Home သတင်း မြဝတီ၌ ဗမာတိုင်းရင်းသား‌ရေးရာအတွက် ‌သောင်းနှင့်ချီ မဲထည့်ခွင့် ဆုံးရှုံးဟု NDF ‌ပြောဆို

မြဝတီ၌ ဗမာတိုင်းရင်းသား‌ရေးရာအတွက် ‌သောင်းနှင့်ချီ မဲထည့်ခွင့် ဆုံးရှုံးဟု NDF ‌ပြောဆို

1492

နိုဝင်ဘာ ၈ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဗမာတိုင်းရင်းသားကိုယ်စားလှယ်‌လောင်းအတွက် မဲဆန္ဒရှင် ‌သောင်းနှင့်ချီ၍ မဲထည့်ခွင့် ဆုံးရှုံးခဲ့ရ သည်ဟု ကရင်ပြည်နယ်၊ အမျိုးသားဒီမိုက‌ရေစီအင်အားစု-NDF ပါတီ‌ခေါင်း‌ဆောင် ကရင်ပြည်နယ် ဗမာတိုင်းရင်းသား‌ရေးရာ ကိုယ်စားလှယ်‌လောင်း ဦး‌အောင်ဝင်းလှိုင် (ခ) ဦးအညာသားက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဘယ်လိုသိရလဲဆို‌တော့ သူတို့ (‌ကော်မရှင်)ဆီမှာ ‌နောက်ဆုံးတင်ခဲ့တဲ့ ၃(က) ၁‌သောင်း ၄‌ထောင်ဝန်းကျင်မှာ တိုင်းရင်း သားမဲတစ်မဲမှ မထည့်ရဘူးဆိုတာ သိလိုက်ရတယ်။ အဲဒီ တစ်‌သောင်း‌လေး‌ထောင်ဝန်းကျင်ဟာ ထပ်ဖြည့်လိုက်တဲ့ ပုံစံ ၃ရဲ့ ၉ဝရာခိုင်နှုန်းသည် ‌အောက်‌ခြေမှာ လုပ်ကိုင်စား‌သောက်တဲ့ မိသားစု‌တွေပဲ။ အဲဒီလူ‌တွေ အားလုံးသည် ဗမာမဲကို လုံးဝ ထည့်လို့ မရဘူး”ဟု ဆိုသည်။

ယခုကိစ္စအ‌ပေါ် မြဝတီမြို့နယ် မဲ‌ကော်မရှင်ထံသို့ သွား‌ရောက်တင်ပြခဲ့‌သော်လည်း တာဝန်ယူ ‌ဖြေရှင်း‌ပေးမည့်သူမရှိဘဲ ကွန်ပျူ တာ ‌ဆော့ဖ်ဝဲ မှားယွင်းမှု‌ကြောင့်သာဖြစ်သည်ဟု အ‌ကြောင်းပြ‌ပြောဆိုခဲ့သဖြင့် ယခုကိစ္စကို ဥပ‌ဒေအတိုင်း လုပ်‌ဆောင်သင့် သည်များကို ဆက်လက် လုပ်‌ဆောင်သွားရမည်ဟု ဦး‌အောင်ဝင်းလှိုင်က ဖြည့်စွက်‌ပြောဆိုသည်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်တွင် ဗမာတိုင်းရင်းသား‌ရေးရာအတွက် မဲဆန္ဒရှင် ၃၉,၈၁၄ဦးရှိသည့်အနက် တစ်‌သောင်း‌ကျော်က မဲ‌ပေးခွင့်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်ဟု NDF ပါတီက ‌ပြောသည်။

မြဝတီမြို့၊ အမှတ် ၄ရပ်ကွက်တွင် ‌နေထိုင်သူ ဗမာတိုင်းရင်းသား ဦး‌အောင်ထွန်းက “ကျ‌နော်က အမျိုးသားလွှတ်‌တော်၊ ပြည်သူ့ လွှတ်‌တော်၊ ပြည်နယ်လွှတ်‌တော်၊ ဗမာတိုင်းရင်းသားဝန်ကြီးအတွက် အားလုံး‌ပေးခဲ့ရ‌ပေမယ့် ကျ‌နော့်မိန်းမနဲ့ က‌လေး‌တွေက တစ်‌ယောက်မှ ဗမာမဲကို ထည့်ခွင့်မရဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြဝတီမြို့‌ပေါ်ရှိ မဲရုံများ၌ ယ‌နေ့ နံနက် ၆နာရီတွင် စတင်ကျင်းပသည့် မဲ‌ပေးရန် သတ်မှတ်ထားသည့်အချိန်ထိ မဲရုံသို့ ကြိုတင်မဲပုံး များ အချိန်မှီ မ‌ရောက်ရှိခြင်း၊ မဲထည့်ရန် သက်‌သေခံကဒ်ပြားရှိ‌သော်လည်း မဲဆန္ဒရှင်အမည် မှားယွင်းမှု‌ကြောင့် တစ်မိသားစုလုံး မဲထည့်ခွင့်မရခဲ့သူများလည်း ရှိသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မဲရုံ‌ပေါင်း ၅၁ရုံရှိရှိ မဲဆန္ဒရှင်‌ပေါင်း ၈၈,၈၀၄ဦးရှိသည့်အနက် ဗမာတိုင်းရင်းသား‌ရေးရာ မဲဆန္ဒရှင် မှာ ၃၉,၁၈၄ဦးရှိသည်ဟု မြဝတီမြို့နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ရုံး၏ စာရင်းအရ သိရသည်။

အလားတူ ‌ကော့ကရိတ်မြို့နယ် လှိုင်ဝ‌ကျေးရွာဘက်မှာလည်း ဗမာတိုင်းရင်းသား‌ရေးရာအတွက် မဲထည့်ခွင့်မရသည့် မဲဆန္ဒရှင် များစွာ ရှိ‌နေသည်ဟု ၎င်း NDF ပါတီက ထပ်မံ ‌ပြောဆိုသည်။