး။ ဒါ‌ပေမဲ့ ဒီမှာရှိတဲ့ ‌ဒေသခံ သုံးပုံတစ်ပုံ‌လောက်က‌တော့ အ‌ခြေခံပညာတတ်ပြီး ‌ရွေး‌ကောက်ပွဲအ ‌ပေါ်‌တော့ စိတ်ဝင်စားကြပါတယ်။ တချို့ဆိုလည်း သတင်း‌တွေနား‌ထောင်တာ၊ ဖတ်တာရှိ‌တော့ ‌ရွေး‌ကောက်ပွဲအ‌ပေါ်‌တော့ စိတ် ဝင်စားကြပါတယ်။ ‌ဒေသခံအများစုကလည်း နိုင်ငံသားအခွင့်အ‌ရေးအရ မဲထည့်ချင်ကြတာ‌ပေါ့။

‌ကေအိုင်စီ – လုံခြုံ‌ရေးအ‌ကြောင်းပြချက်နဲ့ မဲရုံမဖွင့်နိုင်‌ပေမဲ့ သန်း‌ခေါင်စာရင်း‌တော့ လာ‌ကောက်သွားတယ်။ အဲ့ဒီအ‌ခြေအ‌နေ ‌လေးကိုလည်း ‌ပြောပြ‌ပေးပါအုံး။
ကျ‌နော်တို့‌ဒေသမှာ ၂၀၁၄ခုနှစ်တုန်းကလည်း သန်း‌ခေါင်စာရင်း လာ‌ကောက်ခဲ့‌သေးတာပဲ။ အဲ့ဒီတုန်းက ဘာမှဖြစ်ခဲ့ တာ မဟုတ်ပါဘူး။ အဲ့ဒီတုန်းကဆိုရင် လဝက ဝန်ကြီးဦးခင်ရီတို့၊ ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ‌စော‌ရွှေ‌မောင်းတို့ အဲ့မှာ ပြည်နယ်လွှတ်‌တော်ဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ဦး‌စောမြဝင်းတို့ပါတယ်။ ရွာထဲမှာ သန်း‌ခေါင်စာရင်းလုပ်တာ‌တွေ လိုက်ကြည့်ရှုတယ်။

‌ကေအိုင်စီ – မဲရုံဖွင့်လှစ်‌ပေးနိုင်‌အောင် လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း‌တွေ(ဒါမှမဟုတ်) ‌ဒေသခံအာဏာပိုင်‌တွေက မဲရုံဖွင့် လှစ်‌ပေးဖို့ တစ်စုံတစ်ရာ ‌တောင်းဆိုတင်ပြ‌ပေးတာမျိုး မရှိဘူးလား။
အဲ့ဒါမျိုးက‌တော့ မကြားမိပါဘူး။ ဘာဖြစ်လဲဆို‌တော့ မဲရုံမဖွင့်လှစ်နိုင်ဘူးဆိုတာကလည်း ‌ဒေသခံရွာသူရွာသား‌တွေက သိ‌နေပါတယ်။ မဲရုံဖွင့်လှစ်‌ပေးဖို့ ဘယ်သူ‌တွေ‌ပြော‌ပေးတာလဲဆိုတာ‌တော့ မသိဘူး။ ကျ‌နော်တို့ ‌ကျေးရွာသားအဆင့်နဲ့ သွား ‌ပြော‌ပေးဖို့ဆိုတာကလည်း မလွယ်ဘူး‌လေ။ တကယ်‌တော့ မဲရုံဖွင့်‌ပေးတာ၊ မ‌ပေးတာက သက်ဆိုင်ရာလူကြီး‌တွေ လုပ်ရမဲ့ကိစ္စပဲ ‌လေ။ မဲရုံဖွင့်လှစ်နိုင်‌အောင် သူတို့ ‌ပြော‌ပေးဆို‌ပေးရမယ်။

