Home တွေ့ဆုံမေးမြန်းခန်း ‌ရွေး‌ကောက်ပွဲလုံခြုံ‌ရေး တာဝန်ယူသွားရမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကရင်ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဦးထွန်းဦးနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

‌ရွေး‌ကောက်ပွဲလုံခြုံ‌ရေး တာဝန်ယူသွားရမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ကရင်ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဦးထွန်းဦးနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

2154

“လူထုအုံကြွမှုအဆင့်ထိ ဖြစ်လာရင်‌တော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ခွဲက‌နေပြီး‌တော့ သူတို့ လုပ်ထုံးလုပ်နည်းအတိုင်း ‌ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

‌မေး – ‌ရွေး‌ကောက်ပွဲအတွက် ကရင်တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ အထူးရဲတပ်ဖွဲ့‌တွေထားမယ်ဆို‌တော့ တစ်မြို့နယ်ချင်းစီမှာ ဘယ်နှစ်ဦးစီ တာဝန်‌ပေးသွားဖို့ရှိပါသလဲ။ ဒီအတွက် ဘယ်လိုပြင်ဆင်ထားပါသလဲ။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မဲရုံတစ်ရုံကို အထူးရဲတစ်‌ယောက်စီ ခန့်အပ်ထားပြီးဖြစ်တယ်။ ကျ‌နော်တို့ ကရင် တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ဆိုရင် မဲရုံ ၆၅၆ရုံရှိ‌တော့ မြို့နယ်တစ်ခုချင်းစီအတွက် ဖားအံမြို့နယ်မှာ ၂၀၅ရုံ၊ လှိုင်းဘွဲမှာက ၁၂၂ရုံ၊ သံ‌တောင်ကြီးမှာ ၉၉ရုံ၊ ‌ကော့ကရိတ်မှာ ၅၈ရုံ၊ ကြာအင်းဆိပ်ကြီးမှာက ၅၄ရုံနဲ့ မြဝတီမှာဆိုရင်‌တော့ ၅၁ရုံ၊ စုစု‌ပေါင်း ၆၅၆ရုံအတွက် အထူးရဲ ၆၅၆‌ယောက် ခန့်အပ်တာဝန်‌ပေးပြီးဖြစ်ပါတယ်။
ပြင်ဆင်မှုအ‌နေနဲ့ အထူးရဲများကို မဲရုံနဲ့ပတ်သက်တဲ့ လုံခြုံ‌ရေးအသိ၊ မဲရုံမှာပူး‌ပေါင်း‌ဆောင်ရွက်ရမဲ့ အဖွဲ့အစည်း၊ မဲရုံမှာ လုံခြုံ‌ရေးနဲ့ပတ်သက်တဲ့ မိမိနဲ့ သက်ဆိုင်တဲ့တာဝန် ပြဿနာ တစုံတရာ ဖြစ်ပွားလာရင် ချက်ချင်း သတင်းပို့နိုင်‌ရေး အ‌ရေးယူ ‌ဆောင်ရွက်ရမဲ့ အဖွဲ့အစည်းများကို ချိတ်ဆက်‌ဆောင်ရွက်ဖို့အတွက် တယ်လီဖုန်းနံပါတ်‌တွေ၊ ဆက်သွယ်‌ရေးစနစ်‌တွေကို ဦးစား ‌ပေး သင်ကြားပြီး‌တော့မှ အဆင့်ဆင့် အမိန့်နာခံ တင်ပြရမှာဖြစ်သလို မိမိတို့ရပ်ကွက်ကို ကိုယ်စားပြုတဲ့ အထူးရဲများဖြစ်တဲ့အ တွက် မဲရုံနဲ့ပတ်သက်တဲ့ သတင်း‌သော်လည်း‌ကောင်း လုံခြုံ‌ရေးနဲ့ပတ်သက်တဲ့ သတင်း‌သော်လည်း‌ကောင်း ကျ‌နော်တို့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကို တိုက်ရိုက် ဆက်သွယ်နိုင်ဖို့အတွက် အနီးကပ် ကွပ်ကဲအုပ်ချုပ်တဲ့ နယ်‌မြေရဲစခန်းအပြင် ဆင့်ကဲဆင့်ကဲမြို့နယ် မှူး၊ ခရို်င်မှူးအထိ တို်က်ရိုက်ဖုန်းနံပါတ်ကိုလည်း ‌ပေးထားပါတယ်။ ဒီအဖွဲ့‌တွေရဲ့ အထူးတာဝန်က‌တော့ မဲ‌ရွေးချယ်ပွဲကြီး ‌အောင် ‌အောင်မြင်မြင်နဲ့ အန္တရာယ်ကင်းကင်း၊ လုံလုံခြုံခြုံနဲ့ ပြီးဆုံးသွားဖို့ဖြစ်ပါတယ်။

