Home ထိပ်တန်းသတင်း အမျိုးသမီးအကြမ်းဖက်မှု လက်နက်သဖွယ် အသုံးပြု‌နေခြင်း ရပ်တန့်‌ပေးရန် အစိုးရသစ်ထံ WLB ‌တောင်းဆို

အမျိုးသမီးအကြမ်းဖက်မှု လက်နက်သဖွယ် အသုံးပြု‌နေခြင်း ရပ်တန့်‌ပေးရန် အစိုးရသစ်ထံ WLB ‌တောင်းဆို

1739

နိုဝင်ဘာ ၂၆ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုများအား စစ်လက်နက်သဖွယ် အသုံးပြု‌နေခြင်းကို ရပ်တန့်ရန်အတွက် အစိုးရသစ်အ‌နေ ဖြင့် ယင်းကိစ္စများကို အ‌လေးထားပြီးထည့်သွင်း စဉ်းစား‌ပေးရန် WLB – အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က နိုဝင်ဘာလ ၂၅ရက်‌နေ့တွင် ကျ‌ရောက်သည့် နိုင်ငံတကာ အမျိုးသမီးများအားအကြမ်းဖက်မှုပ‌ပျောက်‌ရေး‌နေ့တွင် ‌ကြေညာချက်ထုတ်ကာ ‌တောင်းဆိုလိုက်သည်။

ယင်း‌တောင်းဆိုမှုနှင့် ပတ်သက်၍ WLB ၏ ပဲ့ကိုင်‌ကော်မတီ မူဝါဒ‌ရေးရာဦး‌ဆောင်အဖွဲ့ဝင်ဖြစ်သူ မွန်း‌နေလီက “အခု တက်လာ မယ့် အစိုးရသစ်‌တွေထဲက ‌ခေါင်း‌ဆောင်ဟာ အမျိုးသမီးဖြစ်တဲ့အတွက် အမျိုးသမီး‌တွေရဲ့ခံစားချက်ကို သိရှိပြီး တကယ် အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်နိုင်မယ်လို့ ယူဆတဲ့အတွက် ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ဥပ‌ဒေစိုးမိုး‌ရေး၊ ပြည်တွင်းစစ်ရပ်စဲ‌ရေး၊ စစ်မှန်‌သော ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး၊ အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေး စသည့် ရည်မှန်းချက်များကို ‌ဖော်‌ဆောင်မည့် အစိုးရသစ်လက်ထက်တွင် စစ်တပ်၏ ကြီးစိုးမှု အခန်းကဏ္ဍ ပိုမို‌လျှော့ချပြီး အမျိုးသမီးများ အကြမ်းဖက်ခံရမှုများ ပ‌ပျောက်‌အောင် လုပ်‌ဆောင်သွားနိုင်မည်ဟု ယုံကြည်‌ကြောင်းလည်း သူမက ဆက်‌ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း အမျိုးသမီးများအ‌ပေါ်အကြမ်းဖက်မှုများ ဆက်လက်ရှိ‌နေဆဲဖြစ်ကာ တိုက်ပွဲဖြစ်ပွားရာ ‌ဒေသများ တွင် စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား အ‌ရေးယူနိုင်ခြင်းမရှိသဖြင့် ပိုမိုများပြားလာသည်မှာ စစ်တပ်၏ အာဏာ ကြီးစိုးမှုနှင့် တိုက်ရိုက်ဆက်စပ်‌နေ‌ကြောင်း အမျိုးသမီးအဖွဲ့များက ‌ထောက်ပြ‌ပြောဆိုသည်။

WLB ၏ ထုတ်ပြန်ချက်တွင် လတ်တ‌လော ကချင်နှင့် သျှမ်းပြည်နယ်များ၌ ဖြစ်ပွားသည့် စစ်ပွဲများ‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင် ကာ ဒုက္ခအခံစားရဆုံးမှာ အမျိုးသမီးနှင့် က‌လေးသူငယ်များသာဖြစ်ပြီး ၎င်းတို့၏ဘဝလုံခြုံမှုနှင့် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုများ မရှိသည့်အ‌ခြေအ‌နေတွင် ရှိ‌နေ‌ကြောင်းလည်း ထည့်သွင်း‌ဖော်ပြထားသည်။

သျှမ်းအမျိုးသမီး‌ရေးရာ ဆက်သွယ်လှုပ်ရှား‌ဆောင်ရွက်‌ရေးအသင်း SWAN ၏ ‌ပြောခွင့်ရသူ ယိင်းဟာန်ဖက “သျှမ်းပြည်မှာ တိုက်ပွဲ‌တွေ‌ကြောင့် ထွက်‌ပြေးရတာ အခု တစ်‌သောင်း‌ကျော်သွားပြီ။ အဲဒီအထဲမှာ အမျိုးသမီး၊ က‌လေးနဲ့ သက်ကြီးရွယ်အို‌တွေ အများဆုံးဖြစ်တယ်။ ‌ဆေးဝါး၊ အဝတ်အစားနဲ့ စားစရာ‌တွေလည်း အများကြီးလိုအပ်‌နေတယ်။ ဒီနှစ်ထဲမှာပဲ ပြီးခဲ့တဲ့ ဧပြီလက‌နေ နိုဝင်ဘာလအထိ Rape Case က ၈ခုရှိတယ်”ဟု ‌ပြောသည်။

ထို‌ဒေသများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား‌နေသည့်အ‌ပေါ် နိုင်ငံတကာက လျစ်လျူရှုမှုများ ရှိ‌နေသည့်အတွက် အ‌ရေးယူ ‌ဆောင်ရွက်မှုများ ပြုလုပ်‌ပေးရန် သျှမ်းလူမှုအဖွဲ့အစည်း ၃၀‌ကျော်ကလည်း နိုဝင်ဘာလ ၂၆ရက်(ယ‌နေ့)တွင် သ‌ဘောထားထုတ် ပြန်‌တောင်းဆိုလိုက်‌သေးသည်။