Home တွေ့ဆုံမေးမြန်းခန်း ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP) ဒုဥက္ကဋ္ဌ မန်း‌အောင်ပြည်စိုးနှင့်‌တွေ့ဆုံခြင်း

ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP) ဒုဥက္ကဋ္ဌ မန်း‌အောင်ပြည်စိုးနှင့်‌တွေ့ဆုံခြင်း

2058
PSDP ဒုဥက္ကဋ္ဌ မန်း‌အောင်ပြည်စိုး
“စစ်မှန်တဲ့ ဖက်ဒရယ်ပြည်‌ထောင်စုကို လုပ်‌ပေးနိုင်ပါ့မလား ဆိုတဲ့အချက်က စဉ်းစားစရာ ရှိ‌နေပါတယ်”

နိုဝင်ဘာ ၁၆ ရက်၊ ၂၀၁၅ ခုနှစ်။ ‌ကေအိုင်စီ

‌မေး ။ ။ ၂၀၁၅ ‌ရွေး‌ကောက်ပွဲမှာ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီအ‌နေနဲ့ လွှတ်‌တော်ကိုယ်စားလှယ်တစ်ဦးမှ အနိုင်မရတာ ဘာ‌ကြောင့်လို့ ယူဆပါသလဲ။
ကျ‌နော်မြင်ရသ‌လောက်‌တော့ တစ်ချက်က ကိုယ်စားလှယ်‌လောင်း‌တွေရဲ့စည်းရုံး‌ရေး အားနည်းချက်ရှိတာ ‌တွေ့ရ တယ်။ ‌နောက်တစ်ချက်က‌တော့ ပါတီတစ်ခုလုံးအ‌နေနဲ့ ၂၀၁ဝတုန်းက အ‌ရွေးခံရတဲ့ လွှတ်‌တော်ကိုယ်စားလှယ်‌တွေက မိမိတို့ ရဲ့မဲဆန္ဒရှင်‌တွေကို ပြန်ကြည့်‌ပေးတာ အားနည်းတယ်။ လူထု‌တွေက ဘယ်‌လောက်ထိ ‌ပြောကြသလဲဆို‌တော့ ဝင်‌ရောက် ယှဉ် ပြိုင်မယ့်အချိန်‌ရောက်မှ ဒီမျက်နှာ‌တွေ ဒီတစ်ခါပဲ မြင်ရတယ်‌နော်လို့ အဲ‌လောက်ထိ ‌ပြောခံရတယ်။
‌နောက် အ‌ရေးကြီးဆုံးအချက်က‌တော့ ကျ‌နော်တို့ ကရင်လူထု‌တွေက အ‌ပြောင်းအလဲ‌တွေကို လိုချင်ကြတယ်။ ကရင်ပါတီ‌တွေ ‌ရော လုပ်‌ပေးနို်င်ပါ့မလားဆိုတဲ့ သံသယ‌တွေ ရှိ‌နေကြတယ်။ ဖလုံ-စ‌ဝေါ်က‌တော့ တစ်တိုင်းပြည်လုံးအတွက် အ‌ပြောင်းအလဲ ‌တွေကို မလုပ်နိုင်‌လောက်ဘူး၊ NLD ကပဲ လုပ်‌ပေးနိုင်မယ်ဆိုပြီး ကရင်လူထု‌တွေက ကျ‌နော်တို့ပါတီကို မဲမ‌ပေးတာဖြစ်မယ်လို့ ဒီလိုပဲ ကျ‌နော် ယူဆမိပါတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ပြည်ပ‌ရောက်‌နေကြတဲ့ ကျ‌နော်တို့ ‌ဆွေမျိုးသားချင်း‌တွေကလည်း NLD ကို မဲ‌ပေးမှ ပြုပြင်‌ပြောင်းလဲ‌ရေး ‌အောင်မြင်မယ်လို့ သူတို့လည်း ‌ပြောဆို‌နေကြတာ‌တွေရှိတယ်။ တစ်နည်း‌ပြောရရင် ဒီရှုံးတာ ကျ‌နော် ‌ကျေ‌ကျေနပ်နပ်ကို လက်ခံပါတယ်။