‌မေး – ရဲမှူးကြီးတို့အ‌နေနဲ့ အခြားဘယ်အဖွဲ့အစည်း‌တွေနဲ့‌ကော ဒီလုံခြုံ‌ရေးကိစ္စရပ်‌တွေကို ပူး‌ပေါင်း‌ဆောင်ရွက်သွားဖို့ရှိလဲ။
အဓိကအားဖြင့်‌တော့ မဲရုံဝန်ထမ်း‌တွေဖြစ်တယ်။ မဲရုံဝန်ထမ်း‌တွေက‌နေပြီး‌တော့ ဖွဲ့စည်းခန့်အပ်တာဝန်‌ပေးထားခြင်း ခံထားရတဲ့ သူတို့ရဲ့ရပ်ရွာလုံခြုံ‌ရေး စီမံခန့်ခွဲမှု‌ကော်မတီ‌တွေ ‌နောက်ပြီး‌တော့ ဆင့်ကဲဆင့်ကဲ‌သော မြို့နယ်လုံခြုံ‌ရေး စီမံခန့်ခွဲမှု ‌ကော်မတီ‌တွေ၊ ခရိုင်လုံခြုံ‌ရေးစီမံခန့်ခွဲမှု‌ကော်မတီဆိုပြီး ဒီ‌ကော်မတီအသီးသီးနဲ့ သူတို့က (အထူးရဲ)ချိတ်ဆက်ထားပါတယ်။ ပြဿနာတစုံတရာ ‌ပေါ်‌ပေါက်လာရင်‌တော့ အနီးဆုံး မြို့နယ်‌စေ့စပ်ညှိနှိုင်း‌ရေး‌ကော်မတီက‌နေတဆင့် ဒီ‌ကော်မတီမှာပါတဲ့ ကိုယ် စားလှယ်အသီးသီးက‌နေ ဒီပြဿနာ‌တွေကို ‌ဖြေရှင်းသွားမှာဖြစ်ပါတယ်။
ဖြစ်‌ပေါ်လာနိုင်တဲ့ ပြဿနာ‌တွေကို ကြိုတင်ကာကွယ်နိုင်‌အောင် ဖြစ်ဖြစ်ချင်း အထူးရဲ‌တွေက သတင်း‌ပေးမယ်။ သတင်း ရတာနဲ့ မြို့နယ်‌စေ့စပ်ညှိနှိုင်း‌ရေး‌ကော်မတီက အရင်ဦးစွာ ‌ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ ‌နောက်ပိတ်ဆုံး မြို့နယ်၊ ခရိုင်‌စေ့စပ်ညှိ နှိုင်း‌ရေး‌ကော်မတီမှ မရရင်‌တော့ အင်အား‌တွေသုံးရမယ်ဆိုလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လုံခြုံ‌ရေးရဲတပ်ဖွဲ့ခွဲ‌တွေ ယခင်က ‌ခေါ် တာက ရဲတပ်ရင်း‌တွေကိုလည်း လုံလုံ‌လောက်‌လောက် ဖြန့်ကျက်ပြီး‌တော့ အရန်သင့် ‌ဆောင်ရွက်‌ပေးသွားမှာ ဖြစ်ပါတယ်။ ‌နောက်ပြီး မဲရုံရဲ့လုံခြုံ‌ရေး အထူးရဲတပ်ဖွဲ့‌တွေကို ‌လေ့ကျင့်‌ပေးပြီးသားရှိသလို မ‌လေ့ကျင့်ရ‌သေး‌သော်လည်းပဲ အဖွဲ့အစည်းထဲမှာ ပါဝင်တာဝန် ထမ်း‌ဆောင်‌နေတဲ့ အရန်မီးသတ်တပ်ဖွဲ့လည်း ပါဝင်မှာဖြစ်ပါတယ်။ ပျမ်းမျှခြင်းအားဖြင့်‌တော့ မဲရုံမှာ အထူးရဲတစ်ဦး၊ အရန်မီးသတ် ၄ဦးရှိပါမယ်။

