Home သတင်း ပြည်နယ်အတွင်းရှိ ‌ရွေး‌ကောက်ပွဲဆိုင်ရာ အချက်အလက်များ မိတ်ဆက်ဖလှယ်

ပြည်နယ်အတွင်းရှိ ‌ရွေး‌ကောက်ပွဲဆိုင်ရာ အချက်အလက်များ မိတ်ဆက်ဖလှယ်

1548

နို်ဝင်ဘာလ ၇ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့-KWEG က ၎င်းတို့စုစည်းရရှိထားသည့် ပြည်နယ်အတွင်း ‌ဆောင်ရွက်မည့် ‌ရွေး‌ကောက်ပွဲဆိုင်ရာ အချက်အလက်များ ပါဝင်‌သောစာအုပ်ကို နိုင်ငံ‌ရေးပါတီများ၊ ကိုယ်စားလှယ်‌လောင်းများ နှင့် ‌စောင့်ကြည့်‌လေ့လာသွားမည့် အရပ်ဖက်အဖွဲ့အစည်းများအား မိတ်ဆက်ဖလှယ်သည့်ပွဲကို ဖားအံမြို့ရှိ HOTEL GABANA ၌ ယမန်‌နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါစာအုပ် မိတ်ဆက်ရခြင်းမှာ ‌ရွေး‌ကောက်ပွဲဖြစ်စဉ်အတွင်း ပါဝင်သွားမည့် သက်ဆိုင်ရာပါတီများ၊ ကိုယ်စားလှယ်‌လောင်း များနှင့် ‌စောင့်ကြည့်‌လေ့လာမည့် အရပ်ဖက်အဖွဲ့အစည်းများမှ ‌ရွေး‌ကောက်ပွဲဆိုင်ရာ အချက်အလက်များ သိရှိမှုအားနည်းသည့် အတွက် ရည်ရွယ်မိတ်ဆက်ရခြင်းဖြစ်သည်ဟု စာအုပ်ပြုစုသူ KWEG မှ ‌နော်အဲလစ်ဇဘက်က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌နော်အဲလစ်ဇဘက်က “‌ရွေး‌ကောက်ပွဲနည်းဥပ‌ဒေအရ ပြဌာန်းထားတဲ့ ကျမတို့ ‌စောင့်ကြည့်လို့ရတဲ့ အချက်အလက်‌တွေရှိတယ်။ ဒါ‌ပေမဲ့ ဘယ်ပါတီ ဘယ်ကိုယ်စားလှယ်‌လောင်းက နည်းဥပ‌ဒေနဲ့ ကိုက်ညီမှုမရှိဘဲ ဘယ်လို မဲဆွယ်စည်းရုံးသလဲ။ လွဲ‌ချော်မှု‌တွေ ရှိတာ‌တောင်မှ ဘာမှထုတ်‌ဖေါ်‌ပြောခွင့်မရှိဘူး။ မဲစာရင်းမှားယွင်းမှု‌တွေ ‌ရွေး‌ကောက်ပွဲဖြစ်စဉ်နဲ့ ကိုက်ညီမှုမရှိဘဲ လွဲ‌ချော်မှု‌တွေကို ထုတ်ပြန်နိုင်ခွင့်မရှိဘူး။ မှတ်တမ်း‌လောက်ပဲ ပြုစုခွင့်ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်း ‌ရွေး‌ကောက်ပွဲဖြစ်စဉ်တစ်ခုလုံးအား ပြည်တွင်း ‌စောင့်ကြည့်‌လေ့လာ‌နေသည့် အရပ်ဖက်အဖွဲ့ အစည်း-CSO (၉)ဖွဲ့ရှိပြီး အဆိုပါအဖွဲ့များမှ ‌စောင့်ကြည့်‌လေ့လာ‌တွေ့ရှိခဲ့သည့် ‌ရွေး‌ကောက်ပွဲအကြိုကာလ ဖြစ်စဉ်များအား တရားဝင် ထုတ်ပြန်ခွင့်မရှိဘဲ မှတ်တမ်းပြုစုခွင့်သာ ရရှိခဲ့သည်ဟုလည်း မိတ်ဆက်ပွဲ တက်‌ရောက်လာသည့် ‌စောင့်ကြည့်‌လေ့ လာသူများထံမှ သိရသည်။

ယင်းကိစ္စအ‌ပေါ် ကရင်ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်သို့ ‌ကေအိုင်စီက ကြိုးစားဆက်သွယ်ခဲ့‌သော်လည်း ပြန်လည်‌ဖြေကြားမှု အခက်အခဲ ရှိခဲ့သည်။

ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ ပြည်တွင်း‌ရွေး‌ကောက်ပွဲ ‌စောင့်ကြည့်‌လေ့လာသူများ ကျင့်ဝတ်များအရ ‌စောင့်ကြည့် ‌လေ့လာသူများအ‌နေဖြင့် မဲ‌ပေးခြင်း၊ မဲ‌ရေတွက်ခြင်း၊ မဲရလဒ်များထုတ်ပြန်ခြင်းတို့နှင့်ပတ်သက်ပြီး ဝင်‌ရောက်စွက်ဖက်ခွင့်မရှိဘဲ ‌ရွေး‌ကောက်ပွဲဖြစ်စဉ်တစ်‌လျှောက်လုံးမှ ရရှိသည့် သတင်းအချက်အလက်များကို ‌ရွေး‌ကောက်ပွဲအပြီး ရက် ၆ဝကာလအတွင်း ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံသို့ အစီရင်ခံတင်ပြပြီးမှ ထုတ်ပြန်သွားရမည်ဖြစ်‌ကြောင်း သိရသည်။

၎င်း‌ရွေး‌ကောက်ပွဲ အချက်အလက်များ စာအုပ်၌ ကရင်ပြည်နယ်အတွင်း မြို့နယ်အလိုက် မဲရုံပြ‌မြေပုံများ၊ ပါဝင်ယှဉ်ပြိုင်မည့်နိုင်ငံ ‌ရေးပါတီများ၊ ‌စောင့်ကြည့်မည့် CSO အဖွဲ့များ၊ မြို့နယ်အလိုက်မဲဆန္ဒနယ် အ‌ရေအတွက်နှင့် မဲရုံအ‌ရေအတွက်၊ မဲရုံတည်‌နေရာ များ၊ ဆက်သွယ်နိုင်မည့် ပါတီတာဝန်ခံ ဖုန်းနံပါတ်များ၊ ပြည်နယ်ခရို်င်မြို့နယ် ‌ကော်မရှင်ဖုန်းနံပါတ်များ၊ ကိုယ်စားလှယ်‌လောင်း များ၏ ကိုယ်‌ရေးအကျဉ်းနှင့် မဲရုံလုံခြုံ‌ရေးတာဝန်ကျအရာရှိများ၏ အမည်နှင့် ဖုန်းနံပါတ်များ ပါဝင်သည်။