‌မေး ။ ။ ကရင်ပြည်နယ်မှာ NLD နိုင်သွားပြီး ပြည်နယ်အစိုးရဖွဲ့တဲ့အခါ ကရင်ပြည်သူလူထု‌တွေရဲ့ ဆန္ဒကို ပြည့်ဝ‌အောင် လုပ် ‌ပေးနိုင်မယ်လို့‌ရော ထင်ပါသလား။
‌ပြောရမယ်ဆိုရင် တစ်နိုင်ငံလုံးမှာ NLD နိုင်တယ်။ ကရင်ပြည်နယ်မှာဆိုရင် NLD နဲ့ အခြားတိုင်းရင်းသား‌တွေဖြစ်တဲ့ မွန်၊ ပအိုဝ်း၊ ဗမာ ‌ပေါင်းပြီး ပြည်နယ်အစိုးရဖွဲ့တဲ့အခါမှာ ကရင်လူထု‌တွေ လိုချင်တဲ့ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပဲဖြစ်ရမယ် ဆိုတဲ့အချက်ကို လုပ်‌ပေးနိုင်မလား။ မဖြစ်လာဘူးဆိုရင် ‌ကျောချမှ ဓါးပြမှန်းသိသွားတဲ့ အ‌ခြေအ‌နေမျိုးဖြစ်လိမ့်မယ်။ ကရင်ပြည် နယ်ဝန်ကြီးချုပ်က ကရင်ပဲဖြစ်လာပြီးထားဦး။ ကရင်လူထု‌တွေ လိုချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်‌ထောင်စုကို လုပ်‌ပေးနိုင်ပါ့မ လားဆိုတဲ့အချက်က စဉ်းစားစရာ‌တွေ‌တော့ ရှိ‌နေပါတယ်။ ‌စောင့်လည်း ‌စောင့်ကြည့်ရဦးမယ်လို့‌တော့ ထင်တယ်။

‌မေး ။ ။ ‌ရွေး‌ကောက်ပွဲမှာ အနိုင်မရဘူးဆို‌တော့ ပါတီအ‌နေနဲ့ ဘာ‌တွေ ဆက်လုပ်‌ဆောင်သွားမလဲ။
အစိုးရသစ်တက်လာပြီး‌နောက်ပိုင်းမှာ ကျ‌နော်တို့ပါတီက မြို့နယ်အလိုက် စု‌ပေါင်း‌ခေါ်ယူ‌ဆွေး‌နွေးကြမယ်။ ‌ရှေ့လုပ် ငန်း‌တွေကို ဘယ်လိုလုပ်‌ဆောင်သွားကြမလဲဆိုတာ ‌ဆွေး‌နွေးပြီး ရလာတဲ့ ညှိနှိုင်းမှု‌တွေအတိုင်း လုပ်စရာရှိတာ‌တွေကို ဆက် လုပ်‌ဆောင်သွားကြမယ်။ ကရင်ပြည်နယ်မှာ ကရင်ပါတီက ၅ပါတီရှိတယ်။ ၄ပါတီက ကရင်ပါတီစစ်စစ်ဖြစ်တယ်။ ကျန်တဲ့ တစ်ပါတီက‌တော့ ကရင်ပါတီစစ်စစ်‌တော့ မဟုတ်ဘူး။ ပြည်ခိုင်ဖြိုးပါတီအခွဲလို့ပဲ သိထားကြတယ်။ ‌ပြောချင်တာက ကရင်ပါတီ ‌တွေဟာ ပြန်စုပြီး တစ်ပါတီသာ ရှိသင့်တယ်။ ကရင်ပါတီများလို့ ကရင်လူထု‌တွေလည်း စိတ်ပျက်တာလည်းပါတယ်။ ‌နောက် တစ်ချက်က ၂၀၁ဝက‌နေ ၂၀၁၅အထိ ပါတီဥက္ကဋ္ဌက လွှတ်‌တော်တက်ရပြီး ပါတီတာဝန်‌တွေကို ဒုဥက္ကဋ္ဌဖြစ်တဲ့ ကျ‌နော်က လုပ် ‌ဆောင်တဲ့အခါ အခုလို အားနည်းချက်‌တွေရှိတဲ့အတွက် မိမိရဲ့အသိစိတ်နဲ့ ဥက္ကဌတာဝန်က‌နေ နှုတ်ထွက်‌ပေးပြီး သာမန်ပါတီဝင် တစ်ဦးအ‌နေနဲ့ ‌နေသွားဖို့ရှိတယ်။ ‌နောက်တစ်ခုက အမျိုးသားအ‌ရေးအတွက်‌တော့ ပါတီရှိရှိမရှိရှိ တစ်ဦးချင်းအလိုက် ဆက်ပြီး ‌တော့ လုပ်‌ဆောင်သွားမယ်ဆိုတာ ‌ပြောကြားချင်ပါတယ်။