‌မေး – ကရင်ပြည်နယ်အတွင်းက မြို့နယ်တိုင်းမှာ နိုင်ငံ‌ရေးပါတီ‌တွေ မဲဆွယ်စည်းရုံး‌ရေးကာလအတွင်းမှာ ပြဿနာတစုံတရာ ကြားသိရတာမျိုး ဒါမှမဟုတ် ‌ဖြေရှင်း‌ပေးရတာမျိုးရှိမရှိ ‌ပြောပြ‌ပေးပါ။
ကျ‌နော်တို့ ကရင်ပြည်နယ်ထဲမှာရှိတဲ့ ပါတီတိုင်းက သူတို့လက်မှတ်ထိုးထားတဲ့ code of conduct အတိုင်း လိုက်နာ ‌ဆောင်ရွက်ပြီး‌တော့မှ စည်းကမ်း‌သေ‌သေဝပ်ဝပ်နဲ့ မဲဆွယ်စည်းရုံး‌နေကြတာကို ‌တွေ့ရှိရပါတယ်။ ပါတီအချင်းချင်း အခုချိန်ထိ ပြဿနာတစုံတရာ‌ကြောင့်မို့ ‌ဖြေရှင်း‌ပေးရတာမျိုး မရှိ‌သေးပါဘူး။

‌မေး – တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့‌တွေနဲ့ ထိစပ်‌ဒေသနဲ့‌ကျေးနယ်‌တွေမှာ လုံခြုံ‌ရေးအပိုင်းအတွက် ဘယ်လိုပုံစံစီမံခန့်ခွဲသွားမ လဲနဲ့ ကြုံ‌တွေ့နိုင်မဲ့ အခက်အခဲက ဘာ‌တွေဖြစ်မယ်လို့ထင်ပါသလဲ။
ကျ‌နော်တို့ကရင်ပြည်နယ်မှာ‌တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း‌တွေနဲ့ အပစ်ခတ်ရပ်စဲ‌ရေးစာချုပ် လက် မှတ်‌ရေးထိုးထားပြီးဖြစ်တဲ့အတွက် ‌နေရာအားလုံးနီးပါး စိုးရိမ်စရာမရှိပါဘူး။ ခွဲထွက်ပြီး‌တော့ သ‌ဘောထားမတိုက်ဆိုင်တဲ့ အဖွဲ့ ငယ်‌တွေရှိတဲ့ ‌နေရာတစိတ်တ‌ဒေသမှာ‌တော့ ကျ‌နော်တို့ တပ်မ‌တော်နဲ့ ပူး‌ပေါင်း‌ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တပ်မ‌တော် အ‌နေနဲ့ ဒီမဲ‌ရွေးချယ်တင်‌မြှောက်ပွဲနဲ့ ပတ်သက်ပြီး‌တော့ မသက်ဆိုင်ပါဘူး။ လုပ်ငန်းကို ‌အောင်မြင်‌အောင်လို့ အ‌ဝေးစည်း၊ အနီး စည်း သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း ဒီအတွင်းပိုင်းကို အဖျက်သမား‌တွေ ဝင်‌ရောက်မဖျက်ဆီးနို်င်‌အောင်လို့ ပိုမိုသတိထားပြီး ‌တော့မှ ‌ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အနီးကပ်ကိုင်တွယ်‌ဖြေရှင်းသွားရမှာက ကျ‌နော်တို့ရဲတပ်ဖွဲ့နဲ့ ပြည်သူလူထုပဲ ဖြစ်ပါ တယ်။ ‌ကော်မရှင်‌တွေ ရပ်ရွာမြို့နယ်‌တွေက ဖွဲ့စည်းထားတဲ့ လုံခြုံ‌ရေး အဖွဲ့အစည်း‌တွေပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက် ကိုင်‌ဒေသ‌တွေနဲ့ ထိစပ်တဲ့‌ဒေသ‌တွေမှာ လုံခြုံ‌ရေးလုပ်‌ဆောင်ဖို့ ခက်ခဲတယ်လို့ သုံးသပ်ထားတဲ့‌ဒေသ‌တွေမှာ နဂိုမူလကတည်း က မဲရုံတည်‌ထောင်တာတို့၊ မဲ‌ပေးဖို့‌တွေ မလုပ်ဘူးလို့ ‌ကြေညာထားပြီးဖြစ်ပါတယ်။

