Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

1675

အနာဂတ်အတွက် တွဲလက်များ ညီညာကြ‌စေချင်

‌သောင်ပြိုကမ်းပြို NLD အနိုင်ရသည်ဟု တင်စား‌ပြောဆိုခဲ့ကြသည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲကြီးက နိုဝင်ဘာ ၈ရက်တွင် ပြီးစီးသွား ခဲ့‌ပေပြီ။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံ‌ရေးပါတီ‌ပေါင်း ၉၁ပါတီအနက် ထက်ဝက်‌ကျော်မှာ တိုင်းရင်းသားပါတီများဖြစ်‌သော်လည်း တိုင်းရင်းသားပြည်သူ မဲဆန္ဒရှင်များသည် “‌ပြောင်းလဲချိန်တန်ပြီ…” ‌ဆောင်ပုဒ်ပါ အမျိုး သားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD)ကို ‌ရွေးချယ်မဲ‌ပေးခဲ့ကြသည်။

တိုင်းရင်းသားပြည်သူများသည် တိုင်းရင်းသားနိုင်ငံ‌ရေးပါတီများကို လိုလားကြ‌သော်ငြားလည်း နိုင်ငံ‌ရေးကံကြမ္မာအတွက် မျက် ‌မှောက်ကာလ ပြဋ္ဌာန်းကျင့်သုံး‌နေ‌သော ‌ခေတ်‌ဟောင်း၊ စနစ်‌ဟောင်းကို ‌ပြောင်းလဲ‌တော်လှန်လိုကြသည်။ ထို့အတွက် စစ်အာ ဏာရှင်အရိပ်အာဝါသ မကင်း‌သေး‌သော ဖွဲ့စည်းပုံစနစ်ကို ‌မြေလှန်‌ပြောင်းလဲပစ်ရန် အလို့ငှာ ‌ရွေးချယ်ခဲ့ကြသည်။ ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ ထုတ်ပြန်ချက်အရ တိုင်းရင်းသားကို အ‌ခြေခံသည့် နိုင်ငံ‌ရေးပါတီများမှ အနိုင်ရ ကိုယ်စားလှယ် ‌လောင်းများမှာ ရခိုင်၊ ရှမ်း၊ ပ‌လောင်နှင့် ပအိုဝ်းတိုင်းရင်းသားပါတီများမှလွဲ၍ ကျန်တိုင်းရင်းသားပါတီများမှာ ၁ဝဦးပင် မပြည့်ခဲ့။

ယင်းတို့အနက် ကရင်နိုင်ငံ‌ရေးပါတီများဖြစ်သည့် ဖလုံ-စ‌ဝေါ်ဒိမိုကရက်တစ်ပါတီ (PSDP)၊ ကရင်ပြည်သူ့ပါတီ(KPP)၊ ကရင်ပြည် နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ (KDP)နှင့် ကရင်အမျိုးသားပါတီ(KNP)တို့မှ ၂၀၁၅ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းများထဲတွင် KPP မှ တစ်ဦး တည်းသာ မဲအနိုင်ရရှိခဲ့သည်။ ကုန်လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ပါတီနှင့် ပြည်သူကြားမှ လိုအပ်ချက်၊ အားနည်းချက် များ‌ကြောင့် အနိုင်မရရှိခဲ့‌သော်လည်း ကရင်လူထုကို ကိုယ်စားပြုသည့် နိုင်ငံ‌ရေးပါတီအ‌နေဖြင့် ‌ရှေ့ဆက် ‌ဆောင်ရွက်သွားမည့် နိုင်ငံ‌ရေးလုပ်ငန်းတာဝန်များ ရှိ‌နေ‌ပေ‌သေးရာ ဤသည်ကို စိုက်လိုက်မတ်တပ် လုပ်‌ဆောင်သွားရဦးမည် ဖြစ်သည်။

တိုင်းရင်းသားပါတီများအ‌နေဖြင့်လည်း ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်‌ရေးကို ဦးတည်ရည်မှန်းကြရာတွင် ‌ဒေသန္တရ လူထု၏ ရုန်း ကန်‌နေရမှု အ‌ခြေအ‌နေမှန်အ‌ပေါ် ‌တွေး‌ခေါ်‌မျှော်မြင် ရပ်တည်ခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း၊ လက်ရည်တစ်ပြင်တည်း ‌နေထိုင် သွားလာခြင်းနှင့် ထိုး‌ဖောက်လုပ်‌ဆောင်နိုင်မှုများကို ကြိုတင် အချိန်ယူ ပြင်ဆင်ထားရန် လိုအပ်သည်။ ထို့အပြင် အနိုင်ရ NLD ပါတီကိုလည်း မုဒိတာပွားကာ မဲဆန္ဒရှင်ပြည်သူများအတွက်၊ ပြည်နယ်နှင့် တိုင်း အပါအဝင် နိုင်ငံ့‌ကောင်းကျိုးအတွက် ရည်မှန်း ချက် တူညီစွာ ပူး‌ပေါင်းကူညီ ‌ဆောင်ရွက်သွားသင့်သည်။

အလားတူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနာဂတ်ဘဝကို ပုံအပ်ထားခံရသည့် NLD အ‌နေဖြင့် ‌လေးလံ‌သော နိုင်ငံ့အ‌ပြောင်း အလဲ ဝန်ထုပ်ကြီးကို သယ်ပိုးရန် အား‌မွေးရင်း ၂၀၀၈ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေး၊ ပြည်တွင်းစစ် ချုပ်ငြိမ်း‌ရေး၊ ဒုက္ခ သည် အပါအဝင် တိုင်းသူပြည်သားများ လူမှန်‌နေရာမှန် ‌နေထိုင်လုပ်ကိုင်နိုင်‌ရေးနှင့် နိုင်ငံ့စီးပွား နလန်ထူနိုင်သည်အထိ တဆင့် ချင်း မှန်ကန်တည်ငြိမ်စွာ လုပ်‌ဆောင်သွားသင့်သည်။

ထို့အပြင် အစိုးရဖွဲ့နိုင်‌လောက်‌အောင် မဲအနိုင်မရခဲ့ကြသည့် လက်ရှိ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ အပါအဝင် တိုင်းပြည်ကို စစ်မှန်‌သော ဒီမိုက‌ရေစီစနစ်သို့ လှမ်းချီလိုသည့် တိုင်းရင်းသားပါတီများကလည်း ပြည်သူလူထုအတွက် မိမိတို့ စွမ်းနိုင်သမျှကို စိတ်ရင်း‌စေတနာအမှန်ဖြင့် မည်သည့်နိုင်ငံ‌ရေးပဋိပက္ခမှ အဖြစ်မခံဘဲ ‌ပြောင်းလဲသင့်သမျှ‌သော နိုင်ငံ့အ‌ရေး အရာ၊ အခန်းကဏ္ဍအားလုံးကို အနိုင်ရပါတီနှင့်အတူ တွဲလက်ညီညာစွာ ‌ဆောင်ရွက်သွား‌စေလိုပါ‌ကြောင်း တိုက်တွန်းလိုက်ပါ သည်။