Home သတင်း လယ်ယာ‌မြေကိစ္စ ကူညီ‌ဆောင်ရွက်သူနှစ်ဦး ပုဒ်မ ၁၇/၁ ဖြင့် ‌ထောင်ဒဏ်ချမှတ်ခံရ

လယ်ယာ‌မြေကိစ္စ ကူညီ‌ဆောင်ရွက်သူနှစ်ဦး ပုဒ်မ ၁၇/၁ ဖြင့် ‌ထောင်ဒဏ်ချမှတ်ခံရ

1587

နိုဝင်ဘာ ၂၆ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွန့်‌သောင်း

ဖားအံမြို့နယ်တွင် လယ်ယာ‌မြေပြဿနာများ လိုက်လံ‌ဆောင်ရွက်မှုဖြင့် တရားစွဲခံထားရသူ ‌စော‌မောင်‌မောင်ကြီးနှင့် ‌စောအယ် ‌စေးတို့နှစ်ဦးကို တရားမဝင် အဖွဲ့အစည်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် နိုဝင်ဘာလ ၂၅ရက်‌နေ့က ‌ထောင်ဒဏ် ၂နှစ်စီ အသီး သီး ချမှတ်လိုက်သည်ဟု သိရသည်။

ထိုအမှုကို မြိုင်က‌လေး‌ကျေးရွာ ရဲစခန်းမှူး ဦးဝင်းနိုင်က တရားလိုအဖြစ် ယခုနှစ်၊ ဩဂုတ်လက ဖားအံမြို့နယ်တရားရုံး၌ တရားစွဲ ဆိုထားပြီး‌နောက် ၎င်းမြို့နယ်တရားရုံးက ၎င်းတို့နှစ်ဦးအား ယင်းသို့ ‌ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

‌စော‌မောင်‌မောင်ကြီးမှာ ၈၈မျိုးဆက် ကရင်‌ကျောင်းသားများအဖွဲ့ ဥက္ကဋ္ဌဖြစ်ပြီး လယ်ယာ‌မြေပြဿနာ‌ကြောင့် ထိခိုက်နစ်နာမှုရှိ ‌သော ‌ဒေသခံများကို လိုက်လံကူညီ‌ဆောင်ရွက်‌ပေးသူတစ်ဦးဖြစ်သည်။ ၎င်းကူညီ‌ပေးသည့် ‌ဒေသခံများအနက် ‌စောအယ်‌စေး ဆိုသူမှာ DKBA တပ်သားဖြစ်သည်ဟူ၍ အ‌ကြောင်းပြကာ ယခုကဲ့သို့ ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲဆိုကာ ‌ထောင်ဒဏ်ချမှတ်လိုက် ခြင်းဖြစ်‌ကြောင်း ၈၈မျိုးဆက်ကရင်‌ကျောင်းသားများအဖွဲ့ဝင် ဦးညီပုက ‌ပြောသည်။

“ကျ‌နော်တို့အဖွဲ့က လယ်ယာသိမ်းဆည်းခြင်းကို ခံကြရတဲ့ နစ်နာသွားတဲ့ လယ်သမား‌တွေအတွက် အစိုးရနဲ့ နှစ်ဦးနှစ်ဘက် အား လုံး အဆင်‌ပြေ‌အောင် ‌ပေါင်းကူးညှိနှိုင်း‌ပေးပြီး လိုက်လံကူညီ‌ပေးတဲ့သ‌ဘောပါ။ ဒီအမှုက ဘာမှသက်‌သေ‌တွေ မရှိဘဲ ဒီပုဒ်မက အကွက်ဆင်ပြီး လုပ်တဲ့အမှုပါ။ တိုင်းရင်းသားပြည်သူ‌တွေကို ချိုးနှိမ်‌နေတဲ့သ‌ဘောလို့ပဲ ကျ‌နော်မြင်ပါတယ်။ အစိုးရလုပ်တဲ့ ငြိမ်း ချမ်း‌ရေးကို ကျ‌နော် မယုံဘူးဗျာ”ဟု ‌ပြောသည်။

ငြိမ်းချမ်း‌ရေးရရှိရန်အတွက် အစိုးရနှင့် တိုင်းရင်းသားအဖွဲ့(NCA)တို့ အပစ်ရပ်စာချုပ်‌ရေးထိုးရာ၌ တရားမဝင် အဖွဲ့အစည်းမှ ပယ် ဖျက်သည့်အချက်ဖြစ်သည့် အခန်း(၆)၊ အပိုဒ်(၇)တွင် ပါဝင်‌သော်လည်း ယခုလို ယင်းပုဒ်မဖြင့် တရားစွဲဆို၍ ‌ထောင်ဒဏ် (၂)နှစ် ချမှတ်လိုက်သည့်အ‌ပေါ် ကရင်လက်နက်ကိုင်တိုင်းရင်းသား‌ခေါင်း‌ဆောင်များ သိရှိ‌စေလိုသည်ဟု ‌စော‌မောင်‌မောင်ကြီး၏ ဇနီး ဖြစ်သူကလည်း ‌ပြောသည်။

“‌ထောင်ဒဏ်ချလိုက်တာနဲ့ ပတ်သက်ပြီး ကျမ ရင်ထဲမှာရှိတဲ့အတိုင်း ‌ပြောရရင်‌တော့ ကျမတို့ ကရင်လူကြီး‌တွေလည်း ကျမတို့ ကို ဒီလိုပဲ ကြည့်‌တော့မလား။ ကျမတို့ကို ဒီလိုပဲ ပစ်ထား‌တော့မလား။ ဒီလိုပဲ မတရားတာ‌တွေကို ဆက်ပြီးခံ‌နေရဦးမလား။ ကျမ က ကရင်လူကြီး‌တွေကို ‌မေးချင်တယ်။ အဓိက‌တော့ ကရင်လူကြီး‌တွေ ကျမတို့‌နောက်မှာ ရှိ‌နေရမယ်”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၅ရက်‌နေ့က ‌နေပြည်‌တော်၌ အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ စုစု‌ပေါင်း ၈တို့ကြား ငြိမ်းချမ်း‌ရေးအပစ်ရပ်စာချုပ် လက်မှတ်‌ရေးထိုးရာတွင် ပုဒ်မ ၁၇/၁ ပယ်ဖျက် ခဲ့‌သော်လည်း ယခုလက်ရှိ ထိုပုဒ်မဖြင့် လူထုအ‌ပေါ် အစိုးရက ဆက်လက်၍ အ‌ရေးယူ‌နေမှုအ‌ပေါ် တိုင်းရင်းသားပြည်သူများက အစိုးရအ‌ပေါ် ယုံကြည်မှုအားနည်းလာသည်ကို ‌တွေ့ရ‌ကြောင်း ဖားအံ‌ဒေသခံပြည်သူများက ‌ပြောဆို‌နေကြသည်။