‌မေး – ‌ရွေး‌ကောက်ပွဲ‌နေ့မှာ လုံခြုံ‌ရေး အထူးစိုးရိမ်ရမဲ့နယ်‌မြေက ဘယ်မြို့နယ်၊ ‌ကျေးနယ်‌ဒေသ‌တွေဖြစ်မလဲ။ ဘာ‌ကြောင့်ပါလဲ။
‌ရွေးချယ်တင်‌မြှောက်ပွဲ‌နေ့မှာ‌တော့ ကျ‌နော်တို့အ‌နေနဲ့ လူအများဆုံး၊ ကရင်ပြည်နယ်ရဲ့ လူအသိပ်သည်း အထူထပ်ဆုံး ဖြစ်တဲ့ ဖားအံကို‌တော့ ပိုမိုပြီး‌တော့ ဂရုတစိုက်နဲ့ လုပ်‌ဆောင်သွားရမှာ ဖြစ်တယ်။ တခြား‌သော လက်နက်ကိုင်အဖွဲ့အစည်းရဲ့ အန္တ ရာယ်ကို ‌ကြောက်ရွံ့လို့မဟုတ်ပါဘူး။ ဒီ‌နေရာမှာကျ‌တော့ လူများမယ် အုပ်စု‌တွေ များမယ်။ သူတို့ထင်ထားတဲ့ ရလဒ်အတိုင်း ဖြစ် မလာရင်‌တော့ တစ်‌ယောက်နဲ့တစ်‌ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန် အငြင်းအခုန်‌တွေ ဖြစ်ပွားလာနိုင်တာမျိုး‌လောက်‌တော့ ကျ‌နော်တို့သုံးသပ်လို့ရနိုင်မယ်။ အရင်ကလည်း ဖြစ်ခဲ့တာမျိုးမရှိပါဘူး။ ကျ‌နော်တို့ ကြိုတင်ခန့်မှန်းဖို့အဆင့်‌လောက်ပဲ ရှိပါမယ်။ ‌စောင့်ကြည့်သွားမှ‌ပြောနိုင်မှာပါ။ ကျ‌နော်တို့ ကရင်ပြည်နယ်အ‌နေနဲ့‌တော့ အားလုံး မဖြစ်နိုင်ဘူးလို့ပဲ အကြမ်းအားဖြင့် သုံးသပ် ထားပါတယ်။

