Home သတင်း ၂၀၁၅ခုနှစ် ‌ရွေး‌ကောက်ပွဲတွင် အ‌ရေးနိမ့်ခဲ့‌သော မြဝတီမြို့အ‌ခြေစိုက် နိုင်ငံ‌ရေးပါတီကိုယ်စားလှယ်‌လောင်းအချို့၏ ‌ပြောစကားများ

၂၀၁၅ခုနှစ် ‌ရွေး‌ကောက်ပွဲတွင် အ‌ရေးနိမ့်ခဲ့‌သော မြဝတီမြို့အ‌ခြေစိုက် နိုင်ငံ‌ရေးပါတီကိုယ်စားလှယ်‌လောင်းအချို့၏ ‌ပြောစကားများ

1817

SAW TUN WAI

‌စောထွန်း‌ဝေ (ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း – ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ)

မြဝတီမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)

(ကရင်ပါတီ)တစ်ပါတီမှ မနိုင်ဘူးဆိုတာက ပါတီ‌တွေက ‌လေးပါတီကွဲသွားတဲ့ အပိုင်းလည်း ပါတယ်။ ‌နောက်တစ်ချက် က‌တော့ ကရင်လူထု‌တွေကလည်းပဲ မဲထည့်ရမယ့် အသိနည်းတယ်။ အမှန်က ‌ကော်မရှင်က ဘယ်လိုမဲထည့်မလဲ လိုက်ပြတာ မရှိဘူး။ ကျ‌နော်တို့ပါတီအ‌နေနဲ့လည်း နဂိုကတည်းက ရံပုံ‌ငွေက နည်းတယ်ဆို‌တော့ လိုက်ပြတာ အားနည်းတယ်။ ‌အောက်‌ခြေ မှာဆင်း‌တော့ ‌ဟော‌ပြောမှု‌လောက်ပဲ ရှိတယ်။ ကရင်လူ ထု‌တွေက မဲထည့်ကိစ္စမှာ မကျွမ်းကျင်တာလည်း ပါတယ်။ ‌နောက်တစ် ခုက‌တော့ မဲထည့်ပိုင်ခွင့်မရဘူး။ ပထမအကြိမ် မဲစာရင်း‌ကြေညာ‌တော့ မပါတာအများကြီးရှိတယ်။ ကရင်လူထုကလည်း စိတ် ဝင်စားမှုမရှိ‌တော့ ကျ‌နော်တို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့‌သော်လည်း ထိ‌ရောက်မှု မရှိဘူး။ ဒုတိယအကြိမ် မဲ‌ကြေညာ‌တော့ အက္ခ ရာအစဉ်လိုက် ဖြစ်ပြန်‌ရော၊ ကရင်‌တွေက‌တော့ မဲစာရင်းလာကြည့်ကြတာ ကိုယ့်နာမည်လည်းမပါဘူးဆို‌တော့ မထူးဘူးဆိုပြီး ပြန်သွားကြသူ‌တွေ အများကြီးရှိတယ်။ ကျ‌နော်တို့ပါတီအ‌နေနဲ့လည်း အကုန်လုံး လိုက်မလုပ်နိုင်ဘူး‌လေ။ တတိယအကြိမ် ‌ကြေ ညာပြန်‌တော့လည်းပဲ တစ်ခါ မိသားစုလိုက် လာပြန်‌ရော။ ဒီလိုတူညီမှုမရှိဘဲ ရှာ‌ဖွေရတဲ့ အခက်အခဲ‌ကြောင့် ကျ‌နော်တို့ မဲအရ နည်းတာဖြစ်တယ်။

