Home သတင်း ရန်ကုန်တိုင်း ကရင်‌ရေးရာ NLD အနိုင်ရရန် အလားအလာ‌ကောင်း‌နေ

ရန်ကုန်တိုင်း ကရင်‌ရေးရာ NLD အနိုင်ရရန် အလားအလာ‌ကောင်း‌နေ

2673

နိုဝင်ဘာ ၁ဝရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာအတွက် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် – NLD ကိုယ်စားလှယ်‌လောင်း ‌နော် ပန်းသဉ်ဇာမျိုး အနိုင်ရရန် အလားအလာ‌ကောင်း‌နေ‌ကြောင်း မြို့နယ် ၃၀‌ကျော်၏ မဲ‌ရေတွက်ပြီးသည့် ကနဦးရလဒ်များအရ သိရ သည်။

နိုဝင်ဘာလ ၉ရက်‌နေ့ ညပိုင်းအထိ ကနဦး‌ရေတွက်ပြီးသည့် ကရင်‌ရေးရာမဲစာရင်းများအရ ကရင်တိုင်းရင်းသား အများဆုံး ‌နေထိုင်ရာ ရန်ကုန်တိုင်း၊ ‌တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် ‌ကော့မှူး၊ ကွမ်းခြံကုန်း၊ တွံ‌တေး စသည့်မြို့နယ်များတွင် NLD ကိုယ်စားလှယ်‌လောင်းက ဦး‌ဆောင်‌နေသလို ရန်ကုန်‌မြောက်ပိုင်းခရိုင် ထန်းတပင်၊ ‌မှော်ဘီ၊ အင်းစိန် အစရှိသည့် မြို့နယ်များ၌ လည်း သူမကပင် မဲအလားအလာကို ဦး‌ဆောင်‌နေ‌ကြောင်း မြို့နယ်အဆင့် NLD တာဝန်ရှိသူများထံမှ သိရသည်။

“‌လော‌လောဆယ်မြို့နယ် ၃၀‌လောက်မှာ အနိုင်ရထားတယ်။ အထူးသဖြင့် ကရင်လူမျိုးအများစု‌နေထိုင်ရာ မြို့နယ်‌တွေမှာလည်း နိုင်ထားတယ်။ ရလဒ်အတိအကျကို‌တော့ မနက်ဖန်‌လောက်မှ သိနိုင်မယ်။ တိုင်း‌ကော်မရှင်က အားလုံးပြန်‌ပေါင်းပြီး ထုတ်ပြန်မှ အတည်ဖြစ်မှာပါ”ဟု NLD ကရင်‌ရေးရာကိုယ်စားလှယ်‌လောင်း ‌နော်ပန်းသဉ်ဇာမျိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

နိုဝင်ဘလာ ၈ရက် ‌ရွေး‌ကောက်ပွဲ‌နေ့တွင် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာ ‌နေရာကို ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ်ပါတီနှင့် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီတို့မှ ဝင်‌ရောက်ယှဉ်ပြိုင် ခဲ့သည်။