‌မေး – တကယ်လို့ လုံခြုံ‌ရေးထိပါးလာမဲ့ ပြဿနာရှိလာရင် ဘယ်လိုကိုင်တွယ်‌ဖြေရှင်းသွားဖို့ ညွန်ကြားထားပါသလဲ။ ဘယ်လိုကိုင် တွယ်‌ဖြေရှင်းခွင့်‌တွေ ရှိပါသလဲ။
အဓိက က‌တော့ မဲ‌ရွေးချယ်တင်‌မြောက်‌ရေးနဲ့ပတ်သက်တဲ့ လုံခြုံ‌ရေးအတွက် ကျ‌နော်တို့က နံပါတ်တစ်အ‌နေနဲ့ ‌စေ့စပ် ညှိနှိုင်း‌ရေး အဆင့်ဆင့်ဖွဲ့စည်းထားပါတယ်။ ဒီ‌ကော်မတီ‌တွေထဲမှာ ပါတီရဲ့ကိုယ်စားလှယ်‌တွေ၊ ရပ်ရွာမှာရှိတဲ့ ဩဇာတိက္ကမရှိတဲ့ ကိုယ်စားလှယ်‌တွေ၊ ဥပ‌ဒေ နားလည်တတ်ကျွမ်းတဲ့ လူ‌တွေလည်းပါတယ်။ စည်းကမ်း‌ဖောက်ဖျက်တဲ့သူ‌တွေ၊ တရားဥပ‌ဒေအရ မလိုက်နာတဲ့သူ‌တွေကိုကျ‌တော့ တရားဥပ‌ဒေနဲ့ နည်းလမ်းတကျ စွဲဆိုသွားဖို့အတွက် အကြံပြုသွားမှာဖြစ်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ငြင်းခုန်မှု‌တွေ၊ မ‌ပြေလည်မှု‌တွေကို ‌စေ့စပ်ညှိနှိုင်း‌ရေး‌ကော်မတီအဖွွဲ့ မြို့နယ်၊ ခရိုင်အဆင့်ဆင့်က‌နေ ‌စေ့စပ်သွားမှာဖြစ်ပါတယ်။ အဆင့်ဆင့်မရ‌တော့မှ တိုင်တာ၊ ‌တောတာဖြစ်လာရင်‌တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က‌နေပြီး‌တော့ သက် ဆိုင်တဲ့ ဥပ‌ဒေပုဒ်မ‌တွေနဲ့ အမှုဖွင့် အ‌ရေးယူ‌ဆောင်ရွက်သွားနိုင်ဖို့ ကူညီ‌ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လူထုအုံကြွမှုအဆင့်ထိ ဖြစ်လာရင်‌တော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ခွဲက‌နေပြီး‌တော့ သူတို့ လုပ်ထုံးလုပ်နည်းအတိုင်း ‌ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

‌မေး – မဲရုံမှူး‌တွေ၊ မဲရုံ‌စောင့်ကြည့်သူ‌တွေနဲ့ ‌ရွေး‌ကောက်ပွဲသတင်းရယူ‌နေမဲ့ သတင်း‌ထောက်‌တွေကို ဘာများ‌ပြောဆိုချင်တာ ရှိပါသ လဲ။
မီဒီယာအဖွဲ့အစည်း အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက ဒီ‌ရွေး‌ကောက်ပွဲနဲ့ပတ်သက်ပြီး‌တော့ ရာနှုန်းပြည့် ‌အောင် မြင်ပြီးဆုံးသွားမယ်လို့ ‌မျှော်လင့်ထား‌သော်လည်းပဲ မထင်မှတ်တဲ့ ထူးခြားတဲ့ အဖျက်အ‌မှောင့်‌တွေ ရှိမယ်ဆိုရင် ပြည်သူလူထုက သတင်းလက်ဦးမှုရမှာပဲ။ အဲ့ဒီအခါကျရင် မည်သည့်အဖွဲ့အစည်းပဲဖြစ်ပါ‌စေ၊ မည်သည့်နည်းလမ်းနဲ့ဖြစ်‌စေ ကျ‌နော်တို့ကို သတင်း ‌ပေးကြပါ။ ဆိုလိုချင်တာက‌တော့ နိုင်ငံ‌ရေးအမြတ်ထုတ်တယ် ပြည်တွင်းပြည်ပ ပ‌ယောဂဝင်တဲ့ ပုံစံမျိုးနဲ့ ထိတ်လန့်‌ခြောက်ခြား ‌အောင် မီး‌လောင်တယ်၊ မီးရှို့တယ်၊ ဗုံး‌ဖောက်ခွဲတယ် ဒီလိုသတင်းမျိုး‌တွေနဲ့ ပြန့်နှံ့‌အောင် လုပ်တာရှိတယ်။ ဒီလိုမျိုးဖြစ်လာသည် ရှိ‌သော် ဒါက ပြည်သူတစ်ရပ်လုံးနဲ့ပဲ ဆိုင်ပါတယ်။ ဒီမိုက‌ရေစီကို သွား‌နေတဲ့နိုင်ငံမှာ ‌ဘေးက‌နေ ကန့်လန့်ပြီး‌တော့ ‌နှောက်ယှက် ဖျက်ဆီးမဲ့ အဖွဲ့အစည်း‌တွေကို ‌ဖော်ထုတ်ပြီး‌တော့မှ အားလုံးက ဆန့်ကျင်သွားရမှာ ဖြစ်ပါတယ်။