ဘယ်လိုပဲဖြစ်ဖြစ်‌ပေါ့‌လေ။ အဲန်အယ်လ်ဒီမှာ ပါလာတဲ့ကရင်‌တွေကလည်းပဲ ကရင်အမျိုးသားစိတ်ဓာတ် ရှိလားမရှိလား၊ ကရင်အတွက် အလုပ်လုပ်လား၊ မလုပ်လားဆိုတာ ကျ‌နော်တို့လည်း မှန်းလို့မရဘူး။ သို့‌သော် ကျ‌နော်တို့က‌တော့ လွှတ်‌တော် ကိုယ်စားလှယ်မှာ မပါ‌ပေမယ့်လို့ ပါတီအ‌နေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျ‌နော်တို့ ကရင်အမျိုးသား‌တွေကို စည်းရုံးပြီး‌တော့ လိုအပ် ချက်‌တွေကို တင်ပြမယ်။ အဲန်အယ်လ်ဒီက ကရင်အမျိုးသား‌တွေကို အခွင့်အ‌ရေး‌ပေးမယ်။ လက်တွဲမယ်ဆိုရင်‌တော့ ကရင်အမျိုး သားအတွက်၊ လူသားများအတွက်ကို ‌ဖော်‌ဆောင်နိုင်မှာဖြစ်တယ်။ သို့‌သော်လည်း ထိ‌ရောက်မှု‌တော့ သိပ်မရှိဘူး‌ပေါ့။ ကျ‌နော်တို့ တိုင်းရင်းသားပါတီ‌တွေကို ဘယ်လိုဆက်သွယ်လာမယ်။ ဆက်ဆံလာမယ်ဆိုတာကို‌တော့ ကျ‌နော်တို့ ဒါပဲ ကြည့်ရမှာ‌ပေါ့။

SAW EH WAH (USDP)

‌စောအယ်ဝါး (မြဝတီမြို့နယ်၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း – ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံဖြိုးတိုးတက်‌ရေးပါတီ)

‌ပြောရမယ်ဆိုရင်‌တော့ (ဒီ‌ရွေး‌ကောက်ပွဲ)က လွတ်လပ်ပါတယ်။ တချို့က‌တော့ မဲစာရင်းထဲမှာ မပါတာတို့ မဲမထည့် လိုက်ရတဲ့ ပြည်သူတစ်‌ယောက်ရဲ့ အခွင့်အ‌ရေးဆုံးရှုံးသွားတာမျိုး ရှိတာ‌ပေါ့‌နော်။ သို့‌သော်လည်း အများနဲ့ဆို‌တော့ ဘယ်တတ် နိုင်မလဲ။ တကယ်တမ်းကျ‌တော့လည်း ‌ရွေး‌ကောက်ပွဲမှာ နိုင်ချင်လို့ ယှဉ်ပြိုင်‌နေတာဖြစ်တယ်။ နိုင်ရင်‌တော့ ‌ပျော်တာ‌ပေါ့။ မနိုင် ရင်လည်း ကျ‌နော်တို့က‌တော့ သိပ်ပြီးမဖြစ်ပါဘူး။ ဘာ‌ကြောင့်လဲဆို‌တော့ ကျ‌နော်တို့မြို့ရွာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို လုပ်‌ပေး နိုင်တဲ့ ‌ခေါင်း‌ဆောင်‌ကောင်းတစ်‌ယောက် ထွက်လာလို့ ကျ‌နော်တို့က‌တော့ ဂုဏ်ယူပါတယ်။ ကျ‌နော်နဲ့ပြိုင်ရတဲ့အထဲမှာ‌တော့ ကျ‌နော်‌လေးစားခဲ့ရတဲ့ ပြိုင်ဘက်ကြီးတစ်‌ယောက်ဆိုတာ အရင်ကလည်း သိခဲ့ပါတယ်။ ၉ဝ (၁၉၉၀‌ရွေး‌ကောက်ပွဲ)တုန်းက လည်း ကျ‌နော်တို့က မဲ‌ပေးသူ။ အခုကျ‌တော့ ကျ‌နော်တို့က လာပြီး‌တော့ ‌တွေ့ဆုံရတာပါ။ မနိုင်ခဲ့ဘူးဆိုလည်း ကျ‌နော်က‌တော့ ဂုဏ်ယူပါတယ်။

