Home သတင်း ‌ရွေး‌ကောက်ပွဲအပြီး မြဝတီမြို့တွင် လုံခြုံ‌ရေး တိုးမြှင့်လုပ်‌ဆောင်

‌ရွေး‌ကောက်ပွဲအပြီး မြဝတီမြို့တွင် လုံခြုံ‌ရေး တိုးမြှင့်လုပ်‌ဆောင်

1603
နိုဝင်ဘာ ၁၆ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

၂၀၁၅ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲကြီး ကျင်းပခဲ့ပြီး‌နောက် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် တရားဥပ‌ဒေစိုးမိုး‌ရေးနှင့် ပြည်သူလူထု များ ‌အေးချမ်းစွာ ‌နေထိုင်နိုင်‌ရေးဟုဆိုကာ နိုဝင်ဘာလ ၁၃ရက်‌နေ့မှစ၍ ယခုအချိန်ထိ လုံခြုံ‌ရေး တိုးမြှင့်လုပ်‌ဆောင်လျှက်ရှိ သည်ဟု မြဝတီခရိုင်ရဲတပ်ဖွဲ့က ‌ပြောသည်။

မြဝတီခရိုင်ရဲမှူးကြီး ဦးမိုးညိုက “အဓိက က‌တော့ ‌ရွေး‌ကောက်ပွဲပြီးတဲ့‌နောက်ပိုင်းမှာ လုံခြုံ‌ရေး၊ တရားဥပ‌ဒေစိုးမိုး‌ရေး ပိုမိုပြီး ‌တော့မှ ‌ကောင်းမွန်လာ‌အောင်၊ ပြည်သူလူထု ‌အေး‌အေးချမ်းချမ်းနဲ့ စီးပွားရှာပြီး‌တော့မှ ပညာ‌ရေး၊ ကျန်းမာ‌ရေး လူမှု‌ရေးကိစ္စ‌တွေ ကို ‌ဆောင်ရွက်နိုင်‌အောင် အရှိန်အဟုန်မြှင့်ပြီး‌တော့ ‌ဆောင်ရွက်တာဖြစ်တယ်”ဟု ယမန်‌နေ့က နယ်ခံသတင်း‌ထောက်များကို ‌ပြောသည်။

မြဝတီခရိုင် ရဲတပ်ဖွဲ့၊ စစ်တပ်၊ ပြည်သူ့စစ်၊ လူဝင်မှုကြီးကြပ်‌ရေး ဦးစီးဋ္ဌာန(လဝက)နှင့် သတင်းတပ်ဖွဲ့တို့ ပူး‌ပေါင်းပြီး အဖွဲ့ ( ၆)ဖွဲ့ ခွဲကာ မြဝတီမြို့ ရပ်ကွက်အမှတ် (၁)မှ (၅)အထိအပြင် သဃင်္န်းညီ‌နောင်‌ကျေးရွာတို့တွင် မူးယစ်‌ဆေးဝါး၊ တရားမဝင် လက်နက် ခဲယမ်း၊ ‌လောင်းကစားဝိုင်းကိစ္စရပ်တို့ကို စစ်‌ဆေးရှာ‌ဖွေခြင်း၊ ဖမ်းဆီးခြင်းများ လုပ်‌ဆောင်‌နေခြင်းဖြစ်သည်။

ထိုသို့လုပ်‌ဆောင်ရာတွင် နိုဝင်ဘာ ၁၄ရက်‌နေ့က သဃင်္န်းညီ‌နောင်‌ကျေးရွာ၌ စိတ်ကြွမူးယစ်‌ဆေးဝါး အပြား‌ရေ ၂‌သောင်း‌ကျော် နှင့် တရားခံ ၂ဦး၊ နိုဝင်ဘာ ၁၅ရက်‌နေ့ကလည်း မြဝတီမြို့ အမှတ် (၂)ရပ်ကွက်၌ ဓားခုတ်မှုဖြင့် တရားခံ‌ပြေး ၁ဦးကို ဖမ်းဆီးရမိ ခဲ့သည့်အပြင် တရားမဝင် လက်နက်ခဲယမ်းထားရှိသည့်သတင်းအရ ‌ရှောင်တခင် ဝင်‌ရောက်စစ်‌ဆေးမှုများ လုပ်‌ဆောင်ခဲ့သည် ဟု မြဝတီခရိုင်ရဲတပ်ဖွဲ့က ‌ပြောသည်။

