Home သတင်း ဘန်‌ကောက်တွင် ဘာသာစကားသင်တန်း‌ကျောင်း OKRSO ထပ်မံဖွင့်လှစ်

ဘန်‌ကောက်တွင် ဘာသာစကားသင်တန်း‌ကျောင်း OKRSO ထပ်မံဖွင့်လှစ်

1254
နိုဝင်ဘာ ၁၆ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့အ‌ခြေစိုက် ပြည်ပ‌ရောက်ကရင်လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့ (OKRSO)က ကြီးမှူးသည့် လူငယ်ဖွံ့ဖြိုးမှု ဆိုင်ရာ ဘာသာစကားသင်တန်း‌ကျောင်း (Sunday School)ကို နိုဝင်ဘာ ၁၅ရက်‌နေ့တွင် ထပ်မံ ဖွင့်လှစ်လိုက်ပြီးဟု အဖွဲ့ တာဝန်ရှိသူများက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ယင်းသင်တန်း‌ကျောင်းဖွင့်ပွဲအခမ်းအနားကို ဘန်‌ကောက်မြို့ရှိ ဖဟာလုထိုင်‌ခေါင်းဝင်းဟု‌ခေါ်သည့် ထိုင်းပညာ‌ရေး‌ကျောင်းအ ‌ဆောက်အအုံတစ်ခု၌ ယမန်‌နေ့က ပြုလုပ်ကျင်းပခဲ့ပြီး ‌ကျောင်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ OKRSO ၏ အကြံ ‌ပေးနာယကဖြစ်သူ ‌စောစိပ်ပ‌လောင်က ယခုလို ‌ပြောသည်။

“အဓိက ဒီသင်တန်းကို ဘန်‌ကောက်မှာ လာ‌ရောက်အလုပ်လုပ်‌နေကြရတဲ့ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား‌တွေနဲ့ ‌ကျောင်းသူ ‌ကျောင်းသား‌တွေအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါသင်တန်းကို အပတ်စဉ် တနဂင်္‌နွေ‌နေ့တိုင်း ထိုင်း၊ အဂင်္လိပ်၊ ပိုး(ဖလုံ) ကရင်စာ‌ပေများအပြင် ကွန်ပြူတာနှင့် ကရင်ရိုးရာ ဒုံးအကများကို အဓိကထားသင်ကြား‌ပေးပြီး ဘာသာရပ်တိုင်းတွင် ဆရာ၊ဆရာမ အနည်းဆုံး ၈ဦးက ပုံမှန် သင်ကြား‌ပေးသွား မည်ဟု OKRSO တာဝန်ရှိသူများက ‌ပြောသည်။

၎င်းမှာ ၂၀၀၂ခုနှစ်မှစတင်ကာ ‌လေးလလျှင် တစ်ကြိမ် ပုံမှန် ဖွင့်လှစ်‌ပေးခဲ့သည့် သင်တန်းတစ်ခုဖြစ်သည့်အပြင် ၂၀၁၆ခုနှစ်အ တွင်း အသက်‌မွေးဝမ်း‌ကြောင်းဆိုင်ရာ ပညာရပ်များကို ထည့်သွင်းသင်ကြား‌ပေးသွားရန် အစီအစဉ်ရှိ‌ကြောင်းလည်း သိရသည်။

ယခုဖွင့်လှစ်လိုက်သည့်သင်တန်းအ‌ပေါ် ‌ကျောင်းတာဝန်ခံတစ်ဦးဖြစ်သူ ‌နော်ဒီ‌ဒေးက “အခုတကြိမ် သင်တန်းမှာ ၈၀‌လောက်ရှိ တယ်။ သင်တန်းတိုင်းမှာ တိုင်းရင်းသား‌ပေါင်းစုံပါပြီး‌တော့ အများစုက ကရင်လူမျိုး‌တွေဖြစ်ပါတယ်။ ‌ကျောင်းတက်‌နေတဲ့သူ‌တွေ ထက် အလုပ်လုပ်‌နေတဲ့သူ‌တွေ လာတက်တာများတယ်”ဟု ‌ပြောသည်။

ပြည်ပ‌ရောက် ကရင်ဒုက္ခသည်များ အကူအညီ‌ပေးနိုင်ရန်အတွက် (OKRSO)အဖွဲ့ကို ၁၉၉၂ခုနှစ် ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အမျိုးသား‌ရေး၊ စာ‌ပေယဉ်‌ကျေးမှု၊ ပညာ‌ရေး၊ လူမှုကယ်ဆယ်‌ရေး လုပ်ငန်းများ ကူညီလုပ်‌ဆောင်‌ပေး ‌နေသည့် ကရင်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သည်။