ကျ‌နော်တို့ ရှုံးတယ်ဆိုတာက‌တော့ ကျ‌နော်တို့ရဲ့ လိုအပ်ချက်‌ကြောင့် ရှုံးတယ်လို့ပဲ သတ်မှတ်ပါတယ်။ ကျ‌နော်တို့မှာ လို‌သေး တယ်။ ပြည်သူအတွက် အလုပ်အ‌ကျွေးပြုဖို့ လို‌သေးတယ်လို့ပဲ သတ်မှတ်တဲ့အတွက်‌ကြောင့်မို့လို့ ရှုံးသွားလည်းပဲ ကျ‌နော်တို့က ‌တော့ ကိုယ့်ပြည်သူအတွက်ကို ဆက်ပြီး‌တော့ လုပ်‌ပေးသွားမှာပါ။

U SOE NAUNG

ဦးစိုး‌နောင် (ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း – ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ)

မြဝတီမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)

ကျ‌နော်တို့နိုင်ငံရဲ့ နိုင်ငံ‌ရေးသမိုင်း‌ကြောင်းမှာ ကျ‌နော်တို့နိုင်ငံက တစ်ပါတီစနစ်က‌နေပြီး‌တော့ ၁၉၈၈ခုနှစ်မှာ လူထုအုံ ကြွမှုဖြစ်‌တော့ အဲဒီထဲက အစိုင်အခဲ‌တွေဟာ ကျ‌နော်တို့ က‌နေ့ ‌ရွေး‌ကောက်ပွဲမတိုင်ခင် ကာလအထိဟာ လူ‌တွေက တ‌နွေး‌နွေး ဖြစ်တယ်။ အဲဒီရဲ့ အဖုအထစ်‌တွေ‌ပေါ့။ တကယ်တမ်း ကုစား‌ပေးနိုင်တဲ့ ပုဂ္ဂိုလ်ဟာ ပြည်သူ‌တွေရဲ့ အမြင်မှာ‌တော့ ‌ဒေါ်‌အောင် ဆန်းစုကြည်ပဲ ဖြစ်တယ်။ မြင်‌တော့ ကျ‌နော်တို့ ‌ရွေး‌ကောက်ပွဲကာလကျ‌တော့ လူ‌တွေက နိုင်ငံတခုပြုပြင်‌ပြောင်းလဲ‌တော့မယ် ဆိုတဲ့‌နေရာမှာ ပြုပြင်‌ပြောင်းလဲမှု လုပ်‌ဆောင်နိုင်တဲ့ပါတီဟာ တည့်တည့်‌ပြောရင် အဲန်အယ်လ်ဒီပါတီ‌ပေါ့။ ပုဂ္ဂိုလ်‌တွေ မကြည့် ကြ‌တော့ဘူး။ ပါတီတစ်ခုတည်းကို မျက်စိမှိတ်ကြည့်ပြီး‌တော့ မဲ‌ပေးကြတယ်။ အဲလို မဲ‌ပေးကြ‌တော့ ကျ‌နော်တို့ တိုင်းရင်းသား ပါတီနဲ့ အခြားပါတီ‌တွေက အနီ‌ရောင်စူနာမီလို့ ‌ပြောရမှာ‌ပေါ့ဗျာ။ ပါတီအားလုံး ကျဆုံးခဲ့ရတယ်။