မြဝတီမြို့ အမှတ် (၂) ရပ်ကွက် ဥက္ကဋ္ဌ ဦး‌သောင်းဝင်းက “ကျ‌နော်တို့ရပ်ကွက်မှာ တိမ်း‌ရှောင်ထွက်‌ပြေးရှာ‌ဖွေ‌တွေ့ရှိတာက‌တော့ (၈)ခု‌လောက်ရှိတယ်။ ဒါ‌တွေကလည်း ဆက်လက်ပြီး‌တော့ ရှာ‌ဖွေတာက‌တော့ ရှိတာ‌ပေါ့။ အမှု‌တွေက‌တော့ ကျ‌နော်တို့က အတိ အကျ မသိဘူး‌ပေါ့ဗျာ။ သူတို့ဘက်ကလာတဲ့ စာရွက်ဖြတ်ပိုင်းနဲ့‌ပေါ့။ ဘယ်သူ၊ ဘယ်လမ်းဆိုပြီး‌တော့ လိုက်ရှာတယ်”ဟု ‌ပြော သည်။

မြဝတီမြို့သည် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ ထိစပ်‌နေ‌သော နယ်စပ်မြို့တစ်မြို့ဖြစ်သည်နှင့်အညီ နှစ်နိုင်ငံ တရားခံ‌ပြေးများသည် ထိုင်းဘက်‌ပြေးလိုက်၊ မြန်မာဘက်တိမ်း‌ရှောင်လိုက် ရှိ‌နေခဲ့ကြသဖြင့် ခက်ခဲပြီး လက်ရှိ မြဝတီမြို့၌ ဖမ်းဆီးရမိခြင်း မရှိ‌သေး ‌သော တရားခံ‌ပြေးများမှာ ရာနှင့်ချီ၍ ရှိ‌သေးသည်ဟု မြဝတီရဲတပ်ဖွဲ့၏ သတင်းရပ်ကွက်အရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁ဝရက်‌နေ့ညကလည်း မြဝတီမြို့ အမှတ်(၅)ရပ်ကွက်ရှိ ‌ရွှေဝတ်လွှာမိုတယ်တွင် ဖြစ်ပွားခဲ့‌သော ဖလူး ‌ကျေးရွာအ‌ခြေစိုက် အစိုးရတပ်မ‌တော် ခလရ(၃၁၀)မှ ဗိုလ်ကြီးမျိုးသွယ် အသတ်ခံရသည့်အမှု၌ ကျူးလွန်သူ တရားခံအား ယခု အချိန်ထိ ဖမ်းဆီးရမိခြင်း မရှိ‌သေး‌ကြောင်း သိရသည်။

မြဝတီမြို့တွင် နိုဝင်ဘာလ ၈ရက်‌နေ့က ပြုလုပ်ကျင်းပခဲ့သည့် ပါတီစုံ‌ရွေး‌ကောက်ပွဲတွင် ရဲတပ်ဖွဲ့နှင့် အထူးရဲတို့က လုံခြုံ‌ရေးတာ ဝန်ကို လုပ်‌ဆောင်ခဲ့‌သော်လည်း ‌ရွေး‌ကောက်ပွဲအပြီး ယခုလို အဖွဲ့‌ပေါင်းစုံ စု‌ပေါင်း၍ မြို့‌ပေါ်လုံခြုံ‌ရေးကို ယခင်ကထက် တိုးမြှင့် လုပ်‌ဆောင်‌နေခြင်းလည်းဖြစ်သည်။