‌မေး။ ။ ‌နောက်တစ်ခု ‌မေးချင်တာက ကရင်ပါတီအများစုက အရင် မ.ဆ.လ ‌ခေတ်တုန်းက လူ‌တွေများတယ်။ စစ်တပ်ထွက် အငြိမ်းစား‌တွေလည်း များတယ်ဆိုပြီး ကရင်လူထု‌တွေ ‌ပြောဆို‌နေတာ‌တွေ ရှိတယ်၊ အဲဒီအ‌ပေါ်မှာ အ‌ခြေခံပြီး ရှုံးရတဲ့အ‌ကြောင်း ရင်းတခုများ ဖြစ်‌နေမလား။ ဘယ်လို‌ပြောချင်ပါသလဲ။
ကျ‌နော်ကိုယ်တိုင်က မ.ဆ.လ အ‌ဟောင်းကြီး‌ပေါ့ကွာ။ အချို့လည်းရှိပါတယ်။ စစ်တပ် အငြိမ်းစားတို့လည်း ပါဝင်ကြပါ တယ်ဆိုတာ မှန်ပါတယ်။ ဒါ‌ပေမယ့် အခုလက်ရှိမှာ သူတို့က ဘယ်သူ့အတွက် လုပ်‌ပေး‌နေသလဲဆိုတာ‌တော့ ကြည့်ရင် သိနိုင်ပါ တယ်။ အဲဒီအမြင်က‌တော့ လွဲမှား‌နေတဲ့ အမြင်ပဲလို့‌တော့ ‌ပြောချင်ပါတယ်။

‌မေး။ ။ လာမဲ့ အစိုးရသစ်က ပြည်တွင်းလက်နက်ကိုင်ကိစ္စ၊ ပြည်တွင်းငြိမ်းချမ်း‌ရေးကိစ္စ‌တွေကို ဘယ်‌လောက်အထိ လုပ်‌ဆောင် ‌ပေးနိုင်မယ်လို့ ထင်ပါသလဲ။
ပြည်တွင်းငြိမ်းချမ်း‌ရေးကို‌ပြောရင် ကျယ်ပြန့်တယ်။ ကရင်ပြည်နယ်ငြိမ်းချမ်း‌ရေး အတိုင်းအတာ‌လောက်ပဲ ကျ‌နော်‌ပြော ပါရ‌စေ။ အပစ်ရပ်လက်မှတ်ကို ကရင် ၃ဖွဲ့က ထိုးခဲ့ပြီးပြီ။ ဒါ‌ပေမယ့် တိုင်းရင်းသားအဖွဲ့ ၁၅မှာ ၈ဖွဲ့‌လောက်ပဲ လက်မှတ်ထိုးနိုင်ပါ ‌သေးတယ်။ တစ်ပြည်လုံး အတိုင်းအတာဆိုရင် ၂၁ဖွဲ့ရှိတယ်။ တစ်ခါ KNU ဖက်ကလည်း အယူဝါဒအရ ကွဲကြ‌သေးတယ်။ ကျ‌နော့်တစ်ဦးအ‌နေနဲ့ ငြိမ်းချမ်း‌ရေးကိစ္စ အလွန်ပဲစိုးရိမ်တယ်။ သမိုင်းအရ ပြန်ကြည့်ရင် KNU ‌ခေါင်း‌ဆောင်‌စောဘဦးကြီးနဲ့ ဦးနု၊ ‌နောက် ‌ကော်ကဆာဟန်တာသာ‌မွှေးနဲ့ ဦး‌နေဝင်းတို့ လုပ်ခဲ့တဲ့ ငြိမ်းချမ်း‌ရေး တစ်ခုမှ မတည်ငြိမ်ခဲ့ဘူး။ ပွင့်လင်းစွာ‌ပြောရရင် ‌ဒေါ် ‌အောင်ဆန်းစုကြည်က လွန်ခဲ့တဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်မှာ ပါဝင်မှု မ‌တွေ့ရဘူး။ သူမရဲ့အစိုးရသစ်လက်ထဲမှာ ဒီငြိမ်းချမ်း‌ရေး ကိစ္စကို ဘယ်‌လောက် လုပ်‌ပေးနိုင်မလဲဆိုတာ ‌ပြောဖို့၊ ခန့်မှန်းဖို့က‌တော့ အလွန်ခက်ခဲတယ်။

‌မေး။ ။‌နောက်ထပ်ဘာ‌တွေများ ဖြည့်စွက်‌ပြောကြားချင်ပါသလဲ။
‌ပြောချင်တာ‌တော့ ဒီတက်လာမယ့် အစိုးရသစ်က တိုင်းရင်းသားအ‌ရေးကိစ္စ‌တွေကို ဘယ်လိုလုပ်‌ပေးမလဲ။ ဘယ် ‌လောက်အတိုင်းအတာအထိ လုပ်‌ပေးနိုင်ကြမလဲဆိုတာကို တိုင်းရင်းသားအားလုံးက ‌စောင့်ကြည့်ဖို့‌တော့ လိုပါတယ်။ ဒီ‌လောက် ပဲ ‌ပြောကြားချင်ပါတယ်။