အခု ၂၀၁၅‌ရွေး‌ကောက်ပွဲမှာ ကျ‌နော်တို့ကရင်ပါတီ‌တွေ တစ်ပါတီမှ အနိုင်မရခဲ့ဘူး။ ပြည်သူ‌တွေအတွက်ပဲဖြစ်ဖြစ်၊ ကရင်တိုင်းရင်းသား‌တွေရဲ့ အ‌ရေးပဲဖြစ်ဖြစ်၊ ‌ရှေ့က‌နေပြီး‌တော့ မားမားမတ်မတ်နဲ့ လိုအပ်ချက်‌တွေကို ရဲရဲဝံ့ဝံ့ တင်ပြ‌တောင်းဆို မယ့် ကိုယ်စားလှယ်‌လောင်း‌တွေ တစ်‌ယောက်မှ အ‌ရွေးမခံရတဲ့အတွက် ကျ‌နော်တို့ ပြည်သူ‌တွေရဲ့ အနာဂတ်အတွက် ကျ‌နော် တို့လူမျိုး၊ ပြည်နယ် ဖန်တီးပိုင်ခွင့်ဆုံးရှုံးမှာကိုလည်း ကျ‌နော်တို့ ‌ကြောက်ပါတယ်။ ဒီအတွက် ကျ‌နော်တို့ဟာ အ‌ကောင်းဆုံးဖြစ် ‌အောင် အပြုသ‌ဘော‌ဆောင်တဲ့ ပူး‌ပေါင်း‌ဆောင်ရွက်မှုကို သူတို့(အဲန်အယ်လ်ဒီ)က လက်ခံရမှာဖြစ်တယ်။ ဘယ်လို‌တွေ ပြုပြင် သင့်လဲ။ ဘယ်လို‌တွေလုပ်သင့်လဲ၊ ဘယ်လို‌တွေ ပူး‌ပေါင်းသင့်လဲဆိုတာက‌တော့ ကရင်ပြည်နယ်မှာရှိတဲ့ ကရင်ပါတီ‌တွေအား လုံး ‌ခေါင်းချင်းဆိုင်ပြီး‌တော့ ညှိနှိုင်းအ‌ဖြေရှာကြရင်‌တော့ အ‌ကောင်းဆုံးအ‌ဖြေတစ်ခု ရလိမ့်မယ်လို့ ကျ‌နော်မြင်ပါတယ်။

ကျ‌နော်တို့လည်း ‌ဒေသရဲ့ လိုအပ်ချက်ကို တင်ပြပါ့မယ်။ ညှိနှိုင်းပါ့မယ်။ ‌ဆွေး‌နွေးပါ့မယ်။ အ‌ဖြေရှာပါ့မယ်။ ‌တောင်း စရာရှိရင်လည်း ကျ‌နော်တို့က ‌တောင်းမယ်။ ထိပ်တိုက်‌ပြောစရာရှိလည်း ကျ‌နော်လည်း ‌ပြောရမှာဖြစ်တယ်။ ဒါမှပဲ ဒီမိုက ‌ရေစီရဲ့ အနှစ်သာရကို ပြည့်ပြည့်ဝဝ ‌ဖော်‌ဆောင်နိုင်မှာဖြစ်တယ်။ အဓိက က‌တော့ မဖွံ့ဖြိုး‌သေးတဲ့‌ဒေသ‌တွေ၊ ပြည်နယ်မှာ ရှိ‌ေ ကြတဲ့ တိုင်းရင်းသားပြည်သူ‌တွေ မြို့နဲ့ ‌တောနဲ့ ဖွံ့ဖြိုးမှု တစ်ထပ်တည်းကျ‌အောင် လမ်းပန်းဆက်သွယ်‌ရေးအစ ကျန်းမာ‌ရေးအဆုံး၊ ပညာ‌ရေး လိုအပ်ချက်အားလုံးကို‌တော့ အပြုသ‌ဘော‌ဆောင်‌သော တိုက်တွန်းမှု၊ တင်ပြချက်‌တွေနဲ့ ကျ‌နော်တို့ ဆက်လက်ပြီး ‌တော့ ပြည်သူရဲ့အကျိုး၊ ‌ဒေသရဲ့အကျိုးကို တတ်နိုင်ဘက်က လုပ်‌ဆောင်သွားမှာ ဖြစ်ပါတယ်။