‌ကေအိုင်စီ – ကျုံခဝန်‌ကျေးရွာအုပ်စုထဲမှာ ရွာဘယ်နှစ်ရွာ‌လောက်ရှိမလဲ။ အိမ်‌ခြေနဲ့‌ရော၊ လူဦး‌ရေ‌ရော ဘယ်‌လောက်ရှိမလဲ။
ကျ‌နော်တို့‌ကျေးရွာအုပ်စုမှာ ရွာ (၅)ရွာရှိတယ်။ ကျုံခဝန်၊ မြိုင်ကုန်း၊ ဝင်း‌ထောင်း၊ နန်းကွီ၊ ဆိတ်ဖူးကုန်း‌တွေဖြစ်တယ်။ အိမ်‌ခြေအားဖြင့်‌တော့ ကျုံခဝန်မှာဆိုရင် (၄၀၀)‌ကျော်ရှိတယ်။ ကျန်တဲ့ရွာ‌လေးရွာက တစ်ရွာကို (၁၀၀)‌ကျော်ရှိတယ်။ ဘယ်လိုပဲ ‌ပြော‌ပြော အကုန်လုံးဆိုရင် အိမ်‌ခြေ‌ပေါင်း တစ်‌ထောင်နီးပါးရှိတာ‌ပေါ့။ အသက် ၁၈နှစ်ပြည့်ပြီး ‌ကျော်တဲ့သူ‌တွေ ကျုံခဝန်မှာဆို ရင် (၂၀၀၀)‌ကျော်ရှိတယ်။ ‌ကျေးရွာအုပ်စုလိုက်ဆိုရင်‌တော့ ‌သေချာတာက မဲ‌ပေးနိုင်တဲ့သူ တစ်‌သောင်းနီးပါး‌လောက်ရှိမယ်။

‌ကေအိုင်စီ – အ‌ခြေအ‌နေ အရပ်ရပ်အားလုံးအ‌ပေါ်မှာ အ‌ခြေခံပြီး‌တော့ ဒီ ၂၀၁၅‌ရွေး‌ကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှုရှိမရှိ ကို သုံးသပ်‌ပေးပါ။
တရားမျှတပြီး လွတ်လပ်မှုရှိမရှိ ဆိုတာက‌တော့ ဒီ‌ရွေး‌ကောက်ပွဲလာတဲ့အခါကျ‌တော့ ကျ‌နော်တို့ကြည့်ကြမှာ‌ပေါ့။ အထူးသဖြင့် အခုဆိုရင် သူတို့က ပွင့်လင်းမြင်သာမှုရှိ‌အောင်လည်း လုပ်ဖို့ကြိုးစား‌နေတယ်။ ‌စောင့်ကြည့်‌လေ့လာအဖွဲ့‌တွေက လည်း ရှိလာမယ်။ ၂၀၁ဝခုနှစ်တုန်းကလည်း တရားမျှတမှုမရှိဘူးလို့လည်း ‌ပြောကြတယ်။ အခု လာမဲ့‌ရွေး‌ကောက်ပွဲကိုလည်း ကျ‌နော်တို့ ‌စောင့်ကြည့်ရုံပဲရှိတာ‌ပေါ့‌နော်။ ကိုယ် ကိုယ်တိုင်ကလည်း ‌ရွေး‌ကောက်ပွဲနဲ့ တခါမှမကြုံဖူးဘူး‌လေ။ တရားမျှတမှု ရှိတာမရှိတာ‌တော့ မ‌ပြောတတ်‌သေး‌ပေမဲ့ အခု ကျ‌နော်တို့ဆိုရင် ကျ‌နော်တို့တိုင်းရင်းသား အခွင့်အ‌ရေး‌တွေ ဆုံးရှုံးတာ‌ပေါ့။ ကရင်ပြည်နယ်မှာ တိုင်းရင်းသားပါတီ‌တွေလည်း ရှိတယ်။ ကျ‌နော်တို့ ကရင်ပါတီ‌တွေကလည်း ရှိ‌သေးတယ်‌လေ။ ကရင်အမျိုး သား‌တွေအ‌နေနဲ့ ကရင်ပါတီကို မဲထည့်ချင်တဲ့သူ‌တွေလည်း ရှိတာပဲ။ နိုင်ငံသားတစ်‌ယောက်အ‌နေနဲ့ အများကြီးကို အခွင့်အ‌ရေး ဆုံးရှုံးတာ‌ပေါ့။